(၃) နှစ်ပြည့်သွားတဲ့ သမီးလေးအတွက် မွေးကင်းစအရွယ်က ဓာတ်ပုံလေးတွေနဲ့အတူ မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့တဲ့ အနဂ္ဂနဲ့ သံသာဝင်
Posted on
ပြည်သူချစ် အနုပညာရှင် ဇနီးမောင်နှံနှစ်ယောက်ဖြစ်ကြတဲ့ အဆိုတော် အနဂ္ဂနဲ့ သံသာဝင်းတို့ကတော့ (၂၀၁၂) ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး အနုပညာအလုပ်တွေ လုပ်ကိုင်ရင်းနဲ့ နှစ်ကိုယ်တူ ပျော်ရွှင်စရာ ဘဝလေးကို တည်ဆောက်ထားကြသူများ ဖြစ်ပါတယ်။ အိမ်ထောင်သက် (၉) နှစ်နီးပါးမှာ ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကို မွေးဖွားထားတဲ့ အနဂ္ဂနဲ့ သံသာဝင်းတို့ ဇနီးမောင်နှံကတော့ အနုပညာအလုပ်တွေကိုလည်း လုပ်ကိုင်သလို သမီးလေးအတွက်လည်း တာဝန်ကျေတဲ့ မိဘကောင်းတွေအဖြစ် ရပ်တည်နေကြတာပဲ ဖြစ်ပါတယ်။
ဒီကနေ့ နိုဝင်ဘာလ (၂၇) ရက်နေ့ကတော့ အနဂ္ဂနဲ့ သံသာဝင်းတို့ရဲ့ သမီးလေး ကေသရီအနဂ္ဂရဲ့ (၃) နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ သမီးလေးရဲ့ မွေးနေ့မှာ မိဘနှစ်ပါးဖြစ်တဲ့ အနဂ္ဂနဲ့ သံသာဝင်းတို့က မွေးကင်းစအရွယ်က ဓာတ်ပုံလေးတွေနဲ့အတူ “လွန်ခဲ့တဲ့ ၃ နှစ်.. ဒီနေ့ 27.11.2020 ❤️❤️ Happy 3rd Birthday သမီးလေး 🎉🎉 အကောင်းဆုံးပျော်ရွှင်မှုတွေကို ငါတို့ဘဝထဲကို ယူဆောင်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်!! ဖေဖေနဲ့မေမေ အရမ်းချစ်တယ်!! May God bless & protect you ကေလလေး!! ❤️❤️” ဆိုပြီး အမှတ်တရ မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။
အနဂ္ဂနဲ့ သံသာဝင်းတို့ကတော့ နောက်ထပ်ရင်သွေးယူဖို့ အစီအစဉ်မရှိသေးပဲ သမီးလေး ကေသရီအနဂ္ဂအပေါ်မှာသာ အချစ်တွေ ပုံအောပေးအပ်ထားတာ ဖြစ်ပါတယ်။ အနဂ္ဂနဲ့ သံသာဝင်းတို့ မိသားစုလေး အခုလိုပဲ အမြဲတမ်း ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source: Anegga’s fb
unicode
Source: Anegga’s fb
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.