နိုင်ငံခြားသား နဲ့တွဲလို့ ဝေဖန်ကြတဲ့ သူတွေကို ပြန်လည်တုန့်ပြန်လိုက်တဲ့ အဆိုတော်မလေး အမွန်း

အမိုက်စား International သီချင်း ပုံစံမျိုးတွေနဲ့ Music Video အလန်းစားတွေ ကို ပရိသတ်တွေ အရောက်ပို့ပေးတတ် ပြီး ချစ်ရတဲ့ချစ်သူ နိုင်ငံခြားသား တစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ အဆိုတော် အမွန်းကိုတော့ အားလုံးကို မိတ်ဆက်ပေးစရာ လိုမယ်မထင်ပါဘူး။

သူကတော့ ဆယ်လီရပ်ကွက်နဲ့ အင်တာဗျူး တစ်ခုမှာ သူရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး ပြောပြသွားတဲ့အကြောင်းတွေရှိပါတယ်။

 

 

အမွန်း ကတော့ “ အချစ်ရေးက ငြိမ်နေတယ်ဆိုတာ ဒီအတိုင်းပဲလေ ။ ထူးထူးခြားခြား မရှိလို့ပေါ့ ။ ဒီနှစ် ဂျူလိုင်ဆိုရင် လေးနှစ်ပြည့်ပြီ ။ ဒီနှစ်ကတော လေးနှစ်ပြည့်ပြီဆိုတော့ အချိန်တွေကုန်တာ မြန်လှချည်လား ။ ပြန်စဉ်းစားလိုက်တော့လည်း လေးနှစ်ဆိုတဲ့ အချိန်က အမြန်တော့လည်း မဟုတ်ပါဘူး ။

 

 

ခိုင်ခိုင်မာမာ သံယောဇဉ်နဲ့ ချစ်ခြင်းမေတ္တာနဲ့ ပျော်ရွှင်မှုနဲ့ ဆက်သွားနေတယ်ဆိုတော့ အဲ့ဒီတော့ ပရိသတ် ဂယက်မထစေပါနဲ့ ။ ဘာလို့ငြိမ်နေတာလဲ ချည်းမေးကြတယ် ပေါ့နော်။

ဂယက်ထစေချင်လို့လား ။ အမွန်းတို့ အားလုံးအ ဆင်ပြေပြေသာသာယာယာ ပါပဲရှုင် ပုံမှန်အတိုင်းပါပဲ ။ အဆင်ပြေပျော်ရွှင်နေပါတယ်” ဆိုပြီးပြောပြသွားခဲ့ပါတယ်။

 

 

နိုင်ငံခြားသား နဲ့တွဲလို့ ဝေဖန်ခံရရင် ဘယ်လိုခံစားရလဲဆိုတဲ့ မေးခွန်းကို “ အချစ်ရေးအချစ်ရာကကြတော့ ဘယ်လိုပြောရမလဲဆိုတော့ လူတစ်ယောက်ခြင်းဆီနဲ့ပဲ ဆိုင်ပါတယ်။

တစ်ယောက်ခြင်းဆီက ဘယ်လိုမြင်လဲဆိုတာနဲ့ပဲ ဆိုင်တယ်။ အမွန်းကကျတော့ ကိုယ်ကချစ်သူ စထားခဲ့တာဘယ်လို ပြောမလဲ ငယ်ငယ်ကလေးကတည်းက စထားခဲ့ရင် ဘယ်လိုမျိုးလဲဆိုရင် လူမျိုးဆိုရင်လည်း တူချင်မှတူမှာလေ ။

 

 

အတွေးခေါ်တွေ အမြင်တွေလည်းတူချင်မှ တူမှာပဲလေ ။ ကိုယ်ကသိပ်ပြီးတော့မှ သူများရဲ့ Personal Life ကို လည်း အရမ်းကြီးသွားပြီးတော့ မပြောတတ်တဲ့သူ မို့လို့လားမသိဘူး ။

အမွန်းရဲ့ချစ်သူဆိုရင်လည်း သူ့မိဘ ကိုယ့်မိဘ သူ့မောင်နှမကိုယ့်မောင်နှမ အကုန်လုံးက အရမ်းကို နွေးနွေးထွေးထွေးရှိကြပါတယ်။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.