unicode
စီးပွားရေး….အလုပ်မှာ အသစ်အဆန်းတွေ သူများနဲ့ မတူတဲ့ ပုံစံတွေကို စဉ်းစားပြီး တစ်ခုချင်းအကောင်အထည်ဖော်ရင်တော့ ဒီလက အရမ်းအဆင်ပြေကြမှာပါ။ သာမှန်အတိုင်း ဆက်လုပ်နေသူတွေတော့ အလုပ်ပါးမှုကို ခံကြရလိမ့်မယ်။ လမ်းအသစ်ထွင်ရမယ့်လ ဖြစ်ပါတယ်။ အသစ်လုပ်တဲ့နေရာမှာ လွယ်ကူအောင် ယတြာခြေပေးပါ။ ယတြာ=ဘုန်းကြီးကျောင်းတွေမှာ ရှိတဲ့ အသက်ကြီးတဲ့ညောင်ပင် တစ်ပင်မှာ ဝါးလုံးနဲ့ ကိုင်းထောက်ရတဲ့ ညောင်ထောက်ယတြာကို ခြေပေးပါ။
ငွေကြေး…ကြာသပတေးသားသမီးတွေ ထီထိုးသင့်တဲ့ လ ပါဘဲ။ ထီပေါက်ဖို့က ရာနှုန်း ၈၀ လောက်သေချာတဲ့ လဖြစ်ပါတယ်။ ဒီအခွင့်အရေးကို လက်မလွှတ်သင့်ပါဘူး။ အကျိုးပေးဂဏာန်းတွေကတော့ ၉ ရယ် ၅ ရယ်ဖြစ်ပါတယ်။ မမျော်လင့်ဘဲ ဝင်ငွေတိုးတတ်ပါတယ်။ ငွေကြေးအဆင်ပြေမယ့်လပါဘဲ။ ထီပေါက်ဖို့ ပိုသေချာအောင် ယတြာလေးခြေပေးပါ။ ယတြာ= သရက်သီး တစ်ရက် တစ်လုံး ဘုရားလှူ ပြီး ထီပေါက်ဖို့ ဆုတောင်းပါ။
ကျန်းမာရေး…ဗိုက်အောင့်တာ ဗိုက်နာတာ မကြာခဏခံစားရမည်။ အစာအိမ်ရောဂါဖြစ်မည်။ အသက်ဘေးတော့ မဟုတ်ပေမယ့် နာကျင်တဲ့ ဝေဒနာ ခံစားရတတ်ပါသည်။ အစာမှား ဆေးမှားပြီး ဆေးရုံတက် ရတတ်ပါတယ်။ ယတြာ=အရပ်ထဲရှိတဲ့ ကိုယ်ဝန်သည်မိခင်လောင်းများကို အားဆေးဝယ်လှူ ပေးပါ။
အချစ်ရေး…အချစ်တွေ ထပ်ထပ်ပြီး ပွားများကြမယ့်လပါဘဲ။ ဒါပေမယ့် အချစ်တွေပွားပြီး အဆင့်တစ်ခုကို မကျော်မိအောင်တော့ သတိထားကြပါ။ ကြာသပတေး သားသမီးတွေ ဒီလမှာ အချစ်များပြီး ကိုယ်ဝန်ရှိတာတွေ ဖျက်ချတာတွေ ဖြစ်နိုင်လို့ပါ။ ယတြာမလိုပါဘူး။သတိထားရင်လုံလောက်ပါပြီ။
ပညာရေး…ကိုယ်ကြိုးစားခဲ့တဲ့ အသီးအပွင့်တွေကို အရသာရှိရှိ ခံစားကြရမှာပါ။ဒီလ ကြာသပတေးသားသမီးတွေ အနေနဲ့တော့ ကိုယ်ထင်ထားတာထက်ကို ဆယ်တန်း အောင်စာရင်းထွက်တဲ့နေ့မှာ ပိုပြီး ဂုဏ်ထူးပါတာတွေ ဖြစ်ကြလိမ့်မယ်။ယတြာ=သီလရှင်များကို ဆန်များများလှူ ပါ။
လူမှုရေး…ရိုက်ကျ ပုတ်ကျနဲ့ ပြသနာများပြီး အမှုဖြစ်တတ်ပါတယ်။ အချုပ်တွေ ထောင်တွေ အထိ ရှိနေပါတယ်။ ဒေါသထိန်းပြီး ခွင့်လွတ်နိုင်သမျှ ခွင့်လွတ်ကြပါ။ ပြသနာဖြစ်လို့ကတော့ ထောင်ပါဘဲ။ အဲဒီတော့မှ ဘယ်သူမှ မကယ်နိုင်ပါဘူး။ယတြာ=နောက်မှီပါတဲ့ ထိုင်ခုံလေးတစ်ခု ဘုန်းကြီးကျောင်းကို လှူ ပေးပါ။
အိမ်ထောင်ရေး ….အထီးကျန်တဲ့ ဒဏ်ကို ခံစားကြရလိမ့်မယ်။ မိမိအိမ်ထောင်ဘက်က ခရီးသွားတာတို့၊ မိဘအိမ်ခဏသွားနေတာတို့ကြောင့် အလွမ်းဝေဒနာကို ခံစားကြရလိမ့်မယ်။ ကွဲကွာတာတွေတော့ မရှိပါဘူး။ ယတြာမလိုပါဘူး။
Share this: