ျပန္လည္ေပါင္းစည္းၾကမယ့္အေျခအေနနဲ႔ပတ္သတ္ၿပီး 2NE1 အဖြဲ႕ဝင္ေတြရဲ႕ခံစားခ်က္ေတြကို မွ်ေဝေျပာျပလာတဲ့ Gong Minzy

Posted on

ေတာင္ကိုရီးယားႏိုင္ငံရဲ႕နာမည္ႀကီးအမ်ိဳးသမီးအဆိုေတာ္အဖြဲ႕တစ္ဖြဲ႕ျဖစ္တဲ့ 2NE1 ရဲ႕ အဖြဲ႕ဝင္ေဟာင္းတစ္ေယာက္ျဖစ္သူ Gong Minzy ဟာဆိုရင္ NYLON မဂၢဇင္းရဲ႕အင္တာဗ်ဴးတစ္ခုမွာ ပရိသတ္ေတြအရမ္းသိခ်င္ေနၾကတဲ့ သူမတို႔အဖြဲ႕ျပန္လည္ေပါင္းစည္းၾကမယ့္ အေျခအေနနဲ႔ပတ္သတ္ၿပီး ဖြင့္ဟေျပာျပလို႔သြားခဲ့ပါတယ္။ လြန္ခဲ့တဲ့ ၁၁ ႏွစ္တုန္းက 2NE1 ရဲ႕အဖြဲ႕ဝင္အျဖစ္စတင္ပြဲထြက္ခဲ့တဲ့ Minzy ဟာ အဖြဲ႕ကေနထြက္ခြာလာခဲ့တာ အခုဆိုရင္ ၄ ႏွစ္ရွိေနၿပီျဖစ္ေပမယ့္လည္း သူမနဲ႔အတူက်န္ရွိတဲ့အဖြဲ႕ဝင္ ၃ ေယာက္လုံးရဲ႕ဆက္ဆံေရးက ဒီေန႔အခ်ိန္ထိေႏြးေထြးမႈရွိေနဆဲျဖစ္ကာ တစ္ေယာက္နဲ႔တစ္ေယာက္လည္း အားလပ္ခ်ိန္ေတြ၊ အမွတ္တရေန႔ရက္မ်ိဳးေတြမွာ ေတြ႕ဆုံျဖစ္ၾကတာကိုေတြ႕ရပါတယ္။

ပရိသတ္ေတြသိခ်င္ေနၾကတဲ့ သူမတို႔အဖြဲ႕ျပန္လည္ေပါင္းစည္းၾကမယ့္အေျခအေနနဲ႔ပတ္သတ္ၿပီး Minzy ေျပာျပရမွာေတာ့ သူမတို႔အဖြဲ႕ဝင္ ၄ ေယာက္လုံးဟာ ဒီလိုမ်ိဳးေပါင္းစည္းၾကဖို႔စိတ္ဆႏၵရွိၾကကာ ေသခ်ာေပါက္လည္းအေကာင္အထည္ေဖာ္မွာျဖစ္တယ္လို႔ သိရပါတယ္။ ဒါေပမယ့္လည္း ဘယ္အခ်ိန္လဲဆိုတာကို အတိအက်မသိရေသးဘူးဆိုတာကို “အဖြဲ႕ဝင္ေတြအကုန္လုံးက ငါတို႔ေတြ အဖြားႀကီးေတြမျဖစ္ခင္ေတာ့ ျပန္ၿပီးေပါင္းစည္းမွျဖစ္မယ္ဆိုၿပီး စေနာက္ေျပာၾကတာေတာ့ရွိတယ္ရွင့္…အခြင့္အေရးရလာရင္ေတာ့ ကြၽန္မတို႔ရဲ႕ကိုယ္ပိုင္နည္းလမ္းနဲ႔ ကြၽန္မတို႔ေတြျပန္ၿပီးေပါင္းစည္းၾကမွာပါ” လို႔ဆိုကာ ေျပာျပသြားခဲ့တာျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ Dara တစ္ဦးတည္းကသာ YG Entertainment ရဲ႕လက္ေအာက္မွာရွိေနဆဲျဖစ္ၿပီး CL, Park Bom နဲ႔ Minzy တို႔ကေတာ့ ေအဂ်င္စီအသစ္ေတြနဲ႔လက္တြဲကာ တစ္ကိုယ္ေတာ္အႏုပညာလႈပ္ရွားမႈေတြကိုျပဳလုပ္လွ်က္ရွိေနတာျဖစ္ပါတယ္။

