ျမန္မာဝတ္စံုေလးနဲ႕ စမတ္က်က် ပြဲတက္လာခဲ့တဲ့ ပိုင္ၿဖိဳးသု …

ခ်စ္စရာေကာင္းတဲ့ အျပံဳးေလးေတြရဲ႕ ပိုင္႐ွင္ မင္းသမီးေခ်ာေလး ပိုင္ၿဖိဳးသုက ပရိသတ္ေတြအားလံုး ႀကိဳက္ႏွစ္သက္ အားေပးရသူေလးပါပဲ။ ပိုင္ၿဖိဳးသုက ဆရာဝန္မေလးတစ္ဦးျဖစ္ေပမယ့္ သူမ ခ်စ္တဲ့ အႏုပညာကို ဝါသနာပါလြန္းလို႔ ႏိုင္ငံျခားထိ အႏုပညာေက်ာင္းတက္ၿပီး အႏုပညာလုပ္ငန္းေတြကို ေဇာက္ခ်လုပ္ကိုင္ေနသူေလး ျဖစ္ပါတယ္။

မေန႔က ႏိုဝင္ဘာလ (၁၅) ရက္ေန႔မွာေတာ့ ပိုင္ၿဖိဳးသုက ၇ ႀကိမ္ေျမာက္ က်င္းပတဲ့ Memory Film Festival ကို တက္ေရာက္ခဲ့ပါတယ္။ ပိုင္ၿဖိဳးသုက သးမရဲ႕ အေတြ႔အၾကံဳေလးကို အခုလိုပဲ မ်ွေဝထားပါတယ္။

“Memory Film Festival မွာ နိုင္ငံတကာနဲ႔ျပည္တြင္း႐ုပ္ရွင္ကားေပါင္း ၆၀ ေက်ာ္ကို ျပသသြားမွာ ျဖစ္တဲ့အတြက္ ႐ုပ္ရွင္ခ်စ္သူတိုင္း သြားေရာက္ၾကည့္သင့္တဲ့ festival ေလးတစ္ခုပါ။”

ေဒၚသုတစ္ေယာက္ေတာ့ ကေလာရိုက္ကြင္းရွိလို့ ၾကည့္ခ်င္တဲ့ ႐ုပ္ရွင္ကားေကာင္းေတြလြတ္ေတာ့မွာမို့ ရင္ထဲမွာ ငိုေနပါၿပီေနာ္….. 😢😢” ဆိုၿပီး မ်ွေဝထားပါတယ္။

ပိုင္ၿဖိဳးသုကေတာ့ သူမတက္ေရာက္တဲ့ ပြဲအခမ္းအနားတိုင္းကို ဂ႐ုတစိုက္နဲ႔ စမတ္က်က် တက္ေရာက္ေလ့ရိွသူ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ပိုင္ၿဖိဳးသုရဲ႕ ခမ္းနားၿပီး က်က္သေရရိွတဲ့ ပြဲတက္ပံုရိပ္ေတြကို သေဘာက်ၾကမယ္ ထင္ပါတယ္ေနာ္။

Credit Rowena

Source: Paing Phyo Thu’s fb

Unicode
မြန်မာဝတ်စုံလေးနဲ့ စမတ်ကျကျ ပွဲတက်လာခဲ့တဲ့ ပိုင်ဖြိုးသု …

ချစ်စရာကောင်းတဲ့ အပြုံးလေးတွေရဲ့ ပိုင်ရှင် မင်းသမီးချောလေး ပိုင်ဖြိုးသုက ပရိသတ်တွေအားလုံး ကြိုက်နှစ်သက် အားပေးရသူလေးပါပဲ။ ပိုင်ဖြိုးသုက ဆရာဝန်မလေးတစ်ဦးဖြစ်ပေမယ့် သူမ ချစ်တဲ့ အနုပညာကို ဝါသနာပါလွန်းလို့ နိုင်ငံခြားထိ အနုပညာကျောင်းတက်ပြီး အနုပညာလုပ်ငန်းတွေကို ဇောက်ချလုပ်ကိုင်နေသူလေး ဖြစ်ပါတယ်။

မနေ့က နိုဝင်ဘာလ (၁၅) ရက်နေ့မှာတော့ ပိုင်ဖြိုးသုက ၇ ကြိမ်မြောက် ကျင်းပတဲ့ Memory Film Festival ကို တက်ရောက်ခဲ့ပါတယ်။ ပိုင်ဖြိုးသုက သးမရဲ့ အတွေ့အကြုံလေးကို အခုလိုပဲ မျှဝေထားပါတယ်။

“Memory Film Festival မှာ နိုင်ငံတကာနဲ့ပြည်တွင်းရုပ်ရှင်ကားပေါင်း ၆၀ ကျော်ကို ပြသသွားမှာ ဖြစ်တဲ့အတွက် ရုပ်ရှင်ချစ်သူတိုင်း သွားရောက်ကြည့်သင့်တဲ့ festival လေးတစ်ခုပါ။”

ဒေါ်သုတစ်ယောက်တော့ ကလောရိုက်ကွင်းရှိလို့ ကြည့်ချင်တဲ့ ရုပ်ရှင်ကားကောင်းတွေလွတ်တော့မှာမို့ ရင်ထဲမှာ ငိုနေပါပြီနော်….. 😢😢” ဆိုပြီး မျှဝေထားပါတယ်။

ပိုင်ဖြိုးသုကတော့ သူမတက်ရောက်တဲ့ ပွဲအခမ်းအနားတိုင်းကို ဂရုတစိုက်နဲ့ စမတ်ကျကျ တက်ရောက်လေ့ရှိသူ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုင်ဖြိုးသုရဲ့ ခမ်းနားပြီး ကျက်သရေရှိတဲ့ ပွဲတက်ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်နော်။

Credit Rowena

Source: Paing Phyo Thu’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.