နှစ်ဦး ပိုင်ဆိုင်မှု ($86.5) သန်းကို ခွဲဝေယူကြမယ့် ဆောင်ဂျွန်ကီ နဲ့ ဆောင်းဟေကို

ဘယ်တော့ မှ လက်တွဲ မဖြုတ်ဖူးလို့ ပရိသတ်တွေ ထင်ခဲ့ကြတဲ့ Song-Song စုံတွဲ ကတော့ ရုတ်တရက်ကြီး ကွာရှင်းတော့မယ့် အကြောင်းကို ကြေညာခဲ့ ကြပါတယ်။

သူတို့ကွာရှင်းမှုရဲ့ နောက်ဆက်တွဲ ဂယက်တွေ လည်း အများကြီး ထခဲ့ပါတယ်။

ဆောင်ဂျွန်ကီဘက်ကနေ ကွာရှင်းခွင့် အရင်တောင်းခံ ခဲ့တာပါ။ ကွာရှင်းခွင့် တောင်းခံ တဲ့ ကိစ္စ ကို ဆောင်းဟေကို ကို ကြိုတင်အသိပေးခြင်းမရှိပဲ တင်ခဲ့တာလို့ Soompi မှာ ဖော်ပြထားပါတယ်။

ကွာရှင်း တဲ့ ကိစ္စ ကို အဆင်ပြေပြေ ချောချော မွေ့မွေ့ နဲ့ ပြီးသွားဖို့ မျှော်လင့်တယ်လို့ ဆောင်ဂျွန်ကီဘက် က ပြော ခဲ့ပါတယ်။

အခု ဆိုရင် တော့ သူတို့ရဲ့ နှစ်ဦးပိုင်ဆိုင်မှုတွေကိုပါ အညီအမျှ ခွဲ ဝေဖို့ကိစ္စတွေကို ဆက်လုပ် သွား မှာပါ။

 

 

နှစ်ဦး သား ပိုင် ဆိုင်မှု စည်းစိမ်ကတော့ အမေရိကန်ဒေါ်လာ ( $86.5) သန်းနဲ့ ကိုရီးယားဝမ်ငွေ တစ်ရာဘီလီယံ ကျော်ကို ခွဲ ဝေ ယူ ကြမှာပါ။

နှစ်ဦးကြား မှာ ကလေးမရှိတဲ့ အတွက် ကလေးအုပ်ထိန်းခွင့် ကိစ္စ ကိုတော့ ထည့်သွင်းဆွေးနွေးဖို့ မလိုပေမယ့်

ပိုင် ဆိုင်မှု ကိုတော့ အညီအမျှ ခွဲ ဝေသွားဖို့ လိုပါတယ်။ Channel A ရဲ့ ဖော်ပြချက်အရ သူတို့နှစ်ဦးဟာ ကွာရှင်း ခွင့် အတွက်

ပြေလည်မှုရအောင် စေ့စပ်ဆောင်ရွက်ပေးတဲ့ divorce mediation ကိုတော့ လျှောက်ထား ပြီး ကွာရှင်း သဘောတူညီချက် ဆိုပြီး လျှောက်တာ မဟုတ်တာကြောင့် သူတို့ ကြားသဘောထားကွဲလွဲ မှုတွေတော့ ရှိနေတဲ့ ပုံပါ။

 

Maeil Business သတင်းစာမှာတော့ ဆောင်ဂျွန်ကီနဲ့ ဆောင်းဟေကိုရဲ့ တစ်ဦးချင်းပိုင်ဆိုင်မှုတွေကိုတော့ သေချာ သိအောင် လုပ်ဆောင်နေတုန်းလို့ ဖော်ပြထားပါတယ်။

 

 

ဆောင်ဂျွန်ကီရဲ့ ဘက်မှာတော့သူ့ရဲ့ ပိုင်ဆိုင်မှုဟာ ဆောင်းဟေကိုနဲ့ လက်မထပ်ခင်တည်းက အများကြီးရှိကြောင်း

၊ သူ့ရဲ့ ရိုက်ကူးရေးနဲ့ ကြော်ငြာတွေ နဲ့တင်ပဲ ပိုင်ဆိုင်မှု ၀မ် ဘီလီယံ (၄၀) ($34,589,200) နီးပါး ရှိပါတယ်။

