” ပြည်သူချစ်ဇာတ်လမ်းတွဲမင်းသားနှစ်ဦးနဲ့အတူ အချစ်ဆုံးသူငယ်ချင်ယွန်းယွန်းတို့နဲ့​ပူးပေါင်းကာ ထူးခြားတဲ့အစီအစဉ်တစ်ခုကိုပုံဖော်​ဖို့ကြိုးပမ်းနေတဲ့သဇင်ထူးမြင့်”

Posted on





Unicode

ပရိတ်သတ်ကြီးရေ သဇင်ထူးမြင့် ကတော့ ဒါရိုက်တာလဲဖြစ် ဟာသဇာတ်ပို့သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်တဲ့ ခင်လှိုင်ရဲ့ အထွေးဆုံးသမီးလေးပဲ ဖြစ်ပါတယ်။( ၂၀၁၈) အကယ်ဒမီရွှေကြိုကနေ ပရိသတ်တွေ စတင်သတိထားမိလာတာ ဖြစ်တဲ့အပြင် ချစ်စရာကောင်းပြီး အေးဆေးတည်ငြိမလွန်းတဲ့ သူမရဲ့ဟန်ပန်လေးကြောင့် အမျိုးသားထုကြီး ရင်ကိုလှုပ်ခတ်စေခဲ့သူပါ။

သူမကိုယ်သူမ ” သဲ ” ဆိုတဲ့ အသုံးအနှုန်းလေးကြောင့် အမျိုးသားပရိသတ်တွေ ပိုပြီး အချစ်ပိုစေခဲ့တာ ဆိုလည်း မမှားပါဘူးနော်။သူမကတော့အခုချိန်ထိ အချစ်ရေးသတင်းလည်းဘာမှမကြားရဘဲ မိသားစုသူငယ်ချင်းတွေကိုအချိန်ပေးကာ Singleအဖြစ်တစ်ယောက်ထဲအေးချမ်းစွာနေထိုင်တတ်သူပဲ ဖြစ်ပါတယ်။

မကြာသေးမီကလည်း သူမရဲ့ဖေဖေကိုယ်တိုင်ဒါရိုက်တာလုပ်ကာရိုက်ကူးခဲ့တဲ့ “ဆိုးပေ”ရုပ်ရှင်ကိုရိုက်ကူးခဲ့တာဖြစ်ပါတယ်။ဒီနေ့မှာတော့ ”အစီစဉ်အသစ်လေးတွက် တိုင်ပင်💁🏻‍♀️Best friend နှစ်တွဲမို့ ဘယ်လိုလေးဖြစ်မလဲဆိုတာကတော့…. stay tuned 🙊”ဆိုတဲ့စာလေးနဲ့ပရိသတ်တွေကိုအစီအစဉ်အသစ်လေးတွေကို သူမရဲ့အချစ်ဆုံးသူငယ်ချင်း ယွန်းယွန်းနဲ့အတူ ပြည်သူချစ်ဇာတ်လမ်းတွဲမင်းသားချောနှစ်ဦးဖြစ်တဲ့ အောင်မင်းခန်နဲ့ စည်သူဝင်းတို့သူငယ်ချင်းနှစ်ယောက်နဲ့အတူ ဖန်တီပုံဖော်ဖို့ကြိုးစားနေကြောင်း ဝေမျှခဲ့တာပါ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Thazin Htootoo Myint

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.