နိုင်ငံကြီးသားရုပ်ရှင်ကို အပြည့်အဝဝန်းရံလိုက်တဲ့ အမတ်ဟောင်းဒေါက်တာဒေါ်ညိုညိုသင်း

Posted on

ရုပ်ရှင်ချစ်သူတွေ ဒီရက်ပိုင်း တမ်းတမ်းတတ အားပေးလာကြတဲ့ အထဲမှာ ဒါရိုက်တာ စတီး ရိုက်ကူးထားတဲ့ နိုင်ငံကြီးသား ရုပ်ရှင်ကားကြီးလည်း ပါဝင်လာခဲ့တာပါ ။ နိုင်ငံကြီးသား ဇာတ်ကားဟာ မြန်မာ့နိုင်ငံရေး လောကမှာ ထင်ရှားတဲ့ ဘဘဦးဝင်းတင်ရဲ့ အဆိုအမိန့်တစ်ခုကိုလည်း ထည့်သွင်းခဲ့တာကြောင့် ပရိသတ်တွေက ပိုမို စိတ်ဝင်စားခဲ့ကြတာပါ ။

နိုင်ငံကြီးသားရုပ်ရှင် ကို ဝန်းရံလိုက်သူတွေထဲမှာ နိုင်ငံရေး လောကမှာ ထင်ရှားတဲ့ အမတ်ဟောင်း ဒေါက်တာဒေါ်ညိုညိုသင်းလည်း ပါဝင်လာခဲ့ပါတယ် ။ဒေါက်တာညိုညိုသင်း က ရုပ်ရှင် နဲ့ ပတ်သက်ပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ အခုလို ရေးသားထားတာပါ ။

“နိုင်​ငံကြီးသား ဆိုတဲ့မြန်​မာရုပ်​ရှင်​ဇာတ်​ကားရဲ့ Red Carpet Show ကို​ last sunday က​ရောက်​ခဲ့ပါတယ်​….ကြည့်​မိသမျှမြန်​မာကား​တွေထဲမှာဒီကားက​ပေးတဲ့ message ​တွေက​ လူငယ်​ထုအတွက်​တန်​ဖိုးရှိလှပါတယ်။ပြည်​သူ့ဘက်​​တော်​သားဦးဝင်းတင်​ရဲ့တန်​ဖိုးရှိစကားတခွန်းဖြစ်​တဲ့….”လူဆိုတာအမှန်​တရားဘက်​ကရပ်​ရုံ အမှန်​တရားကို​ထောက်​ခံရုံနဲ့မပြီးဖူး၊အမှားကိုလည်း​ဖော်​ထုတ်​ရမယ်​၊အမှားလုပ်​​နေတဲ့သူ​တွေကိုလည်းဆွဲထုတ်​ပြရမယ်​” ဆိုတာကို တာဝန်​သိစံပြရဲများအ​နေနဲ့ မင်းသား​ချော​တွေက လူထုကို​ကောင်း​ကောင်း​နားလည်​​စေခဲ့ပါတယ်။” လို့ ရေးသားထားပါတယ်.

ဆက်လက်ပြီး “ဇာတ်​ကားရဲ့​ကျောရိုးက
အဘတို့​ခေတ်​မှာ အာဏာရှင်​နဲ့သားတစုရဲ့ရမ်းကားမှုကို စံပြရဲအရာရှိ​တွေက​ ပြည်​သူအတွက်​တရားမျတမှုယူ​ပေးခဲ့တာဖြစ်​ပါတယ်​၊လက်​ရှိနိုင်​ငံ​ရေးကိုစိတ်​ကုန်​​နေသူများ ခဏတာ​တော့စိတ်​​ဖြေသိမ့်​နိုင်​မှာပါ။မနက်​ဖန်​ ရှစ်​​လေးလုံး​နေ့မှာ လှည်းတန်းဂမုန်းပွင့်​နဲ့ ပါရမီစိန်​​ဂေဟာတို့အပါအဝင်​မဂ်​လာရုံမှာပါရုံတင်​မှာဖြစ်​ပြီး နက်​ဖန်​ဝင်​​ငွေရဲ့ထက်​ဝက်​ကို ဦးဝင်းတင်​​ဖောင်​​ဒေးရှင်းကိုလှူဒါန်းမှာဖြစ်​လို့ မြို့​တော်​ခန်းမ​ရှေ့က ရှစ်​​လေးလုံးပွဲပြီးတာနဲ့ နိုင်​ငံကြီးသားကိုသွားကြည့်​​ပေးကြဖို့​ဆော်​သြလိုက်​ပါတယ်​။” လို့ရေးသားဖော်ပြထားတပါ ။ ကဲ ဒေါက်တာညိုညိုသင်းပြောသလို ခံစားမိရင် နိုင်ငံကြီးသားရုပ်ရှင် ကို ကြည့်ဖြစ်အောင် ကြည့်လိုက်ကြပါဦးလို့ ။

Source – Nyo Nyo Thinn

Noe Noe May Ju Ju

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.