အများနဲ့မတူဘဲ ၀၀ကစ်ကစ်လေးနဲ့ ချစ်ဖို့အရမ်းကောင်းတဲ့ ပွင့်ကို ကလေးလူကြီးမရွေး ချစ်ခင်အားပေးကြပြီး ဒီခန္ဓာကိုယ်လေးကြောင့်သာ ပရိသတ်များက စတင်သတိထားဖြစ်တာကြာင့် သူမကိုယ်တိုင်ကလည်း သဘောကျလက်ခံခဲ့ပါတယ်။
ပွင့်က သူမရဲ့ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ၀ိတ်ချဖို့မရှိဘဲ သူများနဲ့နည်းတူ လုပ်နိုင်တဲ့အတွက် ကျန်းမာရေး မထိခိုက်ရင် ရပြီလို့ ပြောပြခဲ့ပါတယ်။
“ပွင့်ရဲ့ အမြင်ကို ပြောရမယ်ဆိုရင် ခုနကပြောသလိုပေါ့ လူတစ်ယောက်ဟာ သူများနည်းတူ သွားနိုင်ရမယ်၊ စားနိုင်ရမယ်၊ လုပ်နိုင်ရမယ်။ သူများ ။ တစ်နေ့မှာ အလုပ်ဘယ်နှစ်ခုလုပ်နိုင်လဲ အဲ့လိုမျိုးဟာမျိုး ကိုယ့်ကိုကိုယ် stand လုပ်နိုင်တယ်ဆိုရင် ဒါဟာ သူ့ဘ၀ကို သူ့ကိုယ်သူ perfect ဖြစ်တယ်လို့ ပွင့်ကတော့ ယူဆပါတယ်။ အဲ့အတွက်ကြောင့်မို့လို အဲ့လိုမျိုး ၀ိတ်ချချင်တာမျိုးကြီးတော့ မရှိဘူး။ ခုနက ပြောသလိုပေါ့ ကိုယ့်ကိုကိုယ် confident ရှိရမယ်။ သူများနဲ့နည်းတူ လုပ်နိုင်တဲ့အတွက် ပွင့်ကတော့ အဲ့တာကြီးကို ကျန်းမာရေးမထိခိုက်ဘူးဆိုရင် ရပြီ” လို့ မီဒီယာများရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။
ပွင့်ဟာ ၀ပေမယ့် သရုပ်ဆောင်အပိုင်းမှာ ပေါ့ပါးသွတ်လပ်ရုံသာမက အဆိုပိုင်း၊ အကပိုင်းများကိုပါ ပြုလုပ်နိုင်သူ ဖြစ်ပါတယ်။ အချစ်ရေးကတော့ တည်ငြိမ်နေဆဲပဲလို့ သိပါတယ်။ အနုပညာလှုပ်ရှားမှုအနေနဲ့ မိုးတွင်းမှာတော့ အနုပညာအလုပ်က နည်းနည်းပါးပြီး ၀ါကျွတ်ရင်တော့ ပွဲတွေဆိုဖို့ရှိတယ်လို့ ပြောပြသွားခဲ့ပါတယ်။
ဝိတ်မချဘူးဆိုတဲ့ ပွင့်ကို ချစ်သေးရင် မှတ်ချက်မှာ အားပေးစကားလေးတွေ ပြောပေးခဲ့ဦးနော်။