နှလုံးရောဂါအခံနဲ့ အားနည်းနေတာကြောင့် နေ့ရောညပါ စားကောင်းသောက်ဖွယ်တွေ ချက်ပြုတ်ကျွေးမွေးကြတဲ့ သမီးလေးနဲ့ မေမေအကြောင်းပြောလာတဲ့ မေကဗျ

Posted on

မင်းသမီးချောလေး မေကဗျာကတော့ မြန်မာဆန်ဆန် ညိုစိမ့်စိမ့် အသားအရည်နဲ့ တမူထူးခြားပြီး လှပသူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ မေကဗျာက ကလေးမိခင်တစ်ယောက်ဖြစ်ပြီး အသက် လေးဆယ်နီးပါးအရွယ်ရောက်နေပြီဆိုပေမယ့် လူငယ်လေးတစ်ယောက်လို နုနယ်ပြီး လှပနေသေးတာကြောင့် ပရိသတ်တွေက ပိုလို့တောင် ချစ်ကြရတာပဲ ဖြစ်ပါတယ်။ အစစအရာရာ ပြည့်စုံပေမယ့် ကျန်းမာရေးမကောင်းတဲ့ မေကဗျာက လက်ရှိမှာတော့ သူမရဲ့ ကျန်းမာရေးအခြေအနေကြောင့် အလုပ်တွေကို နားနားပြီး လုပ်ကိုင်နေရကြောင်း အခုလိုပဲ ပြောလာပါတယ်။

“ကျွန်မမေမေ ကျွန်မသမီးလေးရဲ့ဂရုစိုက်မှု.. ကျွန်မ အရမ်းအားနည်းနေတာသိလို့ သမီးလေးကိုယ်တိုင်လုပ်ကျွေးသောမနက်စာ နေလည်စာကမေမေချက်.. ကျေးဇူးပါ သဲလေးကုသိုလ်ရအောင်ဘုရားကပ်ပြီးမှစားမယ်နော်။ ကဗျာက နှလုံးရောဂါရှိတော့စကားတွေနေ့တိုင်းပြောရတော့ လူကမခံနိုင်တော့လို့ အိမ်ကတအားစိတ်ပူတာ။ ခု လက်ခံထားတဲ့အလုပ်ရက်တွေပြန်ဖျက်ခွင့်ပေးလို့ကျေးဇူးပါ။ နားရက်ရှိမှရမှာမို့ပါ။ ငွေကတော့လိုချင်တာပေါ့။ ဒါပေမဲ့ ကျန်းမာရေးကနံပါတ် ၁ ပါ။ အလုပ်တွေကဆက် နားရက်လုံးဝမရှိ စကားပြောရင်အားပါ အသံကမြှင့်တာမွေးရာပါဆို ထိပြီပေါ့။ ခုတော့ အလုပ်တွေကို ခြားပီး ရက်တွေနားခွင့်ပေးလို့ကျေးဇူးပါ။ လုပ်ငန်းရှင် များအားလုံးကိုတောင်းပန်ပါတယ်နော် ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေလာပါတယ်။

မေကဗျာကတော့ ကျန်းမာရေးအခြေအနေအရ လွန်ခဲ့တဲ့လပိုင်းက ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး အခုလည်း အချိန်ပေးပြီး အိမ်မှာပဲ အနားယူနေတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း မေကဗျာတစ်ယောက် အမြန်ဆုံး နေကောင်းသက်သာလာဖို့ ဆုတောင်းပေကြပါဦးနော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: May Kabyar’s fb

zawgyi




Source: May Kabyar’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.