နှစ်လအတွင်း ဆေးလိပ်ဖြတ်ခဲ့တဲ့ နည်းလမ်းကိုပြောပြသွားတဲ့ အလင်းရောင်

Posted on

အသားဖြူဖြူနုနုနယ်နယ်မော်ဒယ်သရုပ်ဆောင်လေးဟာ စပြီးအနုပညာလောကထဲဝင်လာခါစကတည်းက ကောင်မလေးတွေပါးစပ်ဖျားမှာ ရေပန်းစားပြီး ပရိသတ်တွေရဲ့အားပေးမှုတွေတခဲနက်ရရှိပိုင်ဆိုင်ထားရုံသာမက အခုနောက်ပိုင်းမှာရုပ်ရှင်ကားတွေခပ်စိတ်စိတ်ရိုက်ကူးလာရတဲ့ အလင်းရောင်ကိုအကယ်ဒမီရစေချင်တဲ့ပရိသတ်တွေလည်း တော်တော်များများရှိနေပါတယ်။အခု သူနဲ့8Daysဂျာနယ်နဲ့ အင်တာဗျူးမှာ ပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ ပရိသတ်ကြီးသိရအောင် ပြောပြပေးလိုက်ပါတယ် ။

လတ်တလောလှုပ်ရှားမှုတွေနဲ့ ဆေးလိပ်ဖြတ်လိုက်တဲ့အကြောင်းကို အလင်းရောင်က “လတ်တလောအနေနဲ့ကတော့ ဦးဆာမိနဲ့ ကားရိုက်ပြီး ငါတို့သည်ဆိုတဲ့ ဇာတ်ကားရိုက်ပြီး ခဏနားနေပါတယ်။ ပြီးရင်တော့ အမေ့ကြောင့်ဆိုတဲ့ ကားကို ဆယ်လပိုင်းမှာ ဆက်ရိုက်ပါ့မယ် ။ ကျနော်တို့ အမေ့ကြောင့်ပြီးတဲ့အချိန် မှာဆက်တိုက်နားပြီးတော့ ကိုဝိုင်းနဲ့ မိတင်စိန်ကားမှာ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်မယ် ။

ဆေးလိပ်ဖြတ်လိုက်တာက ကျနော်က တစ်နေ့ကို တစ်ဘူးကျော်ကျော်လောက်ကုန်တယ် ကုန်တော့ တဖြည်းဖြည်းနဲ့မောလည်းမောလာတယ် ပြီးတော့အသားရေတွေလည်း အရမ်းခြောက်လာတယ် ။ အဲ့ဒီတော့ ငါဆေးလိပ်ရအောင်ဖြတ်မယ်ဆိုတဲ့စိတ်နဲ့ စဖြတ်တာ ပထမကတော့ Vapeနဲ့ ဖြတ်တာ နှစ်ရက်သုံးရက်လောက်နေတော့ကျ မရဘူး Vape မသောက်ချင်ဘူး ဆေးလိပ်သောက်ချင်လာတယ် ။ ဒါပေမယ့် ငါဖြတ်ထားတာ သုံးရက်ရှိပြီ လေးရက်ရှိပြီ ငါးရက် ရှိပြီဆိုတဲ့ စိတ်နဲ့ နေနေတာ အခု နှစ်လပြည့် ပြီ။

ကျနော်အရမ်းသောက်တယ် အရမ်းသောက်တယ်ဆိုတာက ပျင်းတာလည်းပါတာပေါ့ ပျင်းလို့သောက်ရင်းသောက်ရင်းနဲ့ စွဲတာ အဓိက ကျနော်ထက်တစ်ခုကောင်းတာက ကျနော်အိပ်နေတဲ့အချိန် ကျနော့်အခန်းထဲမှာ ဆေးလိပ်နဲ့ရရင် ကျနော်က မရဘူး ။ အိပ်နေတဲ့အချိန်အနားယူလိုက်တဲ့အချိန်တော့ လေကောင်းလေသန့်နဲ့ Fresh ဖြစ်မှနေတာဆိုတော့ ကျနော်က အိမ်မှာလုံးဝမသောက်ဖြစ်ဘူး ။ အဲ့ဒီတော့ ရှုတင်မှာစွဲတယ် ရှုတင်မှာဆေးလိပ်မသောက်အောင် ပျင်းတဲ့အချိန်မှာ ဘာလုပ်မလဲဆိုတဲ့ တခြားဟာတွေ ပြန်ဖန်တီးတာပေါ့ ဥပမာ Gameဆော့မလား အဲ့ဒါမျိုးနဲ့ ပြန်ဖြတ်တာ ။”ဆိုပြီးပြောပြသွားခဲ့ပါတယ် ။

Can’t wait to say

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.