သူဟာ Seorae Village မှာ ဇိမ်ခံ အိမ်တစ်လုံး လည်း ၀ယ်ထားပြီး ၀မ် (၂.၅)ဘီလီယံ အမေရိကန်ဒေါ်လာနဲ့ ဆိုရင် (၂.၂) သန်း တန်ဖိုးရှိပါတယ်။ဒါ့အပြင် Itaewon မှာဆိုရင် ၀မ် (၁၀) ဘီလီယံ ($8.6သန်း) တန်ဖိုးရှိတဲ့ အိမ်ကြီး လည် ၀ယ်ထားပါတယ်။

Itaewon မှာလည်း မင်္ဂလာဦးအိမ်လို့ သိထားကြတဲ့ အိတစ်လုံးလည်း ရှိပါတယ်။

ဒါပေမယ့် အဲ့ဒီ အိမ် မှာ နှစ်ယောက်သား တစ်ခါမှတောင် မနေခဲ့ကြပါဘူး။

ဆောင်းဟေကို ရဲ့ ပိုင်ဆိုင်မှုကတော့ ဆောင်ဂျွန်ကီ ထက်ပိုများပါတယ်။ ဆိုးလ်မြို့ Samseong ရပ်ကွက်မှာတင်ပဲ မြေ အိမ်ရာ အဆောက်အအုံ သုံးလုံးရှိပါတယ်။

 

 

(၂၀၀၄)တုန်းက ၀မ် ငါးဘီလီယံ($4.3 သန်းနီးပါး) ရှိတဲ့ အိမ် ၀ယ်ထားပြီး လက်ရှိပေါက်စေးနဲ့ ဆိုရင် ၀မ် (၁၀)ဘီလီယံလောက်ရှိပါတယ်။ဒါ့အပြင် ၀မ်(၃)ဘီယံတန်တဲ့ အပန်းဖြေ Villa လည်း ရှိပါတယ်။

(၂၀၁၇)တုန်းက ဆိုရင်လည်း Dong-A Pharmaceutical ရဲ့ ဥက္ကဌ ဟောင်းရဲ့ အိမ်ကို ၀မ် (၉.၂)ဘီ လီယံ နဲ့ ၀ယ်ထားပါသေးတယ်။

Samseong မှာရှိတဲ့ သူမပိုင်တဲ့ အိမ်သုံးလုံးရဲ့ တန်ဖိုးစုစုပေါင်းကတော့ ၀မ် (၂၀.၆) ဘီလီယံ၊ဒေါ်လာနဲ့ ဆိုရင် (၁၇.၈)သန်း ရှိပါတယ်။

ဒါတင်မကပါဘူး။ နယူးယော့ခ် မှာ “Fetish” (၂၀၀၈) ရိုက်ကူးရေး လုပ်တုန်းက အမေရိကန်ဒေါ်လာ (၁.၇)သန်းရှိတဲ့ ကွန်ဒို ၀ယ်ခဲ့ပါသေးတယ်။ ဆောင်းဟေကိုက သူမ မိခင် အတွက် ကြိုတင်ပြင်ဆင်ထားခဲ့တာလို့ သတင်းတွေ ထွက်ခဲ့ပါတယ်။

အေဂျင်စီတွေ ဘက်ကတော့ ကွာရှင်းမှုနဲ့ ပတ်သက်ပြီး ကွာရှင်း ခွင့် အတွက် ပြေလည်မှုရအောင် စေ့စပ်ဆောင်ရွက်ေ ပးတဲ့ divorce mediation ခံယူပြီးရင်တော့ ရုံးတော်မှာ တရားရင်ဆိုင်ကြပြီး ကွာရှင်းကြမှာပါ။

 

အိမ်ထောင်သက်က အရမ်းနည်းတာမို့ နှစ်ဦးသားအတူပိုင်ဆိုင်မှုကတော့ အများကြီးရှိမှာ မဟုတ်ပါဘူး။ အရင်တည်းက တစ်ဦး ချင်းပိုင် ဆိုင်မှုတွေက လည်း ကိုယ်စီ အများကြီးရှိထားပြီးသား သူတွေပါ။

ဒါကြောင့်လည်း နှစ်ဦးပိုင် ပိုင်ဆိုင်မှုတွေ ခွဲ ဝေ တဲ့ နေရာမှာ အရှုပ်အရှင်းတော့ မရှိပဲ အေးအေးဆေးဆေးပဲ ပြီးသွားလိမ့်မယ်လို့ Maeil Business သတင်းစာ မျာ ဖော်ပြ ခဲ့ပါတယ်။

ကွာရှင်းမှုအပေါ် စေ့စပ်ညှိနှိုင်းမှုတွေကိုတော့ ဇူလိုင်လ နှောင်းပိုင်းလောက် မှာ စ တင် သွား မယ်လို့ မျှော်လင့်ရပါတယ်။

Source : Cele Now

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.