(၁၀)ပတ်အတွင်း မယုံကြည်နိုင်လောက်အောင် ပြောင်းလဲသွားတဲ့ သူ့ရဲ့ကြိုးစားမှုရလဒ်တစ်ခုကို ထုတ်ပြလာတဲ့ ညီထွဋ်ခေါင်

Posted on

မင်းသားချော ညီထွဋ်ခေါင်ကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေကို ရိုက်ကူးရင်း မြို့ပရိသတ်၊ နယ်ပရိသတ်အစုံရဲ့ ချစ်ခင်အားပေးမှုကို ရရှိပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ညီထွဋ်ခေါင်က အနုပညာအလုပ်တွေကိုလည်း ကြိုးစားလုပ်ကိုင်သလို မင်းသားတစ်ယောက်ပီပီ ရှိသင့်ရှိထိုက်တဲ့ ခန္ဓာကိုယ်အချိုးအစားမျိုးရအောင်လည်း ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း ညီထွဋ်ခေါင်က (၁၀)ပတ်အတွင်း မယုံကြည်နိုင်လောက်အောင် ပြောင်းလဲသွားတဲ့ သူ့ရဲ့ကြိုးစားမှုရလဒ်တစ်ခုကို အခုလိုပဲ ပြောလာပါတယ်။

“ကျွန်တော် အရင်က နည်းနည်းလေးဝခဲ့တယ်။ ပထမဆုံး အဆီချဖို့ ၂လလောက် လုပ်ခဲ့ရပြီးနောက် ဘယ်ဘက်က ပုံလို Body ဖြစ်ခဲ့ပါတယ်။ ဒုတိယတစ်ဆင့် ဘယ်ဘက်ကပုံကနေ ညာဘက်ကပုံဖြစ်ဖို့ ကျွန်တော် ၁၀ ပတ် ၂လခွဲ အပြင်းအထန် ကြိုးစားခဲ့ရတယ်။ ၁၀ ပတ်အတွင်း Weight training , Cardio training တွေကို မခိုမကပ် ပဲ ပြင်းပြင်းထန်ထန်လုပ်ခဲ့ပါတယ်။ ဆရာ Nick နဲ့ ထူးအောင်တို့ပြောတဲ့ Nutrition Plan, Supplement Plan , Workout Plan တို့ကို တိတိကျကျ လုပ်ဆောင်ခဲ့ပါတယ်။ ကျွန်တော် ကြိုးစားဖို့ အများကြီး လိုပါသေးတယ်။ ကျွန်တော်ရဲ့ အနုပညာအလုပ်တွေနဲ့ အလုပ်မများခင် ဒီ၁၀ ပတ်အတွင်းပြောင်းလဲသွားတဲ့ Body ကိုတော့ အားရခဲ့ပါတယ်။ ဆက်လက်ကြိုးစားပါအုံးမယ်။” ဆိုပြီး သူ့ရဲ့ပြောင်းလဲမှုကြီးကို ပြသလာပါတယ်။

ညီထွဋ်ခေါင်ကတော့ (၁၀)ပတ်ဆိုတဲ့အချိန်ခဏလေးအတွင်းမှာ ကြွက်သားအဖုအထစ်တွေနဲ့ တော်တော်ကြီးပြောင်းလဲသွားတာပဲနော်။ ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်ဆိုတာ ညီထွဋ်ခေါင်ကို ကြည့်ပြီး အားကျစရာပါပဲ ပရိသတ်ကြီးရေ..။

Source: Nyi Htut Khaung’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.