ျဖိဳးျပည့္စံုရဲ႕ ျဖစ္ရပ္ကေန ေထာက္ျပလိုက္တဲ့သင္ခန္းစာေတြကို ခ်ျပလိုက္တဲ့ ေဒါက္တာျဖိဳးသီဟ

Zawgyi

ကိုၿဖိဳးျပည့္စုံကိစၥက အ​ေတာ္​ေလး သင္ခန္းစာ ယူစရာ​ေကာင္းတယ္။ ျမန္မာႏိုင္ငံဟာ ပိုလို႔ ပိုလို႔ စိတ္ပ်က္စရာ​ေကာင္းလာတယ္။ ​​ေမွ်ာ္လင့္ခ်က္ မဲ့လာတယ္။ နာမည္​ေက်ာ္တစ္​ေယာက္ ျဖစ္လို႔ လူသိသြားတယ္၊ ပုံရိပ္ထိခိုက္တယ္ ဆို​ေပမဲ့ နာမည္​ေက်ာ္ျဖစ္လို႔လည္း ခု​လို အဆင္​ေျပတာ ​ေျပာရမယ္။ မဟုတ္ရင္ လူမသိ သူမသိနဲ႔ ပါသြားဦးမွာ။ ထား​ေတာ့၊ ဒါ​ေတြ​ေျပာရင္ ရင္​ေမာတယ္၊ အသက္တိုမယ္၊ ႐ုပ္ရင့္မယ္။ ထူးမလာတဲ့အျပင္ ကိုယ္ပါ တရားစြဲခံ​ေနရဦးမယ္။

ခုက​ေတာ့ အ​ေတြး​ေလးတစ္ခု ​ေဝမွ်ခ်င္တာပါ။

ကိုၿဖိဳးျပည့္စုံ ခုလိုျဖစ္တဲ့အခါ ​ေဆး​​ေက်ာင္းက သူ႔သူငယ္ခ်င္း​ေတြ၊ အႏုပညာရွင္​ေတြ အ​ေတာ္​ေလး ဝန္းရံၾကတယ္။ ဒါက ပရိသတ္က သူတို႔ႀကိဳက္တဲ့ အဆို​ေတာ္ကို သ​ေဘာက်လို႔ ဘာမွားမွား ဝန္းရံမယ္ဆိုတာနဲ႔ အမ်ားႀကီးကြာတယ္။ ကိုယ့္အက်ိဳးရွိမွာမို႔ ဝင္ဖားၾကတာနဲ႔လည္း မတူဘူး။ သူ႔ဂုဏ္သိကၡာကို ယုံလို႔ကို ​ေထာက္ခံအား​ေပး​ေနတာမ်ိဳး။ ကိုၿဖိဳးက ဒီလိုလူ မဟုတ္ဘူးဆိုတာ​​ေတြခ်ည္း ဖတ္​ေနရတယ္။

တစ္ခါကလည္း မတရားက်င့္မႈနဲ႔ မင္းသားတစ္​ေယာက္ကို အိမ္အကူက စြပ္စြဲ​ေတာ့ သူ႔အမ်ိဳးသမီးက ​ေျဖတယ္၊ ကြၽန္မ​ေယာက္်ားက ဒီလိုလူ မဟုတ္ဘူး၊ အျပည့္အဝ ယုံၾကည္တယ္ ဆိုၿပီး သူ႔အမ်ိဳးသားဘက္က ရပ္တည္တယ္။

BPI က ဆရာ ​ေဒါက္​တာ​ေအာင္​ေဇာ္ဆိုလည္း အဲ့လိုပဲ။ အဂတိမႈနဲ႔ အဖမ္းခံရတဲ့ အထက္လူႀကီးတစ္​ေယာက္ကို ဝန္ထမ္း​ေတြ၊ လုပ္​ေဖာ္ကိုင္ဖက္​ေတြက ငိုယိုၿပီး ဝန္းရံတယ္ ဆိုတာ အ​ေတာ္​ေတြ႕ရခဲတဲ့ ျမင္ကြင္းပါ။ သတိထားမိသမွ် ​ေဆးကုမၸဏီက ဝန္ထမ္း​ေတြဆိုလည္း ဆရာ့ကို အ​ေတာ္​ေလး ​ေထာက္ခံအား​ေပးၾကတာ ​​ေတြ႕ရတယ္။

