(၁၄)နှစ်ပြည့်သွားပြီဖြစ်တဲ့ အမေတူသားချောလေးအတွက် မွေးနေ့ဆုတောင်းပေးလိုက်တဲ့ ရတနာခင်

Posted on

မင်းသမီးချော ရတနာခင်ကတော့ တစ်ခေတ်တစ်ခါက ပရိသတ်တွေရဲ့ အသည်းနှလုံးကို ဖမ်းစားနိုင်ခဲ့တဲ့ မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။ ရတနာခင်က အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို မလုပ်ကိုင်တော့ပဲ ခင်ပွန်းဖြစ်သူနဲ့အတူတူ စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ရတနာခင်က အလုပ်တွေလည်း ကြိုးစားလုပ်ကိုင်နေသလို သူမရဲ့သားသုံးယောက်လိုလည်း ထူးချွန်ထက်မြတ်တဲ့ သားလေးတွေဖြစ်အောင် မြေတောင်မြှောက်ပေးနေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ ဇူလိုင်လ (၅) ရက်နေ့ကတော့ ရတနာခင်ရဲ့ သားအကြီးဆုံး ဇွဲဦးထက်ရဲ့ မွေးနေ့လေးဖြစ်ပြီး ရတနာခင်က သားလေးအတွက် “Happy Birthday Zwe Oo Htet 🎂🎉🎊 ၁၄ နှစ်ပြည့်သွားပြီနော်။ မာမားစိတ်ထဲမှာတော့ ကလေးလေးဘဲ ရှိသေးတယ်။ ချစ်လို့မဝသေးဘူး၊ နမ်းလို့ မဝသေးဘူး၊ သားကြီး ဘဝတလျှောက်လုံး ကိုယ်စိတ်၂ ပါးကျန်းမာချမ်းသာပါစေ ၊ သူတော်ကောင်းများနှင့်သာ ဆုံတွေ့ပြီး သူယုတ်မာတို့၏ရန်မှကင်းဝေးပါစေ ၊ အကိုကြီးအဖအရာ ဆိုတဲ့အတိုင်း မိသားစုမှာသားအကြီးဆုံး မို့လို့ အရာရာကိုဦးဆောင်နိုင်တဲ့သူ၊ ကာကွယ်စောင့်ရှောက်နိုင်တဲ့သူဖြစ်ပါစေ 😍😘💓” ဆိုပြီး ဆုမွန်ကောင်း တောင်းပေးထားပါတယ်။

ရတနာခင်ရဲ့ သားလေးတွေကတော့ ရတနာခင်ရဲ့ ချောမောတဲ့ ရုပ်ရည်တွေကို အမွေရရှိထားတာပဲ ဖြစ်ပါတယ်။ ရတနာခင်တို့ မိသားစုလေး နောက်နှစ်ပေါင်းများစွာတိုင် အခုလိုပဲ ချစ်ချစ်ခင်ခင်ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားနိုင်ပါစေလို့ Cele Connections မှ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Yadanar Khin’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.