(၂၀၂၀) နှစ်ကုန်ခါနီး ဒီဇင်ဘာလအစမှာပဲ ကံကောင်းခြင်းတွေနဲ့ ကြုံဆုံခဲ့ရတဲ့ မယ်လိုဒီ

Posted on

ဖြူဖွေးကြည်လင်တဲ့ အသားအရည်၊ နန်းဆန်ဆန်အလှတို့နဲ့ အရမ်းလှတဲ့ မင်းသမီးချော မယ်လိုဒီကတော့ မိန်းကလေးအချင်းချင်းတောင် ငေးကြည်နေရလောက်သူလေးတစ်ယောက်ပါပဲ။ မယ်လိုဒီကတော့ လက်ရှိမှာ အသက်လေးဆယ်နီးပါး အမျိုးသမီးတစ်ယောက်ဖြစ်နေပြီဆိုပေမယ့် ပရိသတ်တွေကတော့ မယ်လိုဒီကို ငယ်ငယ်ကအတိုင်း အချစ်မလျော့ပဲ အားပေးနေကြဆဲ ဖြစ်ပါတယ်။ မယ်လိုဒီကလည်း ပရိသတ်တွေအတွက် ဒီနေ့ဒီအချိန်ထိ အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း တစ်ဖက်မှာလည်း ဘာသာရေးနဲ့ ကုသိုလ်ရေးကို တစိုက်မတ်မတ်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

လူမှုရေးကိစ္စတွေကြောင့် စိတ်ရှုပ်ခဲ့ရတဲ့အချိန်တွေရှိပေမယ့် အေးအေးချမ်းချမ်းသာနေထိုင်တတ်တဲ့ မယ်လိုဒီက ဒီကနေ့မှာတော့ ကံကောင်းစရာ ကိစ္စတစ်ခုနဲ့ ကြုံဆုံခဲ့ရပါတယ်။ မယ်လိုဒီက (၂၀၂၀) နှစ်ကုန်ခါနီး ဒီဇင်ဘာလအစမှာပဲ ကံကောင်းခြင်းတွေနဲ့အတူတူ ထီ (၅၀၀၀၀) ဆုကြီး ဆွတ်ခူးနိုင်ခဲ့တယ်ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် ဝမ်းသာစွာနဲ့ပဲ ပြောပြလာပါတယ်။

မယ်လိုဒီကတော့ ထီဆုသေးသေးလေးတစ်ခုကို ပေါက်ခဲ့တယ်ဆိုပေမယ့် လူတကာတောင် မရနိုင်တဲ့ အခွင့်အရေးပဲမို့ ကံကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ ပရိသတ်ကြီးလည်း မယ်လိုဒီအတွက် ထပ်တူဝမ်းသာနေကြမယ်ဆိုတာ သေချာပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Actress Melody’s fb

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.