မြန်မာနိုင်ငံရဲ့ အငွေ့အသက်တွေကို ပီပီပြင်ပြင်ခံစားသွားရမယ့် Line Walker 2 ရဲ့ Trailer ထွက်ရှိလာပြီဖြစ်

မြန်မာနိုင်ငံမှာ လာရောက်ရိုက်ကူးခဲ့တဲ့ Line Walker 2 ရုပ်ရှင်ရဲ့ Offical Trailer ကတော့ ထွက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ Shaw Brothers Pictures Co. Ltd က ထုတ်လုပ်တဲ့ ဟောင်ကောင်အက်ရှင် Line Walker 2 ဇာတ်ကားဟာ ပြီးခဲ့တဲ့ ဖော်ဖော်ဝါရီလအတွင်းက ဇာတ်ဝင်ခန်းတချို့ကို မြန်မာနိုင်ငံမှာ လာရောက်ရိုက်ကူးခဲ့တာဖြစ်ပြီး မြန်မာလူထုရဲ့ စိတ်အာရုံကို အပြည့်အ၀ဖမ်းစားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့အကူအညီနဲ့ လမ်းပိတ်ပြီး မြန်မာနိုင်ငံရဲ့ အထင်ကရနေရာတွေဖြစ်တဲ့ ရွှေတိဂုံဘုရားအနီး ရေတာရှည်း၊ မဟာဗန္ဓုလလမ်း၊ ဆူးလေဘုရားအနီးတို့မှာ လာရောက် ရိုက်ကူးသွားခဲ့တာဖြစ်ပါတယ်။

Line Walker 2 လို ကမ္ဘာအဆင့်မီဇာတ်ကားတစ်ကားမှာ ကိုယ့်နိုင်ငံရဲ့အငွေ့အသက်တွေကို တွေ့မြင်ရတာ ဘာနဲ့မှ မလဲနိုင်တဲ့ ပီတီဖြစ်မှုမျိုးကို မြန်မာနိုင်ငံသားတိုင်း ခံစားရမှာ အသေအချာပါပဲ။ အထူးသဖြင့် ရွှေတိဂုံဘုရားနဲ့၊ သံဃာတော်တွေ ဆွမ်းခံကြွနေတဲ့ပုံရိပ်တွေကို စမြင်လိုက်ရတဲ့အချိန်မှာ ကြက်သီးတောင်ထမတတ်ပါပဲ။

Line Walker 2 ရုပ်ရှင်ဇာတ်ကားဟာ လူကုန်ကူးမှုတိုက်ဖျက်ရေးအကြောင်း ပညာပေးရိုက်ကူးထားတဲ့ အက်ရှင်ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ Louis Koo, Nick Cheung, Francis Ng တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး အောင်မြင့်မြတ်၊ လင်းအောင်ခက်နဲ့ မင်းရာဇာတို့လို မြန်မာသရုပ်ဆောင်တွေကလည်း ပါဝင်ရိုက်ကူးထားတာ ဖြစ်ပါတယ်။

Line Walker 2 ရုပ်ရှင်ဇာတ်ကားကိုတော့ သြဂုတ်လ (၈) ရက်နေ့ တရုတ်နိုင်ငံမှာ စတင်ရုံတင်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း လာရောက်ပြသမယ်လို့ သိရပါတယ်။ ဒါကြောင့် မြန်မာအငွေ့အသက်တွေ လွှမ်းခြုံနေတဲ့ Line Walker 2 ရဲ့ Trailer ကို ဖော်ပြပေးလိုက်ရပါတယ်။

Line Walker 2 Trailer

Source;momolay
လေးစားမှုဖြင့် ခရက်ဒစ်

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.