“၀ါတွင်းကာလနံနက်မှာ အာရုံဆွမ်း ဒါန ဆက်ကပ်လှူဒါန်းခဲ့တဲ့ မြင့်မြတ်တို့ မိသားစု”

Posted on

မြင့်မြတ်ကတော့ အနုပညာလောကမှာ အောင်မြင်တဲ့ သရုပ်ဆောင်အနေနဲ့ ရပ်တည်နေတဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသားတစ်လက်ပဲဖြစ်ပါတယ်။ဇာတ်ရုပ်တိုင်းကို ပီပြင်စွာသရုပ်ဆောင်နိုင်တာကြောင့် လူကြီး လူငယ်မရွေး အားပေးချစ်ခင်ခြင်းကို ပိုင်ဆိုင်ထားတဲ့ မင်းသားတစ်လက်ဖြစ်နေတာလည်း အမှန်ပါ။

(၂၀၁၇)ခုနှစ် မြန်မာရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီး မှာလည်း “အမှောင်တွေရွာချတဲ့ မိုးတိမ် “ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကြီး ကို ရရှိပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။မြင့်မြတ်ကတော့ ဇနီးချောလေးဖြစ်တဲ့ ခင်သူအောင်နဲ့အတူတူသားလေး မြတ်သူကိုပိုင်ဆိုင်ထားပြီး သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားတာပါသေးတယ်။

ဒီနေ့မှာတော့ မြင်မြတ်တို့မိသားစုဟာ ၀ါတွင်းကာလ နံနက်အာရုံဆွမ်းအောဟာရဒါနလှူဒါန်းခဲ့တာဖြစ်ပြီး “သရုပ်ဆောင်အကယ်ဒမီကိုမြင့်မြတ်+မခင်သူအောင်သားမြတ်သူတို့မိသားစုမှ ဒဂုံမြို့သစ်(မြောက်ပိုင်း)ဝါတွင်းကာလအရုဏ်ဆွမ်းလောင်းလှူခြင်းအလှူမင်္ဂလာ”လို့ လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးလည်း မွန်မြတ်လှတဲ့ မြင့်မြတ်တို့ မိသားစုအလှူအတွက် မှတ်ချက်လေးတွေရေးပေးခဲ့ပါဦးနော်။

Source : Myat Wai Tun
ခရက်ဒစ် ဆယ်လီကမ္ဘာ

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.