Source: Dear Alyne
Photo Credit
unicode
မြန်မာနိုင်ငံက လူငယ်တော်တော်များများ၊ အထူးသဖြင့် အိမ်ထောင်မကျသေးသူများက မိဘအုပ်ထိန်းမှုအောက်မှာ နေထိုင်ကြရတာ ဖြစ်ပါတယ်။ မိဘတွေက စည်းကပ်တင်းကြပ်လွန်း၊ ပုံစံသွင်းတတ်ကြလွန်းလို့ လူငယ်တော်တော်များများက သူတို့ရဲ့ စိတ်ဆန္ဒတွေကို ထိတ်လန့်စွာနဲ့ သိုဝှက်ထားတတ်ကြပါတယ်။
အထူးသဖြင့် အချစ်ရေး၊ အိမ်ထောင်ရေးကိစ္စမှာ မိဘတွေကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ပြောဆိုဖို့ကို ကြောက်လန့်ကြပါတယ်။ မိဘတွေအပြင် နေထိုင်ရတဲ့ လူမှုပတ်ဝန်းကျင်ကလည်း အမြဲလိုလိုစောင့်ကြည့်ခြင်း ခံရတာဖြစ်ပါတယ်။

မြန်မာနိုင်ငံက ချစ်သူစုံတွဲတွေခမျာ အနမ်းလေး ပေးဖို့တောင်မှ လူရှင်းမှပေးရဲတာတို့၊ လူမမြင်မှပေးရတာတို့ ဖြစ်လာကြပါတယ်။ အဲ့ဒါကြောင့် သာမာန်ပန်းခြံမှာ ချိန်းတွေ့ရင်တောင် နှစ်ကိုယ်ကြားအနမ်းတွေပေးဖို့ အကာအကွယ်အဖြစ် ထီးလေးတွေနဲ့ ကိုယ်စီဆောင်ထားကြတာကို တွေ့ရမှာပါ။
နိုင်ငံခြား Blogger တစ်ဦးဖြစ်တဲ့ Alyne က မြန်မာစုံတွဲတွေရဲ့အဖြစ်ကို ဟာသလေးနှောပြီး အခုလိုပဲ တင်ပြထားပါတယ်။
မြန်မာစုံတွဲတွေရဲ့အဖြစ်ကတော့ သမပြောသလို တကယ်ကိုဖြစ်နေတာနော်။ မိဘတွေအနေနဲ့လည်း ကိုယ့်ရဲ့သားသမီးတွေ ထီးယူပြီး အိမ်ကထွက်သွားရင် တကယ်ရော မိုးရွာရဲ့လား ကြည့်ကြည့်ဦးနော် ???
Source: Dear Alyne
Photo Credit