မြက်နုဇာတ်ကားထဲက နေတိုးရဲ့ကာရိုက်တာကို ကြည့်ပြီးအသည်းယားတယ်ဆိုတဲ့ ပက်ထရစ်ရှာ


 

 

 


 

 


 

 

ခရစ်ဒစ် Cele Gabar

ယူနီကုဒ်ဖြင့်ဖတ်ရန်

အနောက်တိုင်းသူမျက်နှာပေါက်နဲ့အတူ သွယ်လျလှပတဲ့ကိုယ်လုံးလေးကိုပိုင်ဆိုင်ထားတဲ့ မော်ဒယ်လ်မင်းသမီးချောလေးကတော့ ပက်ထရစ်ရှာ(စူးရှနိုင်)ပါ။ပက်ထရစ်ရှာကတော့ ရုပ်ရှင်ဇာတ်ကားတွေထဲမှာ သရုပ်ဆောင်မှုဟန်ပန်တွေက ချစ်စရာကောင်းသလို ဆွဲဆောင်မှုအပြည့်နဲ့လှရက်လွန်းသူတစ်ယောက်ပါ။

အခုရက်ပိုင်းအတွင်း ပရိသတ်တွေစိတ်ဝင်စားနေကြတဲ့ Romance အချစ်ဇာတ်ကားလေးရှိပါတယ်။ဒီဇာတ်ကားလေးနာမည်ကတော့ မြက်နုဖြစ်ပြီး ထိပ်တန်းသရုပ်ဆောင်နှစ်ဦးပါဝင်ထားတာပါ။ဝတ်မှုန်ရွှေရည်ကတော့ ဆယ်ကျော်သက်ကောင်မလေးဂျိတ်အဖြစ်ပါဝင်ထားပြီး နေတိုးကတော့ အသက်ကြီးနေပြီဖြစ်တဲ့ ဦးအရွယ်အဖြစ်ပါဝင်သရုပ်ဆောင်ထားတာပါ။သူတို့နှစ်ဦးကတော့ မရည်ရွယ်ဘဲအိမ်နီးချင်းတွေဖြစ်ခဲ့ကြသလို အချစ်ဇာတ်လမ်းလေးတွေကတော့ ဖြစ်လာခဲ့မှာပါ။

ဒီဇာတ်လမ်းထဲမှာ တည်ငြိမ်ရင့်ကျက်နေပြီဖြစ်တဲ့ ဦးကတော့ ဆယ်ကျော်သက်ကောင်မလေးဂျိတ်ရဲ့ ကလေးဆန်မှုလေးတွေကြားမှာချစ်မိသွားမှာပါ။မြက်နုဇာတ်ကားရဲ့ Cele Show ကိုတက်ရောက်ခဲ့တဲ့ ပက်ထရစ်ရှာကတော့ ဒီဇာတ်ကားလေးကိုကြည့်ပြီး “ကိုနေတိုးရဲ့ကာရိုက်တာကိုကြည့်ြ ပီးအသည်းယားတာပေါ့နော်..မချစ်တာလည်းမဟုတ်ဘူး သူဂျိတ်ကိုချစ်တယ်..မပွင့်မလင်းမြုံစိစိနဲ့ဆိုတော့ ကြည့်ရတဲ့သူက အသည်းတွေယားတာ”ဆိုပြီး ခံစားချက်တွေကို ပြောပြခဲ့ပါတယ်။မြက်နုဇာတ်ကားထဲက နေတိုးရဲ့ဇာတ်ရုပ်ကို ရင်ခုန်စွာကြည့်ခွင့်ရမယ့်နေ့ကတော့ ဇန်နဝါရီလ(၂၃)ရက်နေ့ ကြသပတေးနေ့ပါတဲ့နော်…

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.