(၂၄)နာရီအတွင်းမှာ ကြည့်ရှုသူ သန်းနဲ့ချီရှိတဲ့အထိ အောင်မြင်ခဲ့တဲ့ Ah Boy နဲ့ ချမ်းမြေ့မောင်ချိုတို့ရဲ့ “အငွေ့အသက်များ” သီချင်း MV

Posted on

အဆိုတော် Ah Boy နဲ့ ချမ်းမြေ့မောင်ချိုတို့ ပထမဦးဆုံး တွဲဖက်သီဆိုခဲ့တဲ့ “အငွေ့အသက်များ” သီချင်းကတော့ ပရိသတ်တွေအကြိုက်တွေ့ခဲ့တဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ “အငွေ့အသက်များ” သီချင်းလေးကတော့ ပရိသတ်တွေ ခံစားချက်နဲ့ တစ်ထပ်တည်းကျခဲ့ပြီး ရင်ထဲရောက်ရှိစေခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် “အငွေ့အသက်များ” သီချင်းလေးက Top Ten စာရင်းထဲမှာ ယနေ့ထိတိုင် ရောက်ရှိနေဆဲဖြစ်ပြီး အောင်မြင်မှုတွေများစွာကို ဆွတ်ခူးရရှိပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

မနေ့က သြဂုတ်လ (၁) ရက်နေ့မှာတော့ “အငွေ့အသက်များ” သီချင်းရဲ့ Official Music Video လေး ထွက်ရှိလို့လာတာပဲ ဖြစ်ပါတယ်။ ဒီကနေ့ သြဂုတ်လ (၂) ရက်နေ့မှာတော့ ချမ်းမြေ့မောင်ချိုနဲ့ Ah Boy ရဲ့ “အငွေ့အသက်များ” သီချင်း MV လေးက (၂၄)နာရီအတွင်းမှာ ကြည့်ရှုသူ 1 Million ထိရှိခဲ့တာကို ဝမ်းသာစွာနဲ့ တွေ့ရပါတယ်။

ချမ်းမြေ့မောင်ချိုနဲ့ Ah Boy ရဲ့ “အငွေ့အသက်များ” သီချင်းလေးက ခံစားချက်နဲ့တိုက်ဆိုင်စွာ အရမ်းကောင်းသလို MV လေးကလည်း အရမ်းကို ဆွဲဆောင်မှုရှိကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော ချမ်းမြေ့မောင်ချိုနဲ့ Ah Boy ရဲ့ “အငွေ့အသက်များ” သီချင်း MV လေးကို ကြည့်ရှုပြီးပြီလား ပြောခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: ChanMyae MgCho’s fb

unicode

ဆယ်ကျော်သက်အရွယ်မှာကတည်းက အောင်မြင်မှုတွေ များစွာဆွတ်ခူးရရှိထားတဲ့ မင်းသမီးချောလေး ရွှေမှုံရတီက လက်ရှိမှာတော့ မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲမင်းသမီး တစ်ဦးဖြစ်နေပြီ ဖြစ်ပါတယ်။ ရွှေမှုံရတီက အသက်(၂၀) အရွယ်မှာ နိုင်ငံကျော်အဆိုတော် ရွှေထူးနဲ့ လက်ထပ်ခဲ့ပြီး သာယာပျော်ရွှင်တဲ့ မိသားစုလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ရွှေမှုံရတီက အခုလက်ရှိမှာတော့ သူမရဲ့ အိမ်ထောင်သည်ဘဝလေးကိုလဲ ပျော်ရွှင်ဖွယ်ရာကောင်းအောင် နေထိုင်နေလျက်ရှိတာကို တွေ့ရပါတယ်။

လက်ရှိမှာတော့ ရွှေမှုံရတီက ကိုဗစ်ကာလအတွင်းမှာ အိမ်တွင်းအောင်းထားရသမျှကို ချစ်ခင်ပွန်းရွှေထူးနဲ့အတူတူ ခရီးတွေ ထွက်ရင်း အတိုးချ အနားယူနေတာပဲ ဖြစ်ပါတယ်။ ရွှေမှုံရတီက တောင်ပေါ်ဒေသဖြစ်တဲ့ ဟဲဟိုးမြို့လေးမှာ အနားယူနေရင်း “အချစ်နဲ့ ခရီးသွားခြင်း🦋” ဆိုပြီး သူမ ပျော်ရွှင်ကြည်နူးနေရတဲ့ အခိုက်အတန့်လေးတွေကို မျှဝေပေးထားပါတယ်။

ရွှေမှုံရတီကတော့ သူမကို ကြင်နာစောင့်ရှောက်မှုတွေပေးတဲ့ ခင်ပွန်းဖြစ်သူကြောင့် နေ့ရက်တိုင်းမှာ ပျော်ရွှင်နေရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရွှေမှုံရတီရဲ့ ခရီးသွားပုံရိပ်လေးတွေကို သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့ရက်လေးတစ်ရက်ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Shwe Mhone Yati’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.