နုပညာကြေးအမြင့်ဆုံးသော ထိုင်းသရုပ်ဆောင်မင်းသမီး (၅) လက်
Posted on
5. Bella Ranee
4. Mai Davika
3. Yaya Urassaya
2. Chompoo Araya
1. Aum Patchrapa
Ref : Thai Update
Unicode
လက်ရှိအောင်မြင်ကြိုက်များလျှက်ရှိတဲ့ ထိုင်းနိုင်ငံရဲ့သရုပ်ဆောင်မင်းသမီးတွေများစွာထဲမှာဆိုရင် အခုတင်ဆက်ဖော်ပြပေးမယ့် မင်းသမီး (၅) လက်ကတော့ အနုပညာကြေးအမြင့်ဆုံးသော မင်းသမီးတွေဖြစ်တယ်လို့ သိရပါတယ်။ သူတို့တွေကတော့…..
5. Bella Ranee
“Buppesunnivas“ ဇာတ်လမ်းတွဲမှာပါဝင်ခဲ့ပြီးနောက် အောင်မြင်မှုတွေဆက်လက်မြင့်တက်လာခဲ့တဲ့ မင်းသမီး Bella Ranee ဟာဆိုရင် ကြော်ငြာတစ်ခုကို ဘတ် ၈ သန်း ဒါမှမဟုတ် ဒီထက်များပြားတဲ့ပမာဏကိုရရှိပြီး ပွဲအခမ်းအနားတစ်ခုတက်ရောက်ပေးရမယ်ဆိုရင်တော့ ဘတ် ၁ သိန်းခွဲရရှိတယ်လို့ သိရပါတယ်။
4. Mai Davika
မြန်မာပရိသတ်တွေရဲ့အချစ်တော်ထိုင်းမင်းသမီးတွေထဲက တစ်လက်အပါအဝင်ဖြစ်တဲ့ Mai Davika ရဲ့ ပွဲအခမ်းအနားတက်ရောက်ကြေးပမာဏဟာ ဘတ် ၂ သိန်းဖြစ်ပြီး ကြော်ငြာတစ်ခုအတွက်ဆိုရင်တော့ ဘတ် ၈ သန်းနဲ့အထက်ရရှိတယ်လို့ ဆိုပါတယ်။
3. Yaya Urassaya
ထိုင်းနိုင်ငံအတွင်းသာမက အာရှနိုင်ငံအတော်များများနဲ့ အမေရိကားမှာပါ လူသိများအောင်မြင်တဲ့ မင်းသမီးလေး Yaya Urassaya ရဲ့ပွဲတက်ကြေးပမာဏဟာဆိုရင် ဘတ် ၃ သိန်းရရှိပြီး ကြော်ငြာတစ်ခုအတွက်ကတာ့ ဘတ် ၉ သန်းနဲ့အထက်ဖြစ်ပါတယ်။
2. Chompoo Araya
နာမည်ကျော်ဝါရင့်မင်းသမီးကြီးတစ်လက်ဖြစ်တဲ့ Chompoo Araya ရဲ့ ပွဲတက်ကြေးပမာဏဟာဆိုရင်လည်း ဘတ် ၃ သိန်းဖြစ်ကာ ကြော်ငြာရိုက်ကူးရေးအတွက်ရရှိတဲ့ အနုပညာကြေးကတော့ ဘတ် ၁၀ သန်းဖြစ်တယ်လို့ ဆိုပါတယ်။
1. Aum Patchrapa
ထိုင်းဖျော်ဖြေရေးလောကရဲ့ နံပါတ်တစ်ထိပ်တန်းမင်းသမီးရယ်လို့ အသတ်မှတ်ခံထားသူ မင်းသမီးကြီး Aum Patchrapa ရဲ့ ပွဲတက်အနုပညာကြေးပမာဏဟာဆိုရင် ဘတ် ၃ သိန်းနဲ့ ၄ သိန်းကြားရှိပြီး ကြော်ငြာတစ်ခုအတွက်ဆိုရင်တော့ ဘတ် ၁၂ သန်းကနေ ၁၃ အထိရရှိတယ်လို့ သိရပါတယ်။
Ref : Thai Update
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.