ပြည်သူများရဲ့ ဝေဖန်ချက်များစွာ မြင့်တက်နေတဲ့ MasterChef Myanmar Season 2

Posted on

MasterChef Myanmar Season 2 အစီအစဉ်ကို ဇူလိုင်လ (၁၄) ရက်နေ့ ည (၇) နာရီအချိန်မှာ စတင်ပြသခဲ့တာ ဖြစ်ပြီး ဟင်းချက်ဝါသနာရှင်ပေါင်းများစွာက သူတို့ရဲ့ အရည်အချင်းများကို အစွမ်းကုန် ထုတ်သုံးကာ ကြိုးစားယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်သာမက နိုင်ငံတကာမှာပါ ထင်ရှားကျော်ကြားတဲ့ Professional Chef များမှ ဒိုင်လူကြီးများဖြစ်သလို Master Chef Myanmar Season (1) မှာ ပါဝင်အကဲဖြတ်အမှတ် ပေးခဲ့ကြတဲ့ ဦးရဲထွဋ်ဝင်း (Sharky’s) နဲ့ ဒေါ်ဖြူဖြူတင်တို့က ထပ်မံပါဝင်အကဲဖြတ်ပေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒိုင်လူကြီးမင်း (၃) ဦးက ပါဝင်ယှဉ်ပြိုင်ကြသူများရဲ့ လက်စွမ်းပြထားတဲ့ ဟင်းပွဲများကို မြည်းစမ်းကြည့်ပြီးတဲ့အခါမှာ အကြိုက်မတွေ့ကြောင်း၊ မကောင်းဘူး စုတ်ပြတ်ကြောင်း၊ ပန်းကန်ကို အားနာကြောင်း စတဲ့ ဝေဖန်ချက်များ ပေးခဲ့ပြီး ပန်းကန်ထဲက အစားအစာများကို အမှိုက်ပုံးထဲသို့ လွှင့်ပစ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒိုင်များရဲ့ ပြင်းထန်တဲ့ ဝေဖန်ချက်အဆိုပြုချက်များက ပြိုင်ပွဲဝင်သူအမြောက်အများကို စိတ်ထိခိုက်ကာ စိတ်မကောင်းဖြစ်စေခဲ့ပြီး အချို့ဆိုရင် မျက်ရည်များ ကျမတတ်ဖြစ်ခဲ့ကြပါတယ်။

ထိုပရိုဂရမ်ကို စောင့်ကြည့်အားပေးနေကြတဲ့ ပြည်သူပရိသတ်များနဲ့ လူမှုကွန်ယက် သုံးစွဲနေကြသူများက ဒိုင်လူကြီးမင်းများရဲ့ လုပ်ရပ်အပေါ် မကျေမနပ်ဖြစ်ခဲ့ကြပြီး ဝေဖန်ချက်ဆိုးများစွာ ပေးခဲ့ကြပါတယ်။ လက်ရှိ လူမှုကွန်ယက်ပေါ်တွင် ရေပန်းစားဆုံးနဲ့ လူကြည့်လူပြောများနေတာကတော့ MasterChef Myanmar Season 2 ပဲ ဖြစ်ပါတယ်။ ဗီဒီယိုဟာသများနဲ့ troll များကလည်း ဆက်တိုက်ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

ဗီဒီယို ကြည့်ရှုရန်

Video – MasterChef Myanmar FB Page

Source – MasterChef Myanmar FB Page

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.