မြန်မာနိုင်ငံ မှာလာရောက်ရိုက်ကူးမယ့် နိုင်ငံခြားရုပ်ရှင်များ အတွက် အမေစု နဲ့ အစည်းအဝေးထိုင်ခဲ့တဲ့ ဆွေဇင်ထိုက်

Posted on

ပရိသတ်ကြီးရေ အခုအချိန်ထိ လေးစားချစ်ခင်ခံနေရဆဲ ရုပ်ရှင်မင်းသမီးကြီး အန်တီဂရေစ့်ဟာ လက်ရှိမှာ Universal Peace Federation Myanmar ရဲ့President တစ်ဦးဖြစ်ပါတယ်။ အန်တီဂရေစ့်ဟာ သြဂုတ်လ ၉ ရက်နေ့က UPF International အဖွဲ့ဝင်များနှင့်အတူ နိုင်ငံတော်အတိုင်ပင်ခံနဲ့တွေ့ဆုံပြီး World Summit တစ်ခုကိုမြန်မာနိုင်ငံ
အနေနဲ့ဦးဆောင်လုပ်ဖို့ညှိနှိုင်းခဲ့တယ်လို့သိရပါတယ်။


ဒီလိုတွေ့ဆုံစဉ်မှာနိုင်ငံတော်အတိုင်ပင်ခံက“Line Walker2 ” အတွက်ကျေးဇူးတင်စကားပြောခဲ့သလို
နောက်ထပ်ကလောမှာရိုက်ကူးမဲ့ “The Art of Hearing Heartbeats “ ကိုရိုက်ဖြစ်အောင်ရိုက်ကူးဖို့ ပြောဆိုခဲ့ပြီး ၊ လိုအပ်သောအကူအညီများပေးဖို့ အသင့်ရှိကြောင်းပြောဆိုထားပါတယ်။


အမေစုကတော့ “The Art of Hearing Heartbeats ” ရုပ်ရှင်ရဲ့ ပထမတွဲဖြစ်တဲ့ “A Well-Teamperd Heart “ ကိုမဖတ်ရသေးတဲ့အတွက် ကြိုတင်ဖတ်ထားမည်ဖြစ်ကြောင်းပြောကြားခဲ့
ပါတယ်။ကဲ ပရိသတ်ကြီးရေ မြန်မာနိုင်ငံမှာ ထပ်မံလာရောက်ရိုက်ကူးမယ့် “The Art of Hearing Heartbeats “ အတွက် ရင်ခုန်သံလေးတွေပြောခဲ့ကြပါဦး။

Source – Grace Swe Zin Htaik
Noe Noe May Ju Ju

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.