(၄၈)နွစ္ျပည့္သြားတဲ့ ခင္ပြန္းကိုခန့္နိုင္အတြက္ သမီးေလးစံထိပ္ထားဦးနဲ့ အတူတူေပါင္းျပီး အမွတ္တရေမြးေန့ပြဲေလးျပဳလုပ္ေပးခဲ့တဲ့ ခိုင္သင္းၾကည္

Posted on

နိုင်ငံကျော် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ခိုင်သင်းကြည်ကတော့ အနုပညာအလုပ်တွေမှာလည်း အောင်မြင်မှုရရှိခဲ့သလို သာယာအေးချမ်းတဲ့ မိသားစုလေးကိုလည်း ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ခိုင်သင်းကြည်ကတော့ အိမ်ထောင်ရေးမှာလည်း အနေအေးပြီး သူမအပေါ် ဖြစ်ချင်တာမှန်သမျှ ဖြည့်စည်းပေးတဲ့ ခင်ပွန်းကို ပိုင်ဆိုင်ထားသလို ချစ်စရာကောင်းပြီး ကျောင်းစာလည်းတော်တဲ့ သမီးချောလေးကိုလည်း မွေးဖွားထားတာကြောင့် ပရိသတ်အားကျခြင်းခံရတဲ့ အမျိုးသမီးတစ်ယောက်ပါပဲ။

မနေ့က ဒီဇင်ဘာလ (၃) ရက်နေ့ကတော့ ခိုင်သင်းကြည်ရဲ့ အချစ်ဆုံးခင်ပွန်း ကိုခန့်နိုင်ရဲ့ အသက် (၄၈) နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ခိုင်သင်းကြည်က ကိုခန့်နိုင်ရဲ့ မွေးနေ့မှာ သမီးလေး ထိပ်ထိပ်နဲ့အတူတူ ပေါင်းပြီး မိသားစုမွေးနေ့ပွဲလေးကျင်းပပေးခဲ့သလို ပရိသတ်တွေလည်း အမှတ်တရ ကြည့်ရှုနိုင်ဖို့အတွက် သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ Live လွှင့်ပေးလာခဲ့တာကို အခုလိုမျိုးပဲ တွေ့ရပါတယ်။

ခိုင်သင်းကြည်ကတော့ ခင်ပွန်းဖြစ်သူရဲ့ မွေးနေ့မှာ ဘာလက်ဆောင်မှမပေးဖြစ်ပေမယ့် ကိုခန့်နိုင်ကတော့ ခိုင်သင်းကြည်အတွက် သမီးလေးနဲ့ဆင်တူကိုင်ရအောင် iPhone 12 Pro Max တစ်လုံးလက်ဆောင်ပြန်ပေးခဲ့တယ်လို့ သိရပါတယ်။ ပရိသတ်ကြီးလည်း ခိုင်သင်းကြည်တို့ မိသားစုရဲ့ အမှတ်တရလေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: KHINE THIN KYI’s fb

zawgyi

ႏိုင္ငံေက်ာ္ သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ ခိုင္သင္းၾကည္ကေတာ့ အႏုပညာအလုပ္ေတြမွာလည္း ေအာင္ျမင္မႈရရွိခဲ့သလို သာယာေအးခ်မ္းတဲ့ မိသားစုေလးကိုလည္း ပိုင္ဆိုင္ထားတာပဲ ျဖစ္ပါတယ္။ ခိုင္သင္းၾကည္ကေတာ့ အိမ္ေထာင္ေရးမွာလည္း အေနေအးၿပီး သူမအေပၚ ျဖစ္ခ်င္တာမွန္သမွ် ျဖည့္စည္းေပးတဲ့ ခင္ပြန္းကို ပိုင္ဆိုင္ထားသလို ခ်စ္စရာေကာင္းၿပီး ေက်ာင္းစာလည္းေတာ္တဲ့ သမီးေခ်ာေလးကိုလည္း ေမြးဖြားထားတာေၾကာင့္ ပရိသတ္အားက်ျခင္းခံရတဲ့ အမ်ိဳးသမီးတစ္ေယာက္ပါပဲ။

မေန႔က ဒီဇင္ဘာလ (၃) ရက္ေန႔ကေတာ့ ခိုင္သင္းၾကည္ရဲ႕ အခ်စ္ဆုံးခင္ပြန္း ကိုခန႔္ႏိုင္ရဲ႕ အသက္ (၄၈) ႏွစ္ျပည့္ ေမြးေန႔ေလးပဲ ျဖစ္ပါတယ္။ ခိုင္သင္းၾကည္က ကိုခန႔္ႏိုင္ရဲ႕ ေမြးေန႔မွာ သမီးေလး ထိပ္ထိပ္နဲ႔အတူတူ ေပါင္းၿပီး မိသားစုေမြးေန႔ပြဲေလးက်င္းပေပးခဲ့သလို ပရိသတ္ေတြလည္း အမွတ္တရ ၾကည့္ရႈႏိုင္ဖို႔အတြက္ သူမရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာကေန Live လႊင့္ေပးလာခဲ့တာကို အခုလိုမ်ိဳးပဲ ေတြ႕ရပါတယ္။

ခိုင္သင္းၾကည္ကေတာ့ ခင္ပြန္းျဖစ္သူရဲ႕ ေမြးေန႔မွာ ဘာလက္ေဆာင္မွမေပးျဖစ္ေပမယ့္ ကိုခန႔္ႏိုင္ကေတာ့ ခိုင္သင္းၾကည္အတြက္ သမီးေလးနဲ႔ဆင္တူကိုင္ရေအာင္ iPhone 12 Pro Max တစ္လုံးလက္ေဆာင္ျပန္ေပးခဲ့တယ္လို႔ သိရပါတယ္။ ပရိသတ္ႀကီးလည္း ခိုင္သင္းၾကည္တို႔ မိသားစုရဲ႕ အမွတ္တရေလးကိုၾကည့္ၿပီး အေပ်ာ္ေတြကူးစက္သြားမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: KHINE THIN KYI’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.