ပြန်ဝယ်ရခက်တဲ့ BMW အမျိုးအစား ကားတံဆိပ်ပြားဒုတိယအကြိမ် အခိုးခံလိုက်ရတဲ့ ဧငြိမ်းဖြူ

Posted on

ပြန်ဝယ်ရခက်တဲ့ BMW အမျိုးအစား ကားတံဆိပ်ပြားဒုတိယအကြိမ် အခိုးခံလိုက်ရတဲ့ ဧငြိမ်းဖြူ

ဧငြိမ်းဖြူ ကတော့ Cover Dance တွေကို ကပြတင်ဆက်ရင်း ပရိသတ်တွေသတိထားမိလာတာပဲ ဖြစ်ပြီး ဒါ့အပြင် ” စိုးမိုးမေတ္တာ ” ကဲ့သို့သော ရှေးခေတ် ရေဒီယိုဇာတ်လမ်းတွေကို နောက်ခံအသံနဲ့ပြန်သရုပ်ဆောင်ရင်း ပိုအောင်မြင်လာတာပဲ ဖြစ်ပါတယ်။လက်ရှိမှာမော်ဒယ်လ်တစ်ယောက် အဖြစ်သာမက သရုပ်ဆောင်မင်းသမီးတစ်ဦးပါဖြစ်တဲ့ သူမကို ယောကျာ်းလေးပရိသတ်တွေ အားပေးဝန်းရံခြင်းခံထားရတာပဲ ဖြစ်ပါတယ်။

 

 

ဧငြိမ်းဖြူ ကိုချစ်တဲ့ပရိသတ်တွေက Queen Aလို့ ချစ်စနိုးနဲ့ခေါ်လေ့ရှိတာပဲဖြစ်ပြီး ဘာသာတရားကိုင်းရှိုင်းသလို အလှူအတန်းမကြာခဏပြုလုပ်လေ့ရှိသူဆိုလည်းမမှားပါဘူးနော်။ ဓာတ်ပုံရိုက်တာဝါသနာပါတဲ့သူမကတော့ မကြာခဏ အမိုက်စားဖက်ရှင်တွေနဲ့အတူ ခပ်မိုက်မိုက်စတိုင်နဲ့ပုံရိပ်လေးတွေကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဝေမျှလေ့ရှိတာပဲ ဖြစ်ပါတယ်။သူမရဲ့ပရိသတ်တွေကသူမရဲ့မွေးနေ့ရောက်တိုင်း Surprise လေးတွေလုပ်ပေးလေ့ရှိပြီး ပရိသတ်နဲ့အတူအလှူလေးတွေလုပ်လေ့ရှိသူပါ။

 

 

လတ်တလောမှာတော့ သူမရဲ့ကားဘီးကတံဆိပ်ပြားကို ခိုးခံလိုက်ရတာကြောင့် ဝမ်းနည်းနေတာပဲ ဖြစ်ပြီး အခုလိုကားတံဆိပ်ပြား အခိုးခံရတာဟာ ဒီတစ်ခါမှာတော့ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။ ပထမအကြိမ်မှာတုန်းကလည်း ကားအဖုံးက တံဆိပ်ပြားကိုခိုးခံခဲ့ရတာပဲဖြစ်ပြီး သူမရဲ့ကားမော်ဒယ်လ်အမျိုးအစားကြောင့် ပြန်ရှာရတာခက်တာမို့ ” သြော် ဘယ်နှယ့် …ဘယ်လိုစိတ်ဓာတ်နဲ့လူတွေလဲ။ဘာလို့ကားတံဆိပ်ပြားတွေခိုးကြတာလဲ စဉ်းစားလို့မရဘူး။

 

 

ဟိုတစ်ခါကလဲ ကားအဖုံးကဟာဖြုတ်ခိုးခံရပြီးပြီ ခုလဲဘီးကဟာဖြုတ်ခိုးသွားပြန်ပြီ။ ပြန်ရှာရခက်ပါတယ်ဆို ငါရူးချင်တာပဲ။ လူတွေတကယ်မကောင်းတာပဲ ” ဆိုပြီး Queen Aလေးတစ်ယောက် သူမရဲ့လူမှုကွန်ရက်စာမျက်နှာရဲ့ MyDay မှာ ရင်ဖွင့်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရေ Queen A လေးကိုချစ်ရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

လေးစားစွာဖြင့် ခရစ်ဒက် — everytimestory

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.