မြန်မာနိုင်ငံမှာ သေချာအချိန်ယူပြီး လာရောက်ရိုက်ကူးခဲ့တဲ့ Line Walker 2 ရုပ်ရှင်ဇာတ်ကားကြီးကတော့ မကြာခင်မှာပဲ ရုံတင်ပြသတော့မှာမို့ မြန်မာနိုင်ငံကလူတွေကလည်း အရမ်းကို စိတ်ဝင်စားနေကြတာပါ။ အဆိုပါ ရုပ်ရှင် လာရောက်ရိုက်ကူးတုန်းက အနီးကပ် သေချာလေ့လာခဲ့တဲ့ ဒါရိုက်တာကိုပေါက်ကတော့ Line Walker 2 ရုပ်ရှင်ဇာတ်ကားကြီးကို ကြည့်ဖို့ တော်တော်လေးကို စိတ်လှုပ်ရှားနေတာပဲ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့အလှအပရှုခင်းတွေ ယဉ်ကျေးမှုတွေ အနည်းငယ်ပါဝင်နေတဲ့ Line Walker 2 ရုပ်ရှင်ဇာတ်ကားကြီးကတော့ အရမ်းကိုမိုက်နေမှာ အသေအချာပါပဲနော်။
ချစ်ပရိသတ်တွေအတွက် အရမ်းကိုစိတ်ဝင်စားခဲ့ရတဲ့ Line Walker 2 ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်တော့မှာမို့ စိတ်လှုပ်ရှားနေတဲ့ ဒါရိုက်တာ ကိုပေါက်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
ဒါရိုက်တာ ကိုပေါက်ကတော့ “မြန်မာပြည်မှာလာရိုက်တဲ့ အချိန် နေ့တိုင်းလိုက်ပြီး လေ့လာခဲ့ရတဲ့ရုပ်ရှင် 8.8.2019 ရုံတင်မယ်တဲ့။ first day first show ကြည့်ပြီဗျာ။” ဆိုပြီး တင်တင်ချင်းနေ့မှာပဲ အားပေးမယ့်အကြောင်း ရေးသားထားတာပါ။
ပရိသတ်တွေ စိတ်ဝင်စားနေကြတဲ့ Line Walker 2 ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Trailer
Line Walker 2 ရုပ်ရှင်ဇာတ်ကားဟာ လူကုန်ကူးမှုတိုက်ဖျက်ရေးအကြောင်း ပညာပေးရိုက်ကူးထားတဲ့ အက်ရှင်ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ Louis Koo, Nick Cheung, Francis Ng တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး အောင်မြင့်မြတ်၊ လင်းအောင်ခက်နဲ့ မင်းရာဇာတို့လို မြန်မာသရုပ်ဆောင်တွေကလည်း ပါဝင်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Shaw Brothers Pictures Co. Ltd က ထုတ်လုပ်တဲ့ ဟောင်ကောင်အက်ရှင် Line Walker 2 ဇာတ်ကားကြီးကိုတော့ လာမယ့် သြဂုတ်လ ၈ရက်နေ့မှာ မြန်မာနိုင်ငံမှာ ရုံတင်တော့မှာပါ။ ချစ်ပရိသတ်တွေလည်း မြန်မာ့အငွေ့အသက်တွေ အနည်းငယ်ပါဝင်နေတဲ့ ကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ Line Walker 2 ရုပ်ရှင် ရုံတင်ပြသရင် အားပေးကြည့်ရှုကြဖို့ မမေ့ပါနဲ့နော်။
Source;Aung Min Naing’s Facebook
ခရက်ဒစ် မိုမိုလေး