ျပန္မလာေတာ့မယ့္ ခရီးရွည္ၾကီးကို ထြက္ခြာသြားျပီျဖစ္တဲ့ မီးမီးခဲအတြက္ ခင္ပြန္းျဖစ္သူ ကို Brice ေရးတဲ့ ဝမ္းနည္းဖြယ္ရာ စာတစ္ေစာင္

Posted on

တောက်ပတဲ့ ဂီတကြယ်ပွင့်တစ်ပွင့်ဖြစ်တဲ့ အဆိုတော် မီးမီးခဲကတော့ အချိန်မတန်သေးပဲ စောစီးစွာ ကြွေလွင့်သွားခဲ့ပြီ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် သီချင်းတွေနဲ့ ခံစားမှုရသပေါင်းစုံကို ပေးစွမ်းနိုင်ခဲ့တဲ့ အဆိုတော်ကောင်းတစ်ယောက် ကွယ်လွန်သွားတဲ့အပေါ် ပရိသတ်တွေကလည်း စိတ်မကောင်းဝမ်းနည်းကြသလို မီးမီးခဲရဲ့ မိသားစု၊ မိတ်ဆွေ၊ အသိုင်းအဝိုင်းကလည်း ပူဆွေးနေကြတာပဲ ဖြစ်ပါတယ်။ မီးမီးခဲရဲ့ ခင်ပွန်းဖြစ်သူ ကို Brice ကလည်း မီးမီးခဲရဲ့ နောက်ဆုံးခရီးအတွက် ဝမ်းနည်းစရာ စာတစ်စောင်ကို အခုလိုပဲ မျှဝေပေးလာတာပဲ ဖြစ်ပါတယ်။

(၂၀၂၀) အောက်တိုဘာလ (၁၆) ရက်နေ့မှာ ကျွန်တော်တို့မိသားစုရဲ့ ယုံကြည်အားထားရာဖြစ်တဲ့ မီးမီးခဲကတော့ ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့ပြီဖြစ်တဲ့အတွက် စိတ်မကောင်းကြီးစွာ ဖြစ်ရပါတယ်။ မီးမီးခဲနဲ့အတူတူ သူမအရမ်းချစ်တဲ့ ကလေးသုံးယောက်နဲ့ ပျော်စရာကောင်းတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ခွင့်ပေးခဲ့တဲ့ ဘုရားသခင်ကိုလည်း ကျေးဇူးတင်ပါတယ်။ မီးမီးခဲနဲ့ လက်ထပ်ခဲ့တဲ့ (၅) နှစ်ကျော်တာ ကာလမှာ မီးမီးခဲရဲ့ အချစ်တွေ၊ ဂရုစိုက်မှုတွေ၊ ပျော်ရွှင်မှုတွေနဲ့ နေ့စဉ်နေ့တိုင်းမှာ ပျော်ရွှင်ကြည်နူးခဲ့ရပါတယ်။ မီးမီးခဲက သူမရဲ့ ရင်သားကင်ဆာဝေဒနာကို လွန်ခဲ့တဲ့ (၃)နှစ်ကတည်းက နောက်ဆုံးထွက်သက်အချိန်ထိ ခုခံတိုက်ခိုက်ခဲ့ပါတယ်။ သူမ သိပ်ကြာကြာမနေနိုင်တော့ဘူးဆိုတာ သိလိုက်ချိန်မှာတော့ ကျွန်တော်တို့ အကောင်းဆုံးနဲ့ အေးအေးဆေးဆေးဖြစ်အောင်ပဲ နေထိုင်ခဲ့ကြတယ်။ မီးမီးခဲတစ်ယောက် မရှိတော့ပေမယ့် သူမရဲ့ သီချင်းတွေနဲ့ သူမရဲ့ အကြောင်းတွေကတော့ ကျန်ရစ်နေဦးမှာပါ။”