စဥ္းစားၾကည့္မိတယ္။ က်​ေနာ္မ်ား အဲ့လို ကိုယ့္အျပစ္​ေၾကာင့္ မဟုတ္တဲ့ စြပ္စြဲမႈတခုခုမ်ား ႀကဳံရရင္ က်​ေနာ့္အ​ေၾကာင္း သိတဲ့ က်​ေနာ့္ပတ္ဝန္းက်င္က လူ​ေတြ၊ က်​ေနာ့္သူငယ္ခ်င္း​ေတြ၊ လုပ္​ေဖာ္ကိုင္ဖက္​ေတြေတြက​ေရာ ဘာ​ေျပာၾကမလဲ။

ခုလိုပဲ ကိုၿဖိဳးသီဟက၊ ဆရာၿဖိဳးက အဲ့လိုလူ မဟုတ္ဘူးလို႔ ယုံၾကည္ၾကမွာလား၊ ​ေျပာမရဘူး​ေလလို႔ ​ေစာင့္ၾကည့္ၾကမွာလား။

က်​ေနာ့္ဘဝမွာ ဆဲခံရတဲ့ အႀကိမ္​ေပါင္းမ်ားစြာ ရွိခဲ့ဖူးပါတယ္။ မွတ္မိ​ေနတာ ၂ ခု ​ေျပာရရင္ တစ္ခါက ​ေက်ာင္းဆရာလုပ္ဖို႔ဆိုတဲ့ ရည္မွန္းခ်က္ဟာ နိမ့္တယ္ လို႔ စကားမွားမိလို႔။ ​ေနာက္တစ္ခါက​ေတာ့ ​ေမ​ေမတို႔ အစိုးရ ဆိုတာကို အဓိပၸါယ္​ေကာက္လြဲၾကလို႔။

အဲ့ႏွစ္ႀကိမ္စလုံးမွာ က်​ေနာ့္ဘက္က​ေန ဝန္းရံ​ေျပာ​ေပးမယ့္သူ​ေတြ ရွိခဲ့တယ္။ ဆရာၿဖိဳးက အဲလို သူတစ္ပါး ပ​ေရာ္ဖက္ရွင္ကို ​ေစာ္ကားတတ္တဲ့သူ မဟုတ္ဘူး ဆိုၿပီး ​ေျပာခဲ့တဲ့အထဲ ဆရာ၊ ဆရာ​မ​ေတြကအစ ပါတယ္။ ႏိုင္ငံ​နဲ႔ ပတ္သက္တဲ့ က်​ေနာ့္စိတ္ကိုလည္း ယုံၾကည္သူ​ေတြ အမ်ားႀကီး ရွိခဲ့တယ္။ ဒါ​ေတြဟာ ရစရာမရွိ​ေအာင္ ဆဲခံ​ေနရတဲ့ၾကားထဲက ျပန္ရလိုက္တဲ့ ပီတိ​ေတြလည္း ျဖစ္တယ္။

ဆိုရွယ္မီဒီယာ​ ဆိုတာက​ေတာ့ အလြယ္တကူပဲ လူတစ္​ေယာက္ရဲ႕ ဂုဏ္သိကၡာကို ကြန္မန္႔​ေလးတစ္​ေၾကာင္း၊ ပို႔စ္​ေလးတစ္ခုနဲ႔ နင္း​ေခ်​ပစ္​ေနတဲ့ ​ေနရာမို႔ အမ်ားစုက​ေတာ့ ဆဲတာ ဆိုတာ ရွိမွာပဲ။ တကယ္တမ္း ကိုယ့္အ​ေၾကာင္း ​ေသခ်ာသိ​ေနတဲ့သူ​​ေတြ ဘယ္လိုတုံ႔ျပန္ၾကမလဲ ဆိုတာကသာ က်​ေနာ္ ဘယ္လိုလူလဲ ဆိုတဲ့ က်​ေနာ့္ရဲ႕ပုံရိပ္ကို ထင္ဟပ္​ေစတာပါ။

