‘နိုင်ငံကြီးသား’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ပတ်သက်ပြီး မင်းသွေးရဲ့ခံစားချက်ကို ပြောပြတဲ့ နေတိုး

Posted on

‘နိုင်ငံကြီးသား’ရုပ်ရှင် သည် မင်းသွေးပါဝင်သရုပ် ဆောင်ထားသည့် နောက်ဆုံး ဇာတ်ကားဖြစ်ပြီး မင်းသွေးကိုယ် တိုင် ယင်းဇာတ်ကားရည်ရွယ် ချက်ကို ကြိုက်သောကြောင့် ပါဝင်ခဲ့ကြောင်း နေတိုးက ပြော သည်။

‘‘သူကိုယ်တိုင် ဒီဇာတ်လမ်း ကိုဖတ်ပြီးတော့ လာကမ်းလှမ်းတဲ့ အချိန်မှာ သူရိုက်ချင်တယ်တဲ့။ သူပါဝင်တဲ့နေရာတင်  မဟုတ် ဘူး။ ဇာတ်ကားရဲ့ရည်ရွယ်ချက် ကို ကြိုက်တယ်။ ဘယ်နေရာကပဲ ပါဝင်ရ၊ ပါဝင်ရ ဒီလိုကားမျိုးမှာ ပါဝင်ချင်တယ်ဆိုတဲ့ အနုပညာ စိတ်နဲ့ လုပ်ခဲ့တယ်လို့မြင်ပါတယ်’’ ဟု ယင်းဇာတ်ကားတွင် မင်းသွေး ပါဝင် သရုပ်ဆောင်သည့်အ ကြောင်း နေတိုးက ပြောသည်။

ယင်းဇာတ်ကားတွင် မင်း သွေးက ၀န်ကြီးတစ်ဦး၏သားအ ဖြစ် သရုပ်ဆောင်ထားပြီး ဗီလိန် ဆန်ဆန်ကာရိုက်တာဖြင့် တွေ့ မြင်ရမည်ဖြစ်သည်။

‘နိုင်ငံကြီးသား’ရုပ်ရှင်တွင် နေတိုး၊ မင်းမော်ကွန်း၊ ထွန်း ထွန်း၊ မင်းသွေး၊ နေရဲ၊ ရွှေသမီး၊ အောန်ဆိုင်းတို့  အဓိကပါဝင် သရုပ်ဆောင်ထားပြီး ဩဂုတ် ၈ ရက်(ယနေ့)တွင် ရုံတင်ပြသ မည်ဖြစ်သည်။

ယင်းဇာတ်ကားတွင် ရဲဝန် ထမ်းအဖြစ် ပါဝင်သရုပ်ဆောင် ထားသည့်နေတိုးက ‘‘နိုင်ငံတစ် နိုင်ငံ တိုးတက်ပြောင်းလဲဖို့အ တွက် လိုအပ်ချက်အများကြီး။ ဒီအထဲမှာ ထည့်သွင်းရိုက်ကူးထား ပါတယ်။ ဒီကားကို ကြည့်ရှုတဲ့အ ချိန်မှာ ရင်ထဲကို တကယ်ကိုစူးစူး နင့်နင့်ခံစားမှုရသရစေရမယ်လို့ အာမခံပါတယ်’’ ဟု နေတိုးက ပြောသည်။

ယင်းဇာတ်ကားသည် ရည် ရွယ်ချက်ကောင်းမွန်သကဲ့သို့ စကားလုံး အားကောင်းသော ကြောင့် ဇာတ်ညွှန်းထဲတွင်ပါ သည့် စကားများကို၏၊သည်မလွဲ ပြောနိုင်ရန် သေချာလေ့ကျင့်ခဲ့ရ သည်ဟု နေတိုးက ပြောသည်။

‘‘ဇာတ်သိမ်းက တော်တော် လေး Twist လုပ်ထားတော့ ရင် ခုန်စိတ်လှုပ်ရှားစရာကောင်းပါ တယ်။ ပြင်ပလောကရဲ့ထင်ဟပ် မှုက ဇာတ်ကားကြည့်ချိန်မှာ ဘယ်လောက်ဖြစ်နိုင်တယ်ဆိုတာ ကတော့ ပရိသတ်ရဲ့ ဆုံးဖြတ် ချက်အပေါ်မှာပဲ မူတည်ပါတယ်’’ ဟု နေတိုးက ယင်းဇာတ်ကားနှင့် ပတ်သက်၍ ပြောသည်။

Source; 7 day daily
လေးစားမှုဖြင့် ခရက်ဒစ်

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.