ပရိသတ်ကြီးတွေ ရဲ့ အချစ်တော် သားတို့အမွှာ မိုး နဲ့ ဖြိုး ကတော့ အနုပညာ ပါရမီပါတဲ့ အပြင် မိခင်ဖြစ်သူကို လေးစားလုပ်ကျွေးနေတာကြောင့် အားလုံးက အချစ်ပိုနေကြတာပါ ။ Myanmar’s Got Talent မှာ လည်း ပါဝင်နေတဲ့ ဒီ သားငယ်လေးတွေဟာ မကြာသေးခင်က ရုရှားနိုင်ငံ မှာ ကျင်းပခဲ့တဲ့ အနုပညာပ
ွဲတော်တစ်ခုမှာ မိုး နဲ့ ဖြိုးလည်းပါဝင်ခဲ့တာပါ။
နိုင်ငံဂုဏ်ဆောင်ခဲ့တဲ့ ကလေးနှစ်ယောက်ဟာ သူတို့ရရှိခဲ့တဲ့ရွှေတံဆိပ်တွေ နဲ့ အမေ့ကို ကျေးဇူးဆပ်လိုက်ကြတာပါ ။ “သားတို့ဆုပေးပွဲပီးတော့အခမ်းအနားပိတ်ပွဲတွက်ပြင်ဆင်ရတယ်အမေ့အတွက်ပုံတွေရိုက်မပို့ဖြစ်ဘူး
ခုမှပို့လိုက်ရတာ အမေပျော်တယ်မို့လားသားတို့ကအမွှာနှစ်ယောက်ဆိုတော့
ဆုကလေးခုတောင်ပဲအမေကျေနပ်နေမယ်ဆိုတာသားသိပါတယ်
7.8.2019ဆိုမြန်မာပြည်ရောက်ပြီအမေ့သား မိုးဖြိုး”ဆိုပြီး လူမှုကွန်ရက်မှာ ရေးသားပြောပြထားတာပါ ။
ဒါ့အပြင် မိုး နဲ့ ဖြိုး ကတော့ သူကအမေ ကို ကျေးဇူးဆပ်တဲ့ အနေနဲ့ ပန်းသည်မေမေ သီချင်းလေးကိုလည်း ပြန်ပြီး တင်ထားခဲ့တာကိုတွေ့ရပါတယ်။ သီချင်းလေးကို နားထောင်လိုက်တာ နဲ့ သားငယ်နှစ်ယောက် ရဲ့ ဂရုဏာသံလေးနဲ့ သီဆိုထားတဲ့ ဘဝနောက်ခံဇာတ်လမ်းလေးဟာ အင်မတန် သနားစရာကောင်းတာတွေ့ရပါတယ်။ သိတတ်လွန်းတဲ့ ကလေးနှစ်ယောက်အတွက် ချီးကျူးစကားလေးတွေပြောပေးခဲ့ကြပါဦးနော်။
Source – သားတို့အမွှာ
Noe Noe May Ju Ju