“ကျွန်တော်တို့ မိသားစုအတွက် ခက်ခဲပင်ပန်းနေတဲ့အချိန်တွေမှာ အားပေးကူညီပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ သြစတေးလျနဲ့ မြန်မာပြည်က မိသားစုဝင်တွေလည်း မီးမီးခဲအတွက် ဆုတောင်းပေးခဲ့ကြတာ ကျွန်တော်တို့ အားလုံး သိရှိခံစားမိပါတယ်။ ပြီးတော့ မီးမီးခဲရဲ့ အနုပညာသက်တမ်း နှစ် (၂၀) လုံးလုံး အားပေးကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ မီးမီးခဲရဲ့ ဝမ်းနည်းစရာသတင်းကို သေချာပြည့်ပြည့်စုံစုံမပြောပြနိုင်သေးလို့ ကျွန်တော့်ကို နားလည်ပေးကြမယ်လို့ မျှော်လင့်ပါတယ်။ ငါမင်းကို အမြဲတမ်းချစ်နေမယ် EH ရေ..” ဆိုပြီး မီးမီးခဲရဲ့ ဖေ့စ်ဘုတ်ပေ့ချ်ကနေတဆင့် ပြောထားပါတယ်။

မီးမီးခဲကတော့ ကွယ်လွန်သွားချိန်မှာ အသက် (၃၇) နှစ် အရွယ်သာရှိသေးပေးပြီး သမီးကြီး ဖြူဖြူစင်စင်လင်း၊ သမီးလတ် Narnia နဲ့ သားငယ် Napolion တို့ ကျန်ရစ်ခဲ့တာပဲ ဖြစ်ပါတယ်။ မီးမီးခဲတစ်ယောက် အေးချမ်းတဲ့အရပ်မှာ ကောင်းမွန်စွာ အနားယူနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Mee Mee Khel-မီးမီးခဲ’s fb

zawgyi

ေတာက္ပတဲ့ ဂီတၾကယ္ပြင့္တစ္ပြင့္ျဖစ္တဲ့ အဆိုေတာ္ မီးမီးခဲကေတာ့ အခ်ိန္မတန္ေသးပဲ ေစာစီးစြာ ေႂကြလြင့္သြားခဲ့ၿပီ ျဖစ္ပါတယ္။ ပရိသတ္ေတြအတြက္ သီခ်င္းေတြနဲ႔ ခံစားမႈရသေပါင္းစုံကို ေပးစြမ္းႏိုင္ခဲ့တဲ့ အဆိုေတာ္ေကာင္းတစ္ေယာက္ ကြယ္လြန္သြားတဲ့အေပၚ ပရိသတ္ေတြကလည္း စိတ္မေကာင္းဝမ္းနည္းၾကသလို မီးမီးခဲရဲ႕ မိသားစု၊ မိတ္ေဆြ၊ အသိုင္းအဝိုင္းကလည္း ပူေဆြးေနၾကတာပဲ ျဖစ္ပါတယ္။ မီးမီးခဲရဲ့ ခင္ပြန္းျဖစ္သူ ကို Brice ကလည္း မီးမီးခဲရဲ့ ေနာက္ဆံုးခရီးအတြက္ ဝမ္းနည္းစရာ စာတစ္ေစာင္ကို အခုလိုပဲ မွ်ေဝေပးလာတာပဲ ျဖစ္ပါတယ္။

