(၁) ပတ်ပြည့်သွားပြီ ဖြစ်တဲ့ စန္ဒီမြင့်လွင်ရဲ့ သမီးလေး Treasure

Posted on

စန္ဒီမြင့်လွင်ဟာ ဇူလိုင်လ (၁၄) ရက်နေ့ ပန်းလှိုင်​​ဆေးရုံမှာ သမီးဦးလေးကို အောင်မြင်စွာ မွေးဖွားခဲ့ပြီး တတုံးတခဲကြီးနဲ့ ချစ်​ဖို့​ကောင်းတဲ့ သမီး​လေးကို ကြည့်​ပြီး ခင်​ပွန်းဖြစ်​သူကလည်း ပြုံး​ပျော်​ကြည်​နူး​နေတာ ဖြစ်​ပါတယ်​။

Photo Thidar Khin

စန္ဒီမြင့်​လွင်​က ဒီရက်​ပိုင်းကပဲ ​ဆေးရုံက ​ဆင်းခဲ့တာဖြစ်​ပြီး အိမ်​ကို ပြန်​​ရောက်​​နေခဲ့ပြီဖြစ်​ပါတယ်​။ သမီး​လေးကို ချစ်​စနိုးနဲ့ Treasure ​လေးလို့ အမည်​​ပေးခဲ့ပြီး အခုဆိုရင်​ Treasure ​လေးက ၁ ပတ်​ပြည့်​သွားပြီ ဖြစ်​ပါတယ်​။

Photo Thidar Khin

တ​နေ့တခြား ပိုပိုပြီး ချစ်​ဖို့​ကောင်းလာတဲ့ Treasure ​လေးကို
အဘွားနဲ့ တီတီများကလည်း ၀န်းချစ်နေကြပြီး မိသားစုဝင် အသစ်လေး ရတဲ့အတွက်လည်း ​ပျော်ရွှင်ပီတိဖြစ်နေကြတာ ဖြစ်ပါတယ်။ ပရိသတ်​များကလည်း သမီး​လေး နှုတ်​ခမ်းက ဒီးဒီးနဲ့ တူတယ်​ဆိုပြီး မှတ်​ချက်​​လေးများ ​ပေးခဲ့ကြပါတယ်​။

Photo Sandy Myint Lwin

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.