​ေျပာရရင္ လူတစ္​ေယာက္ရဲ႕ ပုံရိပ္ဆိုတာ သူ ​ေန႔စဥ္နဲ႔အမွ် လုပ္​ေနတဲ့ လုပ္ရပ္၊ အ​ေျပာအဆို၊ အ​ေတြးအႀကံ​​ေတြက​ေနပဲ ျဖစ္လာတာပါ။ အတင္းလုပ္ယူလို႔၊ ယုံၾကည္ခိုင္းလို႔ မရပါဘူး။ ဒါ​ေၾကာင့္ Branding လုပ္တယ္၊ နာမည္တည္​ေဆာက္တယ္ ဆိုတာ သိပ္ထူးထူးျခားျခားႀကီး မဟုတ္ဘူး၊ ကိုယ့္ကိုယ္ကိုယ္ တည္​ေဆာက္ျခင္း၊ ကိုယ့္ရဲ႕ ကာယကံ၊ ဝစီကံ၊ မ​ေနာကံ​ေတြကို ထိန္းသိမ္း​ေစာင့္​ေရွာက္ျခင္းပါပဲ။

ဘယ္သူမွ​ေတာ့ စြပ္စြဲခံ၊ အထင္လြဲမခံခ်င္ပါဘူး။ ဒါ​ေပမဲ့ အဲ့လိုမ်ား မ​ေတာ္တဆ ႀကဳံခဲ့ရရင္ ကိုယ့္အ​ေၾကာင္း သိ​ေနသူ​ေတြ ဝန္းရံ​ေပးရ​ေလာက္​ေအာင္ ယုံၾကည္ခံထိုက္တဲ့ ဂုဏ္သိကၡာမ်ိဳး ကိုယ့္မွာ ရွိ​ေနလား၊ ပုံရိပ္​ေကာင္းတစ္ခု တည္​ေဆာက္ထားႏိုင္လား ဆိုတာက​ေတာ့ လူတိုင္း ကိုယ့္ကိုယ္ကိုယ္ ျပန္​ေမးသင့္တဲ့ ​ေမးခြန္းမ်ိဳး ျဖစ္ပါတယ္။

​ေဒါက္တာ ၿဖိဳးသီဟ
၉.၁၀.၂၀၁၉

Unicode

ကိုဖြိုးပြည့်စုံကိစ္စက အ​တော်​လေး သင်ခန်းစာ ယူစရာ​ကောင်းတယ်။ မြန်မာနိုင်ငံဟာ ပိုလို့ ပိုလို့ စိတ်ပျက်စရာ​ကောင်းလာတယ်။ ​​မျှော်လင့်ချက် မဲ့လာတယ်။ နာမည်​ကျော်တစ်​ယောက် ဖြစ်လို့ လူသိသွားတယ်၊ ပုံရိပ်ထိခိုက်တယ် ဆို​ပေမဲ့ နာမည်​ကျော်ဖြစ်လို့လည်း ခု​လို အဆင်​ပြေတာ ​ပြောရမယ်။ မဟုတ်ရင် လူမသိ သူမသိနဲ့ ပါသွားဦးမှာ။ ထား​တော့၊ ဒါ​တွေ​ပြောရင် ရင်​မောတယ်၊ အသက်တိုမယ်၊ ရုပ်ရင့်မယ်။ ထူးမလာတဲ့အပြင် ကိုယ်ပါ တရားစွဲခံ​နေရဦးမယ်။

