အဆိုတော် Ah Boy နဲ့ သရုပ်ဆောင် မြတ်ရတနာကျော် ကတော့ သာယာပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခုကို အတူတူထုဆစ်ပုံဖော်ထားကြတဲ့ ဇနီးမောင်နှံတွေပဲ ဖြစ်ပါတယ်။ Ah Boy ကလည်း ချစ်ဇနီးနဲ့ သမီးသုံးယောက်အတွက် အလုပ်တွေကြိုးစားနေတဲ့ အိမ်ထောင်ဦးစီး အမျိုးသားတစ်ယောက်ဖြစ်သလို မြတ်ရတနာကျေ ာ်ကလည်း သူမအလုပ်သူမလုပ်ကိုင်ပြီး ခင်ပွန်းနဲ့ သမီးတွေအပေါ် တာဝန်ကျေတဲ့ မိခင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ချစ်စရာကောင်းပြီး နားလည်မှုတွေနဲ့ တည်ဆောက်ထားကြတဲ့ Ah Boy တို့ မိသားစုလေးကို ချစ်ခင်စွာနဲ့ အားပေးနေကြတာပဲ ဖြစ်ပါတယ်။
ဒီကနေ့ ဇန်နဝါရီလ (၁၃) ရက်နေ့ကတော့ အဆိုတော် Ah Boy ရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ Ah Boy အတွက် မြတ်ရတနာကျော်က “Happy 35th birthday သမီးသုံးယောက်ဖေဖေ🎂♥️ မိန်းမနဲ့ သမီး ၃ယောက် အပေါ် ဒီထက်မက ပို ပိုချစ်သော ဖေဖေ ဖြစ်ပါစေ♥️ ဘုန်းကြီး အသက်ရှည်ပြီး ချစ်ရတဲ့မိသားစုနဲ့ ကျန်းကျန်းမာမာနေနိုင် ပြီး ဘုရားသခင် ကိုကို အပေါ် သာ၍ကောင်းချီးပေးပါစေ 🙏🏻♥️ I love You ♥️” ဆိုပြီး မွေးနေ့ဆုမွန်ကောင်းတောင်းပေး လာခဲ့တာပဲ ဖြစ်ပါတယ်။
Ah Boy ကတော့ ချစ်နီးရဲ့ မွေးနေ့ဆုတောင်းလေးကြောင့် မိန်းမနဲ့ သမီးတွေအတွက် အလုပ်တွေလုပ်ဖို့ အားရှိသွားမယ် ထင်ပါတယ်နော်။ ပရိသတ်ကြီးကလည်း ဒီကနေ့ရဲ့ မွေးနေ့ရှင် Ah Boy အတွက် အမှတ်တရမွေးနေ့ ဆုတောင်းပေးကြဖို့ မမေ့ပါနဲ့နော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source: Myat Yadanar Kyaw ‘s fb
zawgyi