(၂၀၂၀) ေအာက္တိုဘာလ (၁၆) ရက္ေန႔မွာ ကြၽန္ေတာ္တို႔မိသားစုရဲ႕ ယံုၾကည္အားထားရာျဖစ္တဲ့ မီးမီးခဲကေတာ့ ဘဝတစ္ပါးသို့ ကူးေျပာင္းသြားခဲ့ျပီျဖစ္တဲ့အတြက္ စိတ္မေကာင္းၾကီးစြာ ျဖစ္ရပါတယ္။ မီးမီးခဲနဲ့အတူတူ သူမအရမ္းခ်စ္တဲ့ ကေလးသံုးေယာက္နဲ့ ေပ်ာ္စရာေကာင္းတဲ့ ဘဝတစ္ခုကို ပိုင္ဆိုင္ခြင့္ေပးခဲ့တဲ့ ဘုရားသခင္ကိုလည္း ေက်းဇူးတင္ပါတယ္။ မီးမီးခဲနဲ့ လက္ထပ္ခဲ့တဲ့ (၅) နွစ္ေက်ာ္တာ ကာလမွာ မီးမီးခဲရဲ့ အခ်စ္ေတြ၊ ဂရုစိုက္မႈေတြ၊ ေပ်ာ္ရႊင္မႈေတြနဲ့ ေန့စဥ္ေန့တိုင္းမွာ ေပ်ာ္ရႊင္ၾကည္နူးခဲ့ရပါတယ္။ မီးမီးခဲက သူမရဲ့ ရင္သားကင္ဆာေဝဒနာကို လြန္ခဲ့တဲ့ (၃)နွစ္ကတည္းက ေနာက္ဆံုးထြက္သက္အခ်ိန္ထိ ခုခံတိုက္ခိုက္ခဲ့ပါတယ္။ သူမ သိပ္ၾကာၾကာမေနနိုင္ေတာ့ဘူးဆိုတာ သိိလိုက္ခ်ိန္မွာေတာ့ ကၽြန္ေတာ္တို့ အေကာင္းဆံုးနဲ့ ေအးေအးေဆးေဆးျဖစ္ေအာင္ပဲ ေနထိုင္ခဲ့ၾကတယ္။ မီးမီးခဲတစ္ေယာက္ မရိွေတာ့ေပမယ့္ သူမရဲ့ သီခ်င္းေတြနဲ့ သူမရဲ့ အေၾကာင္းေတြကေတာ့ က်န္ရစ္ေနဦးမွာပါ။”

“ကၽြန္ေတာ္တို့ မိသားစုအတြက္ ခက္ခဲပင္ပန္းေနတဲ့အခ်ိန္ေတြမွာ အားေပးကူညီေပးၾကတဲ့ တစ္ဦးတစ္ေယာက္ခ်င္းစီကိုလည္း ေက်းဇူးအမ်ားၾကီးတင္ပါတယ္။ ၾသစေတးလ်နဲ့ ျမန္မာျပည္က မိသားစုဝင္ေတြလည္း မီးမီးခဲအတြက္ ဆုေတာင္းေပးခဲ့ၾကတာ ကၽြန္ေတာ္တို့ အားလံုး သိရိွခံစားမိပါတယ္။ ျပီးေတာ့ မီးမီးခဲရဲ့ အနုပညာသက္တမ္း နွစ္ (၂၀) လံုးလံုး အားေပးၾကတဲ့ ပရိသတ္ေတြကိုလည္း ေက်းဇူးတင္ပါတယ္။ မီးမီးခဲရဲ့ ဝမ္းနည္းစရာသတင္းကို ေသခ်ာျပည့္ျပည့္စံုစံုမေျပာျပနိုင္ေသးလို့ ကၽြန္ေတာ့္ကို နားလည္ေပးၾကမယ္လို့ ေမွ်ာ္လင့္ပါတယ္။ ငါမင္းကို အျမဲတမ္းခ်စ္ေနမယ္ EH ေရ..” ဆိုျပီး မီးမီးခဲရဲ့ ေဖ့စ္ဘုတ္ေပ့ခ်္ကေနတဆင့္ ေျပာထားပါတယ္။

မီးမီးခဲကေတာ့ ကြယ္လြန္သြားခ်ိန္မွာ အသက္ (၃၇) နွစ္ အရြယ္သာရိွေသးေပးျပီး သမီးၾကီး ျဖဴျဖဴစင္စင္လင္း၊ သမီးလတ္ Narnia နဲ့ သားငယ္ Napolion တို့ က်န္ရစ္ခဲ့တာပဲ ျဖစ္ပါတယ္။ မီးမီးခဲတစ္ေယာက္ ေအးခ်မ္းတဲ့အရပ္မွာ ေကာင္းမြန္စြာ အနားယူနိုင္ပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Mee Mee Khel-မီးမီးခဲ’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.