၂၀၂၀ ပထမႏွစ္ဝက္အတြက္ Google မွာအရွာေဖြခံရဆုံးကိုရီးယားအႏုပညာရွင္အျဖစ္ သတ္မွတ္ခံလိုက္ရတဲ့ BTS အဖြဲ႕ဝင္ Jungkook

Posted on

၂၀၂၀ ခုႏွစ္ရဲ႕ ပထမႏွစ္ဝက္အတြက္ Google မွာ အရွာေဖြခံရဆုံး ကိုရီးယားအႏုပညာရွင္ကေတာ့ နာမည္ႀကီးကိုရီးယားအမ်ိဳးသားအဆိုေတာ္အဖြဲ႕တစ္ဖြဲ႕ျဖစ္တဲ့ BTS ရဲ႕ အဖြဲ႕ဝင္ျဖစ္သူ Jungkook ျဖစ္ၿပီး အခုၿပီးခဲ့တဲ့ ၂၈ ရက္ေန႔တုန္းက ထြက္ရွိခဲ့တဲ့သတင္းေတြအရဆိုရင္ သူဟာ ၂၀၂၀ ပထမႏွစ္ဝက္ရဲ႕ ရက္သတၱပတ္ ၂၅ ပတ္ထဲမွာ ၂၂ ပတ္မွ်အရွာေဖြခံခဲ့ရတဲ့ ကိုရီးယားအႏုပညာရွင္ျဖစ္တယ္လို႔ သိရပါတယ္။

ဒါ့အျပင္ TikTok မွာလည္း ၾကည့္ရႈမႈအေရအတြက္ ၁၀ ဘီလီယံရရွိခဲ့တဲ့ ကမာၻ႔ပထမဆုံးအဆိုေတာ္ျဖစ္ၿပီး YouTube မွာဆိုရင္လည္း ရွာေဖြမႈအခံရဆုံး K-pop Idol ျဖစ္ပါေသးတယ္။ Jungkook အေနနဲ႔ အခုလိုမ်ိဳးလူမႈကြန္ရက္မွာ လႊမ္းမိုးႏိုင္မႈဟာဆိုရင္ ဒါကပထမဆုံးေတာ့မဟုတ္ပါဘူး။ ၂၀၁၉ ခုႏွစ္တုန္းက အေမရိကန္အဆိုေတာ္ Billie Eilish ရဲ႕ ‘Bad Guy’ သီခ်င္းကို ႏႈတ္ခမ္းလႈပ္ယုံနဲ႔ဆိုျပလိုက္တဲ့ ဗီဒီယိုဖိုင္ဟာဆိုရင္လည္း တြစ္တာမွာ တစ္ႏွစ္အတြင္း ျပန္လည္မွ်ေဝမႈအမ်ားဆုံးေသာပို႔စ္တစ္ခုျဖစ္ခဲ့ပါတယ္။

၂၀၁၈ ခုႏွစ္တုန္းကထြက္ရွိခဲ့တဲ့ သူ႔ရဲ႕’Euphoria သီခ်င္းဟာဆိုရင္လည္း Billboard ရဲ႕ World Digital Song Sales Chart မွာ အခ်ိန္အၾကာဆုံးရပ္တည္ႏိုင္ခဲ့တဲ့သီခ်င္းတစ္ပုဒ္ျဖစ္ခဲ့ၿပီး ဒီလိုမ်ိဳးပါဝင္ႏိုင္တာဟာဆိုရင္ ကိုရီးယားတစ္ကိုယ္ေတာ္အမ်ိဳးသားအဆိုေတာ္ေတြထဲမွာ‌ ပထမဆုံးျဖစ္ပါတယ္။ လူမႈကြန္ရက္မွာ Jungkook ရဲ႕လႊမ္းမိုးထားႏိုင္စြမ္းကေတာ့ တကယ္ကိုခ်ီးက်ဴးေလးစားစရာပါပဲေနာ္။

Ref : SBS Star

Unicode

၂၀၂၀ ခုနှစ်ရဲ့ ပထမနှစ်ဝက်အတွက် Google မှာ အရှာဖွေခံရဆုံး ကိုရီးယားအနုပညာရှင်ကတော့ နာမည်ကြီးကိုရီးယားအမျိုးသားအဆိုတော်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BTS ရဲ့ အဖွဲ့ဝင်ဖြစ်သူ Jungkook ဖြစ်ပြီး အခုပြီးခဲ့တဲ့ ၂၈ ရက်နေ့တုန်းက ထွက်ရှိခဲ့တဲ့သတင်းတွေအရဆိုရင် သူဟာ ၂၀၂၀ ပထမနှစ်ဝက်ရဲ့ ရက်သတ္တပတ် ၂၅ ပတ်ထဲမှာ ၂၂ ပတ်မျှအရှာဖွေခံခဲ့ရတဲ့ ကိုရီးယားအနုပညာရှင်ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် TikTok မှာလည်း ကြည့်ရှုမှုအရေအတွက် ၁၀ ဘီလီယံရရှိခဲ့တဲ့ ကမ္ဘာ့ပထမဆုံးအဆိုတော်ဖြစ်ပြီး YouTube မှာဆိုရင်လည်း ရှာဖွေမှုအခံရဆုံး K-pop Idol ဖြစ်ပါသေးတယ်။ Jungkook အနေနဲ့ အခုလိုမျိုးလူမှုကွန်ရက်မှာ လွှမ်းမိုးနိုင်မှုဟာဆိုရင် ဒါကပထမဆုံးတော့မဟုတ်ပါဘူး။ ၂၀၁၉ ခုနှစ်တုန်းက အမေရိကန်အဆိုတော် Billie Eilish ရဲ့ ‘Bad Guy’ သီချင်းကို နှုတ်ခမ်းလှုပ်ယုံနဲ့ဆိုပြလိုက်တဲ့ ဗီဒီယိုဖိုင်ဟာဆိုရင်လည်း တွစ်တာမှာ တစ်နှစ်အတွင်း ပြန်လည်မျှဝေမှုအများဆုံးသောပို့စ်တစ်ခုဖြစ်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ သူ့ရဲ့’Euphoria သီချင်းဟာဆိုရင်လည်း Billboard ရဲ့ World Digital Song Sales Chart မှာ အချိန်အကြာဆုံးရပ်တည်နိုင်ခဲ့တဲ့သီချင်းတစ်ပုဒ်ဖြစ်ခဲ့ပြီး ဒီလိုမျိုးပါဝင်နိုင်တာဟာဆိုရင် ကိုရီးယားတစ်ကိုယ်တော်အမျိုးသားအဆိုတော်တွေထဲမှာ‌ ပထမဆုံးဖြစ်ပါတယ်။ လူမှုကွန်ရက်မှာ Jungkook ရဲ့လွှမ်းမိုးထားနိုင်စွမ်းကတော့ တကယ်ကိုချီးကျူးလေးစားစရာပါပဲနော်။

Ref : SBS Star

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.