နှစ် ရ၀ ကြာ ပေါင်းဖက်ခဲ့ပြီး တစ်နေ့တရက်တည်းမှာ ကွယ်လွန်ကြတဲ့ ဘိုးဘွားစုံတွဲ

Posted on

ဂျော်ဂျီယာပြည်နယ်က အဘိုးအဘွားစုံတွဲဟာ နှစ်ပေါင်း ရ၁ နှစ်ကြာ ပေါင်းဖက်ခဲ့ပြီး တစ်ရက်တည်းမှာ တစ်ဦးနဲ့ တစ်ဦး ၁၂ နာရီသာ ကွာခြားပြီး ကွယ်လွန်ခဲ့ကြပါတယ်။

ခင်ပွန်းဖြစ်သူ အသက် ၉၄ နှစ်ရှိ ဟားဘတ်ဟာ သောကြာနေ့ နံနက် ၂ နာရီ မိနစ် ၂၀ မှာ ကွယ်လွန်ပြီး အသက် ၈၈ နှစ်ရှိ ဇနီးသည် မာရီလင်ကတော့ အဲဒီနေ့ နေ့လည် ၂ နာရီ မိနစ် ၂၀ မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

ဟားဘတ်တို့ အဘိုးအဘွားစုံတွဲဟာ ဟားဘတ် အသက် ၂၂ နှစ်အရွယ်နဲ့ မာရီလင် အသက် ၁၆ အရွယ်မှာ တွေ့ဆုံပေါင်းဖက်ခဲ့ကြတာ ဖြစ်ပါတယ်။

“အဲဒီ အချိန်က မာရီလင်ဟာ ကော်ဖီဆိုင်မှာ အလုပ်လုပ်တာပါ။ သူ ထွက်သွားထွက်လာတာကို ကျွန်တော် ကြည့်ရှုနေခဲ့တာ ဖြစ်တယ်။”လို့ ဟားဘတ်က ၂၀၁၈ က အင်တာဗျူးတစ်ရပ်မှာ ပြောပါတယ်။

သူတို့ နှစ်ဦး ပထမဆုံး ချိန်းတွေ့ရက်မှာ ရုပ်ရှင်အတူ ကြည့်ခဲ့ကြတာဖြစ်ပြီး တစ်နှစ်အကြာမှာ လက်ထပ်ပေါင်းသင်းခဲ့ကြတာပါ။
ဟားဘတ်တို့ စုံတွဲမှာ ကလေး ခြောက်ဦး၊ မြေး ၁၆ ဦးနဲ့ မြစ် ၂၅ ဦးရယ် တီ သုံးဦးလည်း ထွန်းကားခဲ့တာ ဖြစ်ပါတယ်။
အဘိုးအဘွားစုံတွဲကို တနင်္လာနေ့မှာ နာရေးချခဲ့တာ ဖြစ်ပါတယ်။

Rf; CBS
Writer_မောင်သံဆင့် ( Daily Hot News )

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.