မြင်နေကျ ပုံစံမျိုးမဟုတ်ဘဲ မရိုးမဆန်းဖက်ရှင်လေးနဲ့လုံခြုံပြီးဆွဲဆောင်မှုတွေပိုနေတဲ့ မတ်မတ်သင်ဇာ

Posted on

ပရိသတ်တွေ တစ်ခဲနက်ကို အားပေးရတဲ့ မော်ဒယ်လ် သရုပ်ဆောင် သင်ဇာဝင့်ကျော်ကတော့ အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစွာနဲ့ လျှောက်လှမ်းနေတဲ့အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။သင်ဇာရဲ့ ဆက်စီ ဆန်ဆန်ဒီဇိုင်းဆန်းလေးတွေကလည်း ပွဲတစ်ပွဲကိုတက်ရောက်လာတိုင်း ပရိသတ်တွေက အံ့အားသင့်ပြီး သင်ဇာ့ရဲ့အလှအပတွေကို ငေးမောနေကျဖြစ်ပါတယ်။

ပရိသတ်တွေကတော့ သင်ဇာ့ရဲ့စတိုင်လ်နဲ့ယုံကြည်မှုရှိစွာ လျှောက်လှမ်းနေပုံလေးတွေကို ချစ်နေရတာဖြစ်ပါတယ်။သင်ဇာ့ရဲ့ လက်တလောအနုပညာလှုပ်ရှားမှုတွေကတော့ ပွဲအခမ်းအနားတွေတက် ကြော်ငြာတွေရိုက်ကူးနေပြီး ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားကိုလည်း လက်ခံထားတာတွေ့ရပါတယ်နော်။သင်ဇာ့ရဲ့ အလှအပတွေကတော့ တစ်နေ့တစ်ခြားပိုပိုလှလာပြီး ဆွဲဆောင်မှုပိုရှိလာတာကိုတွေ့ရပါတယ်။

လက်တလောမှာ သင်ဇာ့က ဆက်စီ တွေဝတ်ရတာရိုးလာတဲ့ စိတ်အပြောင်းအလဲလေးဖြစ်နေတာကြောင့် ပွဲတွေတက်တိုင်းမှာ လုံလုံခြုံခြုံလေးနဲ့ဆွဲဆောင်မှုတွေပိုနေတာဖြစ်ပါတယ်။အခုဆိုရင်တော့ သင်ဇာက”GOLD AYA MOTORS Brand & New Model Launch Ceremony”ကို မြင်သူတကာငေးမယ့် ရွှေရောင်ဝတ်စုံလေးဝတ်ပြီး တက်ရောက်လာတဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

22

Source:Thin Zar Wint Kyaw
ခရက်ဒစ် myanmarload

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.