ပရိသတ်ကြီးရေ နှုတ်ခမ်းနီမလေးတွေဝိုင်းဝိုင်းလည်နေရတဲ့ ရုပ်ရှင်သရုပ်ဆောင် ဒေါင်းဟာဆိုရင် အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ စတင်လျှောက်လှမ်းနေပြီဖြစ်ပါတယ်နော်။ဒေါင်းကတော့ ရုပ်ရှင်ဇာတ်ကားကြီးအများအပြားမှာလည်း ပါဝင်သရုပ်ဆောင်နေပြီး ကျရာဇာတ်ရုပ်ကိုပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်အိုင်တင်တွေကြောင့် ပရိသတ်တွေက လက်ခံအားပေးလာကြတာဖြစ်ပါတယ်။
လက်တလောမှာ ဒေါင်းက ဖြုံဘူးရွာလေးကိုလည်း ဇာတ်ကားကြီးရိုက်ကူးဖို့အတွက် ရောက်ရှိခဲ့ပြီး ရွာသူရွာသားတွေနဲ့ ရင်းနှီးဖော်ရွေစွာဆက်ဆံခဲ့ကာ သဘာဝကျကျနေထိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒေါင်းတစ်ယောက် အနုပညာအလုပ်တွေအပြင် ဂီတလိုင်းဘက်ကိုပါ ကူးပြောင်းလာနိုင်ချေရှိနေတယ် လို့လည်း သိရတာပါ ။
“နိုင်ငံခြား ဂီတစာမေးပွဲများကိုဖြေတော့မဲ့ ချစ်သားလေး ရုပ်ရှင်သရုပ်ဆောင် ဒေါင်း။ရုပ်ရှင်သရုပ်ဆောင်လုပ်တဲ့အလုပ်တစ်ခုတည်းမဟုတ်ဘဲ ရုပ်ရှင်နောက်ခံတေးများကို ဘယ်လိုcompose လုပ်မလဲ၊ဘယ်လိုဖန်တည်းမလဲ အစရှိတဲ့ဘာသာရပ်တွေကိုစံတစ်တကျလေ့လာချင်လို့ တီချယ်ဒေါ်ယဉ်ယဉ်ထွန်းရဲ့ ချစ်တပည့်ဆရာနဲ့အတူဆက်ပြီး လေ့လာသင်ယူနေပါတယ်။ “ဆိုပြီး ဂီတပညာရှင်Andrew Kong က လူမှုကွန်ရက် ကနေ ဖော်ပြလိုက်တာပါ ။ ဒေါင်း ရဲ့ စန္ဒယားလက်သံလေးတွေကို နားထောင်ပြီး မှတ်ချက်လေးတွေ ပေးခဲ့ကြပါဦး။
Source – Andrew Kaung
Noe Noe May Ju Ju