ပြည်ပနဲ့ လက်တွဲလုပ်တာ ဒီကထက် အနုပညာကြေး ၁၀ ဆ လောက်ရတယ်ဆိုတဲ့ ပိုင်တံခွန်

မြန်မာနိုင်ငံမှာ အအောင်မြင်ဆုံး မော်ဒယ် တယောက်ဖြစ်တဲ့ ပိုင်တံခွန်ကတော့ လက်ရှိမှာ မြန်မာနိုင်ငံသာမက အိမ်နီးချင်း နိုင်ငံတွေကပါ နှုတ်ခမ်းနီမလေးတွေ သည်းသည်းလှုပ်အားပေးနေကြတဲ့ အနုပညာရှင် တယောက် ဖြစ်နေပါပြီ။ ပိုင်တံခွန်ကတော့ ထိုင်းမှာ သူ့ပရိသတ်တွေ အရမ်းများတာကြောင့် ထိုင်းမှာ Fan Meeting လုပ်ဖို့ စီစဉ်ခဲ့ပြီး Fan Meeting ဈေး သတ်မှတ်ထားတဲ့ အပေါ်မှာတော့ ဖြေရှင်းသွားခဲ့ပါတယ်။ ထို့နောက် သူ ပြည်ပနိုင်ငံတွေနဲ့ အလုပ်တွဲလုပ်တဲ့အချိန်မှာ ဘယ်လိုအကျိုးအမြတ်တွေ ရလည်းဆိုတာကို ပြောပြသွား ခဲ့ပါတယ်။

ပိုင်တံခွန်ကတော့ ဖက်ရှင်မဂ္ဂဇင်းမှာတော့ “အဓိကကတော့ ထိုင်းမှာ ဓါတ်ပုံလေးတွေ တင်တယ်။ အဲ့မှာမှ တဆင့် နာမည်ကြီး Channel တွေ မီဒီယာတွေကနေ တဆင့် ကျနော့်ရဲ့ အကြောင်းတွေ တင်ကြတယ်။ အဲ့နောက်ပိုင်းမှာမှ ကျနော့်ကို သူတို့နိုင်ငံက ကုမ္ပဏီကြီးတွေကတော့ ကျနော့်ကို ငှားတာတို့ သူတို့နိုင်ငံက ပရိသတ်တွေနဲ့ တွေ့ဖို့ တောက်လျှောက် ကမ်းလှမ်းလာတယ်။ ပွဲတွေကတော့ ပြောရရင် အကုန်လုံးကို လက်ခံချင်တယ်။ ကျနော်လည်း သူတို့နိုင်ငံမှာ သွားလုပ်ရတာလည်း ပျော်ပါတယ်။ ဒါပေမယ့်လည်း အရမ်းကြီးလည်း သွားမလုပ်ရဲဘူး။

အဲ့ဒါကတော့ အပွင့်လင်းဆုံးပြောတာ။ သူတို့နိုင်ငံက Fan Meeting ဆိုရင်လည်း တနှစ်မှာ တပွဲလောက်ပဲ ကျနော် လက်ခံတယ်။ သူတို့နိုင်ငံက ကြော်ငြာတွေကိုလည်း ကျနော် သွားရိုက်ရမယ်။ ၁၀ ရက်လောက် ဘန်ကောက်မှာ ကြော်ငြာတွေ ဆက်တိုက်ရိုက်ရမယ်။ ပြီးတော့ သူတို့နိုင်ငံက ရုပ်ရှင်ကားတွေမှာ ကမ်းလှမ်းထားတာတွေ ရှိတယ်။ အခွင့်အရေးတွေတော့ အများကြီး ရခဲ့တယ်။ ဝမ်းသာစရာ ကိစ္စတွေလည်း အများကြီး ရှိခဲ့တယ်”Fan Meeting ကြေးက တရားဝင် ထွက်ပေါ်လာတဲ့ အပေါ်မှာတော့ “ကျနော့်ကို သတ်မှတ်ပေးထားတဲ့ ကြေးက အမှန်တိုင်းပြောရရင် ပရိသတ်တွေအတွက် အရမ်းကို သင့်တော်တဲ့ကြေးပါ။ တခြားအနုပညာရှင်တွေ Fan Meeting တက်ဖူးတဲ့သူတွေ ရှိပါတယ်။ တခြားအနုပညာရှင်တွေ လာရင် ဘယ်လိုအနုပညာကြေးတွေ ရှိလဲဆိုတာကို ဒါပေမယ့်လည်း ဒီဟာတွေ အကုန်လုံးက ဘန်ကောက် Team ကသတ်မှတ်ထားတာပါ။ ကျနော်လုပ်ထားတာ မဟုတ်ပါဘူး”

တချို့ပရိသတ်တွေက ပိုင်တံခွန် ချေ သွားပြီလို့ ပြောကြတဲ့ အပေါ်မှာတော့ “ကျနော် ဒီတိုင်းပဲနေတယ်။ အရင်ကထက်တော့ ကိုယ်ပိုင်အချိန် ပိုနည်းလာတာပေါ့။ ကျနော်အရင်ကတည်းက ဒီမှာ အလုပ်တွေက များလာတာ။ အလုပ်ဆို ကျနော်ကလည်း လုပ်ချင်တယ်။ အခုကျတော့ ဒီဖက်အပြင် ပြည်ပ နိုင်ငံတွေပါ ပါလာတော့ ပရိသတ်တွေကိုရော ဖေ့ဘုတ်ပေါ်မှာတော့ အချိန်ပေးရတာ နည်းလာတာပါ။ ကောင်းကောင်း စကားမပြောဖြစ်တော့တာပေါ့”

သူများနိုင်ငံနဲ့ လက်တွဲ ပြီး အလုပ်လုပ်ရတဲ့ အပေါ် ဘယ်လိုအကျိုးအမြတ်ရလဲဆိုတာကို “အမှန်တိုင်းပြောရရင်တော့ အနုပညာကြေးက ဒီကရတာထက် ၁၀ ဆ ရတယ်ဗျာ။ ကျနော်ကလည်း နိုင်ငံခြားမှာ ဖြစ်တာကြောင့် မြန်မာနိုင်ငံက အနုပညာရှင်တွေက ကြေးနည်းနည်းနဲ့ ရတယ်ဆိုတဲ့ အဖြစ်မျိုး အဖြစ်မခံဘူးဗျာ။ အဲ့တော့ အမှန်အတိုင်းပြောတာပါ။ ရန်ကုန်မှာ တောင်းတာထက် ၁၀ ဆ ၁၅ ဆ လောက် ပိုတောင်းတယ်ဗျာ။ ကျနော် အင်တာနေရှယ်နယ်ကို တက်လှမ်းဖို့အတွက်ကတော့ အများကြီး ပြင်ဆင်နေရပါတယ်။ အင်္ဂလိပ်စာကတော့ အဓိက လေ့လာနေပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။

credit-H2H

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.