ခြူးရဲ့ ယောကျာ်းလျာကာရိုက်တာ ပြင်ဆင်မှုကို ပြင်းပြင်းထန်ထန် တုန့်ပြန်လိုက်တဲ့ ပိုင်စိုးစံ

Posted on

MRTV 4 မင်းသမီးလေးလို့ လူသိများတဲ့ နိုင်ငံကျော် သရုပ်ဆောင် မင်းသမီးလေး ခြူးလေး ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ သူတစ်ယောက်ဖြစ်ပါတယ် ။လက်ရှိမှာ ရိုက်ကူးထားတဲ့ ဇာတ်လမ်းများစွာ လည်းရှိတာကြောင့် သူမကို ချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင်အမာရရှိထားတာပဲ ဖြစ်ပါတယ်။မကြာသေးခင်က ရိုက်ကူးခဲ့တဲ့ ယောကျာ်းလျာပုံ ဓါတ်ပုံဟာ LGBT တွေကြားမှာ ဝေဖန်ထောက်ပြစရာ ဖြစ်ခဲ့ပါတယ်။

LGBT ဆယ်လီတွေထဲမှာ ထင်ရှားသူတစ်ယောက်ဖြစ်တဲ့ ကိုပိုင်စိုးစံကတော့ အဆိုပါကိစ္စအတွက် ပြင်းပြင်းထန်ထန် တုန့်ပြန်လိုက်ပါတယ်။ ကိုပိုင်စိုးစံက “ကဲ Tomboyလို
သရုပ်ဆောင်မယ်ဆိုလည်းBinderလေးဘာလေးတော့ဝတ်ပါဟ ကောက်ကြောင်းတွေနဲ့ မြင်ရတော့သိပ်မြင်မကောင်း ဇာတ်သိမ်းကျရင်လည်း လင်ရပီး မိန်းမ ပြန်ဖစ်မယ့် ဇာတ်ကောင်တွေ သတင်းအများဆုံးလွှင့် တဲ့ အနုပညာ အသိုင်းအ၀ိုင်းကဒီလိုရိုက်ပြမှာတော့ Non LGBT တွေကငါတို့ကို အဲ့လိုစောက်တလွဲအမြင်တွေပဲ မြင်အုံးမှာပဲ” လို့ပြောဆိုထားတာပါ ။

ဆက်လက်ပြီး “ရုပ်ရှင် ၁၀ကားမှာ၉ကားလောက်က Gay ပါရင်ပါ မပါရင် Tomboy ပါ
Tomboy တွေ Gayတွေကအမြဲရီစရာ ဇာတ်ကောင်အဖစ် ဖန်တီးခံရတယ်
သူတပါးဖြစ်တည်မူကိုလှောင်ပြောင်ပျက်ရယ်ပြုပီးမှ ရိုက်တဲ့ ဇာတ်ကားတွေကို အနုပညာလို့ ခေါ်ပါသလား ဒါရိုက်တာကြီးတွေဇာတ်ညွှန်းဆျာကြီးတွေပြောပြပါအုံးလို့”ဆိုပြီး ရေးသားထားပါတယ် ။ ခြူးလေးကတော့ သူတင်ထားတဲ့ ပုံတွေကို ဖျက်ပစ်ခဲ့တာပါ ။အနုပညာရှင်တွေ သရုပ်ဆောင်ရာမှာ အခုလို အလွဲအမှားတွေဖြစ်သင့်လားဆိုတာ မှတ်ချက်ပေးခဲ့ကြပါဦး။

Source – Paing Soe San / Chue Chue
Noe Noe May Ju Ju

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.