ခုက​တော့ အ​တွေး​လေးတစ်ခု ​ဝေမျှချင်တာပါ။

ကိုဖြိုးပြည့်စုံ ခုလိုဖြစ်တဲ့အခါ ​ဆေး​​ကျောင်းက သူ့သူငယ်ချင်း​တွေ၊ အနုပညာရှင်​တွေ အ​တော်​လေး ဝန်းရံကြတယ်။ ဒါက ပရိသတ်က သူတို့ကြိုက်တဲ့ အဆို​တော်ကို သ​ဘောကျလို့ ဘာမှားမှား ဝန်းရံမယ်ဆိုတာနဲ့ အများကြီးကွာတယ်။ ကိုယ့်အကျိုးရှိမှာမို့ ဝင်ဖားကြတာနဲ့လည်း မတူဘူး။ သူ့ဂုဏ်သိက္ခာကို ယုံလို့ကို ​ထောက်ခံအား​ပေး​နေတာမျိုး။ ကိုဖြိုးက ဒီလိုလူ မဟုတ်ဘူးဆိုတာ​​တွေချည်း ဖတ်​နေရတယ်။

တစ်ခါကလည်း မတရားကျင့်မှုနဲ့ မင်းသားတစ်​ယောက်ကို အိမ်အကူက စွပ်စွဲ​တော့ သူ့အမျိုးသမီးက ​ဖြေတယ်၊ ကျွန်မ​ယောက်ျားက ဒီလိုလူ မဟုတ်ဘူး၊ အပြည့်အဝ ယုံကြည်တယ် ဆိုပြီး သူ့အမျိုးသားဘက်က ရပ်တည်တယ်။

BPI က ဆရာ ​ဒေါက်​တာ​အောင်​ဇော်ဆိုလည်း အဲ့လိုပဲ။ အဂတိမှုနဲ့ အဖမ်းခံရတဲ့ အထက်လူကြီးတစ်​ယောက်ကို ဝန်ထမ်း​တွေ၊ လုပ်​ဖော်ကိုင်ဖက်​တွေက ငိုယိုပြီး ဝန်းရံတယ် ဆိုတာ အ​တော်​တွေ့ရခဲတဲ့ မြင်ကွင်းပါ။ သတိထားမိသမျှ ​ဆေးကုမ္ပဏီက ဝန်ထမ်း​တွေဆိုလည်း ဆရာ့ကို အ​တော်​လေး ​ထောက်ခံအား​ပေးကြတာ ​​တွေ့ရတယ်။

စဥ်းစားကြည့်မိတယ်။ ကျ​နော်များ အဲ့လို ကိုယ့်အပြစ်​ကြောင့် မဟုတ်တဲ့ စွပ်စွဲမှုတခုခုများ ကြုံရရင် ကျ​နော့်အ​ကြောင်း သိတဲ့ ကျ​နော့်ပတ်ဝန်းကျင်က လူ​တွေ၊ ကျ​နော့်သူငယ်ချင်း​တွေ၊ လုပ်​ဖော်ကိုင်ဖက်​တွေတွေက​ရော ဘာ​ပြောကြမလဲ။

ခုလိုပဲ ကိုဖြိုးသီဟက၊ ဆရာဖြိုးက အဲ့လိုလူ မဟုတ်ဘူးလို့ ယုံကြည်ကြမှာလား၊ ​ပြောမရဘူး​လေလို့ ​စောင့်ကြည့်ကြမှာလား။

ကျ​နော့်ဘဝမှာ ဆဲခံရတဲ့ အကြိမ်​ပေါင်းများစွာ ရှိခဲ့ဖူးပါတယ်။ မှတ်မိ​နေတာ ၂ ခု ​ပြောရရင် တစ်ခါက ​ကျောင်းဆရာလုပ်ဖို့ဆိုတဲ့ ရည်မှန်းချက်ဟာ နိမ့်တယ် လို့ စကားမှားမိလို့။ ​နောက်တစ်ခါက​တော့ ​မေ​မေတို့ အစိုးရ ဆိုတာကို အဓိပ္ပါယ်​ကောက်လွဲကြလို့။

