Source: Zay Ye Htet’s fb
Unicode
မင်းသားချော ဇေရဲထက်ကတော့ ဗီဒီယိုဇာတ်ကားတွေမှာ ပြိုင်စံရှားမင်းသားတစ်ယောက်အဖြစ် ရပ်တည်ခဲ့ပြီး ဗီဒီယိုဈေးကွက် ပျက်သွားချိန်မှာတော့ အနုပညာလောကမှာ ပျောက်ကွယ်လုနီးပါး ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ဇေရဲထက်က နယ်မြို့ကလေးကနေ ကြိုးကြိုးစားစားမင်းသားတစ်ယောက်ဖြစ်လာခဲ့ပြီး အောင်မြင်မှုတွေရရှိနေချိန်မှာတော့ ပစ္စည်းဥစ္စာအတော်အတန် စုဆောင်းမိခဲ့သူပဲ ဖြစ်ပါတယ်။ ဇေရဲထက်က လက်ရှိမှာ ဇာတ်ကားတွေမရိုက်ကူးဖြစ်တော့ပေမယ့် သူရှာထားတဲ့ ငွေကြေးတွေနဲ့ အေးအေးဆေးဆေး စားသောက်လှူဒါန်းနေတာပဲ ဖြစ်ပါတယ်။
အလှူရေစက် လက်နဲ့မကွာ လှူဒါန်းတဲ့ ဇေရဲထက်က ဒီကနေ့မှာလည်း သိမ်ကျောင်းတစ်ကျောင်းကို ပြန်လည်မွမ်းမံတည်ဆောက်မယ့်အကြောင်းကို ပြောထားပါတယ်။ ဇေရဲထက်က “ပြည်တဖက်ကမ်းမှ ဖိုးဦးတောင် မြတ်စွာဘုရား သုံးဘဝကျင်လည်ခဲ့တဲ့နေရာမှာ သိမ်ကျောင်းလေးကို ပြန်လည်တည်ဆောက်မွမ်းမံပါမည်🙏🙏🙏🙏🙏” ဆိုပြီး သူ့ရဲ့ ကုသိုလ်လေးကို မျှဝေပေးထားပါတယ်။
ဇေရဲထက်ကတော့ သူရှာသမျှ ငွေကြေးဥစ္စာကို လှူဒါန်းကုသိုလ်ပြုရင်းပဲ အကျိုးရှိရှိ အသုံးချနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဇေရဲထက်ရဲ့ ကုသိုလ်လေးကို ဝမ်းမြောက်စွာ သာဓုခေါ်ပေးကြပါဦးနော်။
Source: Zay Ye Htet’s fb