“၀ လာလိုက်တာ” ပြောတဲ့သူတွေကို ယဉ်ကျေးစွာနဲ့ ပြန်ဖဲ့နိုင်ဖို့ စဉ်းစားနေပြီဖြစ်တဲ့ အချေမင်းသမီး နေခြည်ဦး

Posted on

နေခြည်ဦးဟာ Beauty Blogger တစ်ဦးအဖြစ် အောင်မြင်မှုရရှိလာခဲ့ပြီး အနုပညာလောကထဲ စတင်ဝင်ရောက်လာချိန်မှာတော့ အားပေးတဲ့ပရိသတ်များစွာ ရှိလာခဲ့ပါတယ်။ အခုနောက်ပိုင်းမှာတော့ နေခြည်ဦးဟာ photo model တစ်ဦး၊ Brand Ambassador တစ်ဦးအဖြစ်ပါ အောင်မြင်စွာ ရပ်တည်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။

Photo : Nay Min Tun

သူမ တာဝန်ယူထားတဲ့ အလုပ်များကို တာဝန်ကျေပွန်အောင် ထမ်းဆောင်တတ်သလို စကားပြောလည်း အလွန်သွက်တဲ့ နေခြည်ဦးဟာ သူမ မကျေနပ်ရင်ပဲ ဖြစ်ဖြစ် စကားကို အပြတ်ပြောတတ်သူဖြစ်ပါတယ်။ ချေလွန်းတဲ့ မင်းသမီးအနုပညာရှင်ဖြစ်တယ်လို့လည်း ပရိသတ်များက ထင်ကြေးပေးကြပါတယ်။

Photo :  Nay Chi Oo

အခုလည်း သူမကို ၀ လာတယ်လို့ ပြောတဲ့သူတွေကို ဘယ်လိုမျိုး ယဉ်ယဉ်ကျေးကျေးလေးနဲ့ ပြန်ဖဲ့ရမလည်း ဆိုပြီး ချေဖို့စဉ်းစားနေတာ ဖြစ်ပါတယ်။

“” ဝ လာလိုက်တာ ” ပြောတဲ့သူတွေကို ယဉ်ယဉ်ကျေးကျေး လေး ဘယ်လိုပြန်ဖဲ့ ရမလဲ ??” ဆိုပြီး သူမရဲ့ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ သူမရေးတဲ့ status အောက်မှာ ပရိသတ်များက ဝေဖန်ချက်အမျိုးမျိုးပေးပြီး အကြံဥာဏ်တွေ မှတ်ချက်ပေးကြပါတယ်။

Photo : Nay Min Tun

မျက်နှာပိုင်းဆိုင်ရာ ပြုပြင်ခွဲစိတ်ထားတဲ့ နေခြည်ဦးဟာ အလှအပပိုင်းဆိုင်ရာကို ဂရုတစိုက်ထိန်းသိမ်းသလို ကျန်းမာရေးဆိုင်ရာ လေ့ကျင့်ခန်းများကိုလည်း လေ့လာလိုက်စားတတ်သူ ဖြစ်ပါတယ်။ နောက်ဆုံးပေါ် ဖက်ရှင်များကိုလည်း ၀တ်ဆင်တတ်သူလည်း ဖြစ်လို့ လူငယ်မိန်းကလေးပရိသတ်တွေကြားမှာ အတော်လေး ရေပန်းစားခဲ့ပါတယ်။

Photo : Nay Min Tun

“၀ လာလိုက်တာ” ပြောတဲ့ သူတွေကို ပြန်ဖဲ့ချင်နေတဲ့ နေခြည်ဦးအတွက် ပရိသတ်ကြီးရဲ့ အကြံဥာဏ်လေးတွေကိုလည်း comment မှာ ရေးသားပေးခဲ့ပါဦး။

 

Source :  Nay Chi Oo FB

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.