Ref : Koreaboo

Unicode

တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးအမျိုးသမီးအဆိုတော်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ 2NE1 ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်သူ Gong Minzy ဟာဆိုရင် NYLON မဂ္ဂဇင်းရဲ့အင်တာဗျူးတစ်ခုမှာ ပရိသတ်တွေအရမ်းသိချင်နေကြတဲ့ သူမတို့အဖွဲ့ပြန်လည်ပေါင်းစည်းကြမယ့် အခြေအနေနဲ့ပတ်သတ်ပြီး ဖွင့်ဟပြောပြလို့သွားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၁ နှစ်တုန်းက 2NE1 ရဲ့အဖွဲ့ဝင်အဖြစ်စတင်ပွဲထွက်ခဲ့တဲ့ Minzy ဟာ အဖွဲ့ကနေထွက်ခွာလာခဲ့တာ အခုဆိုရင် ၄ နှစ်ရှိနေပြီဖြစ်ပေမယ့်လည်း သူမနဲ့အတူကျန်ရှိတဲ့အဖွဲ့ဝင် ၃ ယောက်လုံးရဲ့ဆက်ဆံရေးက ဒီနေ့အချိန်ထိနွေးထွေးမှုရှိနေဆဲဖြစ်ကာ တစ်ယောက်နဲ့တစ်ယောက်လည်း အားလပ်ချိန်တွေ၊ အမှတ်တရနေ့ရက်မျိုးတွေမှာ တွေ့ဆုံဖြစ်ကြတာကိုတွေ့ရပါတယ်။

ပရိသတ်တွေသိချင်နေကြတဲ့ သူမတို့အဖွဲ့ပြန်လည်ပေါင်းစည်းကြမယ့်အခြေအနေနဲ့ပတ်သတ်ပြီး Minzy ပြောပြရမှာတော့ သူမတို့အဖွဲ့ဝင် ၄ ယောက်လုံးဟာ ဒီလိုမျိုးပေါင်းစည်းကြဖို့စိတ်ဆန္ဒရှိကြကာ သေချာပေါက်လည်းအကောင်အထည်ဖော်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဘယ်အချိန်လဲဆိုတာကို အတိအကျမသိရသေးဘူးဆိုတာကို “အဖွဲ့ဝင်တွေအကုန်လုံးက ငါတို့တွေ အဖွားကြီးတွေမဖြစ်ခင်တော့ ပြန်ပြီးပေါင်းစည်းမှဖြစ်မယ်ဆိုပြီး စနောက်ပြောကြတာတော့ရှိတယ်ရှင့်…အခွင့်အရေးရလာရင်တော့ ကျွန်မတို့ရဲ့ကိုယ်ပိုင်နည်းလမ်းနဲ့ ကျွန်မတို့တွေပြန်ပြီးပေါင်းစည်းကြမှာပါ” လို့ဆိုကာ ပြောပြသွားခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ Dara တစ်ဦးတည်းကသာ YG Entertainment ရဲ့လက်အောက်မှာရှိနေဆဲဖြစ်ပြီး CL, Park Bom နဲ့ Minzy တို့ကတော့ အေဂျင်စီအသစ်တွေနဲ့လက်တွဲကာ တစ်ကိုယ်တော်အနုပညာလှုပ်ရှားမှုတွေကိုပြုလုပ်လျှက်ရှိနေတာဖြစ်ပါတယ်။

Ref : Koreaboo

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.