သြဂုတ်လရဲ့ သိန်း (၁၅၀၀၀) ဆုကြီးကို ဆွတ်ခူးသွားခဲ့တဲ့ သူငယ်ချင်းဆီသွားပြီး ကံကောင်းစေမယ့် ဓာတ်တွေယူခဲ့တယ်ဆိုတဲ့ ယုန်လေး

Posted on

သရုပ်ဆောင် အဆိုတော် ယုန်လေးကတော့ အပြောမကောင်းပေမယ့် စိတ်ရင်းကောင်းသူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေသာမက အနုပညာအသိုင်းအဝိုင်းတစ်ခုလုံးကပါ ချစ်ခင်ရသူတစ်ယောက် ဖြစ်ပါတယ်။ ယုန်လေးက သူတစ်ပါးကို ကူညီချင်စိတ်အပြည့်ရှိပြီး စာနာတတ်တဲ့ စိတ်ထားကြောင့် နာမည်ကောင်းနဲ့ ကျော်ကြားသူတစ်ယောက် ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ယုန်လေးက သြဂုတ်လရဲ့ သိန်း (၁၅၀၀၀) ဆုကြီးကို ဆွတ်ခူးသွားခဲ့တဲ့ သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးအတွက် ဝမ်းသာဂုဏ်ယူကြောင်းပြောလာတာကို တွေ့ရပါတယ်။

ယုန်လေးက “ဒီနေ့ ထီ သိန်း ၁သောင်းခွဲ ပေါက်ပါပြီ။ ကျွန်တော်မဟုတ်ဘူး ကျွန်တော့် သူငယ်ချင်း 🤣 ဘာပဲ ပြောပြော ရန်ကုန် ကလူတွေ ကံပွင့်လာပြီ။ ကိုယ်တွေများ ၅သောင်း ဆုကို ၂ နှစ် နေလောက်မှ တစ်ခါပေါက်တယ် 🤣 . သူနားနည်းနည်း သွားပြီး ကံကောင်းတဲ့ ဓာတ်တွေ လာယူတာ ဂုဏ်ယူပါတယ်။ ကံထူးရှင်ကြီး ကိုကျော်စွာ 💥💯💢” ဆိုပြီး သူ့ရဲ့ သူငယ်ချင်းအတွက် ဝမ်းသာဂုဏ်ယူကြောင်း ပြောလာပါတယ်။

ယုန်လေးကတော့ အမြင့်ဆုံးဆု သိန်း (၁၅၀၀၀) ကို ဆွတ်ခူးသွားတဲ့ သူငယ်ချင်းအတွက် ဝမ်းသာဂုဏ်ယူနေလျက်ရှိတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Yone Lay’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.