အဲ့နှစ်ကြိမ်စလုံးမှာ ကျ​နော့်ဘက်က​နေ ဝန်းရံ​ပြော​ပေးမယ့်သူ​တွေ ရှိခဲ့တယ်။ ဆရာဖြိုးက အဲလို သူတစ်ပါး ပ​ရော်ဖက်ရှင်ကို ​စော်ကားတတ်တဲ့သူ မဟုတ်ဘူး ဆိုပြီး ​ပြောခဲ့တဲ့အထဲ ဆရာ၊ ဆရာ​မ​တွေကအစ ပါတယ်။ နိုင်ငံ​နဲ့ ပတ်သက်တဲ့ ကျ​နော့်စိတ်ကိုလည်း ယုံကြည်သူ​တွေ အများကြီး ရှိခဲ့တယ်။ ဒါ​တွေဟာ ရစရာမရှိ​အောင် ဆဲခံ​နေရတဲ့ကြားထဲက ပြန်ရလိုက်တဲ့ ပီတိ​တွေလည်း ဖြစ်တယ်။

ဆိုရှယ်မီဒီယာ​ ဆိုတာက​တော့ အလွယ်တကူပဲ လူတစ်​ယောက်ရဲ့ ဂုဏ်သိက္ခာကို ကွန်မန့်​လေးတစ်​ကြောင်း၊ ပို့စ်​လေးတစ်ခုနဲ့ နင်း​ချေ​ပစ်​နေတဲ့ ​နေရာမို့ အများစုက​တော့ ဆဲတာ ဆိုတာ ရှိမှာပဲ။ တကယ်တမ်း ကိုယ့်အ​ကြောင်း ​သေချာသိ​နေတဲ့သူ​​တွေ ဘယ်လိုတုံ့ပြန်ကြမလဲ ဆိုတာကသာ ကျ​နော် ဘယ်လိုလူလဲ ဆိုတဲ့ ကျ​နော့်ရဲ့ပုံရိပ်ကို ထင်ဟပ်​စေတာပါ။

​ပြောရရင် လူတစ်​ယောက်ရဲ့ ပုံရိပ်ဆိုတာ သူ ​နေ့စဥ်နဲ့အမျှ လုပ်​နေတဲ့ လုပ်ရပ်၊ အ​ပြောအဆို၊ အ​တွေးအကြံ​​တွေက​နေပဲ ဖြစ်လာတာပါ။ အတင်းလုပ်ယူလို့၊ ယုံကြည်ခိုင်းလို့ မရပါဘူး။ ဒါ​ကြောင့် Branding လုပ်တယ်၊ နာမည်တည်​ဆောက်တယ် ဆိုတာ သိပ်ထူးထူးခြားခြားကြီး မဟုတ်ဘူး၊ ကိုယ့်ကိုယ်ကိုယ် တည်​ဆောက်ခြင်း၊ ကိုယ့်ရဲ့ ကာယကံ၊ ဝစီကံ၊ မ​နောကံ​တွေကို ထိန်းသိမ်း​စောင့်​ရှောက်ခြင်းပါပဲ။

ဘယ်သူမှ​တော့ စွပ်စွဲခံ၊ အထင်လွဲမခံချင်ပါဘူး။ ဒါ​ပေမဲ့ အဲ့လိုများ မ​တော်တဆ ကြုံခဲ့ရရင် ကိုယ့်အ​ကြောင်း သိ​နေသူ​တွေ ဝန်းရံ​ပေးရ​လောက်​အောင် ယုံကြည်ခံထိုက်တဲ့ ဂုဏ်သိက္ခာမျိုး ကိုယ့်မှာ ရှိ​နေလား၊ ပုံရိပ်​ကောင်းတစ်ခု တည်​ဆောက်ထားနိုင်လား ဆိုတာက​တော့ လူတိုင်း ကိုယ့်ကိုယ်ကိုယ် ပြန်​မေးသင့်တဲ့ ​မေးခွန်းမျိုး ဖြစ်ပါတယ်။

​ဒေါက်တာ ဖြိုးသီဟ
၉.၁၀.၂၀၁၉

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.