မြိတ်တွင် ထီလက်မှတ် လက်ကျန်များထဲမှ သိန်း ၅ ထောင်ဆု ထီရောင်းသူမှဆွတ်ခူးရရှိ

Posted on

မြိတ်တွင် ၆ ကြိမ်မြောက် သိန်း ၁ သောင်းခွဲ ထီလက်မှတ်ရောင်းချနေသည့် ကန်ဖျားဆီဆိုင်ကြီးမှ ဦးအောင်ဝင်းတွင် လက်ကျန်ထီလက်မှတ်မှ သိန်း ၅ ထောင်ဆု ဆွတ်ခူးလိုက်ကြောင်း သိရသည်။

“”ကျွန်တော်က လက်ပွေ့ရောင်းတာပါ။ အားပေးတဲ့သူတွေက လူကိုယ်တိုင်လာရောက်အားပေးသလို ဖုန်းနဲ့ဆက်သွယ်ပြီးအားပေးတဲ့သူတွေလည်း ရှိပါတယ်။ အခုထီလက်မှတ် လက်ကျန်က သူလိုချင်တဲ့ဂဏန်းကို ဖုန်းနဲ့ထီထိုးထားပြီး ဇူလိုင်လ ၃၁ ရက် ညဘက်မှာ မယူတော့ဘူးဆိုပြီးဖုန်းဆက်အကြောင်းကြားလာတယ် ။ ထီထိုးတဲ့သူမယူဘူးဆိုတော့ ကျွန်တော်ပဲ ဒီထီလက်မှတ်ကိုယူလိုက်ရတယ်။ ကံအားလျော်စွာ သိန်း ၅ ထောင်ဆု ပေါက်နေတယ်”” လို့ ဦးအောင်ဝင်းက ပြောကြားပါတယ်။

အဆိုပါဦးအောင်ဝင်းဟာ မြိတ်စက်ဘီးအသင်းမှအသင်းဝင်တစ်ဦးဖြစ်ပြီး အသင်းအပေါ်သံယောဉ်ကြီးတာကြောင့် ဆုကြေးများထုတ်ယူပြီး အလှူအတန်းများပြုလုပ်ပြီးပါက မြိတ်စက်ဘီးအသင်းမှ အသင်းသူ/သားများအား ၆ ညအိပ် ၇ ရက် ဘန်ကောက်ခရီးစဉ်ပို့ဆောင်ပေးမည်ဟု သိရသည်။

ခရက်ဒစ် မူရင်း
Myat Htut

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.