“မြင်သူပရိသတ်တိုင်းရဲ့ ရင်မှာ ကြည်နူးသွားစေမယ့် ပြုံးပျော်မှုလေးတွေနဲ့အတူ ပိုက်ဆံကျဲနေတဲ့ စိုင်းလွှမ်းသမီးလေး စစ်လွန်းဝတီထက်ရဲ့ ဗီဒီယိုဖိုင်”

Posted on

ပရိသတ်ကြီးရေ သာသနာ့ဘောင်မှာ ပျော်မွေ့နေကြတဲ့ စိုင်းလွှမ်းတို့သားအဖနှစ်ယောက်ကိုတော့ မိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်။ စိုင်းလွှမ်းကတော့ အနုပညာအလုပ်တွေကို တစိုက်မက်မက် လုပ်ကိုင်ရင်း ချစ်ရတဲ့ သမီးလေး စစ်လွန်းဝတီထက်ကို ဂရုတစိုက်နဲ့ ပြုစုပျိုးထောင်ကာ သူ့ရဲ့ နေ့ရက်တွေကို ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းနေသူပဲဖြစ်ပါတယ်နော်.။ မကြာသေးခင်ကမှ ဖခင်ဖြစ်သူ စိုင်းလွှမ်း ဦးဇင်းဝတ်သွားတဲ့နောက်မှာ စစ်လွန်းလေးက သူမပါ မြတ်နိုးတဲ့ ဆံပင်ကို ဖြတ်လှူပြီး မယ်သီလရှင်ဝတ်ကာ သာသနာ့ဘောင်ကို ဝင်ရောက်ခဲ့တာပါ.။

ဖခင်ဖြစ်သူနဲ့အတူတူ သာသနာ့ဘောင်ဝင်ကာ ပျော်ရွှင်အေးချမ်းစွာ ပြုံးပျော်နေတဲ့ မျက်နှာလေးကိုတော့ ဆရာလေး စန္ဒမာလာရဲ့ ပုံတိုင်းမှာ မြင်တွေ့နေရတာ ကြည်နူးဖွယ်အတိပါပဲနော်..။ ဒီနေ့ သြဂုတ်လ (၁၄)ရက်နေ့မှာလည်း ဆရာလေး စန္ဒမာလာက ပိုက်ဆံကျဲကာ ပြုံးပျော်နေတဲ့ ဗီဒီယိုဖိုင်လေးကို ဖခင်ဖြစ်သူ စိုင်းလွှမ်းက “ငွေများကျဲ နေရရင်” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။

ဆရာလေး စန္ဒမာလာကတော့ ပိုက်ဆံတွေကျဲကာ ပြုံးပျော်နေပုံလေးက ကြည့်မိသူတိုင်းပါ ပျော်ရွှင်မှုလေးတွေကို ခံစားစေရမယ်ဆိုတာ အသေအချာပါပဲနော်.ပရိသတ်ကြီး.။ ပရိသတ်ကြီးအတွက် စစ်လွန်းဝတီထက်(ခ) ဆရာလေး စန္ဒမာလာရဲ့ ပိုက်ဆံကျဲကာ ပျော်ရွှင်နေတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်.။

Source: Sai Hlwan’s Facebook
zawgyi



Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.