ရှေ့လျှောက်လုံလုံခြုံခြုံပဲ ဝတ်တော့မယ်ဆိုတဲ့ သင်ဇာဝင့်ကျော်

Posted on

နာမည်ကြီးပြီးသား မင်းသမီး တယောက်ဖြစ်တဲ့ သင်ဇာဝင့်ကျော် ကတော့ ယခုနောက်ပိုင်းမှာတော့ ရုပ်ရှင်ရိုက်တဲ့ လုပ်ငန်းတွေထက် ပွဲတက်ပဲ များနေတာကို တွေ့ရမှာပါ။ သင်ဇာဝင့်ကျော်ကတော့ ပွဲတက်တော်တော်များများမှာတော့ ဘော်ဒီကောက်ကြောင်းကို အထင်းသားပေါ်လွင်စေတဲ့ ဝတ်စုံတွေ အဝတ်များတာကြောင့် နာမည်ကြီးနေတာ ဖြစ်ပြီး သင်ဇာကတော့ လက်ရှိမှာ သူဆက်ဆီတွေဝတ်ရတာတွေ ငြီးငွေ့လာတာကြောင့် လုံလုံ ခြုံခြုံပဲ ဝတ်ဖို့ စိတ်ကူးရှိတော့တယ်လို့ ပြောကြားလာခဲ့ပါတယ်။

သင်ဇာဝင့်ကျော် ကတော့ MC နဲ့ အင်တာဗျူးတွင် “ခုနောက်ပိုင်းကျတော့ လုံလုံခြုံခြုံလေးပဲ ဝတ်ချင်လို့လေ။ ပြောတော့ မပြောတတ်ဘူး။ ဟိုလိုမျိုးကြီးတွေ မဝတ်တော့ချင်ဘူး ပြန်ဖြစ်နေပြီ။ စိတ်ကအဲ့လိုမျိုး ပရိသတ်တွေ ကလည်း တောင်းဆိုနေတာ ကြာနေပြီလေ။ အလုပ်ရှင်တွေဖက်ကလည်း ပွဲတက်ကို ရိုးရိုးလေးပဲ ဆိုပြီးတော့ ပြောလို့ပေါ့။ သင်ဇာကိုယ်တိုင်ကလည်း သိပ်ပြီးတော့ ဆက်ဆီ မဝတ်ချင်တော့လို့လေ။

သင်ဇာကိုယ်တိုင်ကလည်း သူများတွေနဲ့ မတူချင်တာ။ အဲ့လိုမျိုးပေါ့။ ဒီလို လုံလုံခြုံခြုံလေးကတော့ ဘယ်အချိန်ထိ ဝတ်မလဲဆိုတာတော့ မပြောတတ်ဘူး။ ဖီးလ်လာတဲ့ အထိပေါ့။ သင်ဇာက ပရိသတ်တွေ ပြောတဲ့စကားဆိုရင်လည်း အမြဲအလေးထားတယ်လေ။ ကိုယ့်ကို ကောင်းစေချင်လို့ ပြောတဲ့ စကားတွေကို အမြဲအလေးထားပါတယ်။ ခုနောက်ပိုင်းပွဲတက်ကတော့ အငြိမ်လေးတွေပဲ တွေ့ရမှာပါ

ဘဝမှာကတော့ အမြဲတမ်း ညီမျှနေအောင် နေတယ်။ အားလုံးကိုပေါ့။ ဘယ်အရာမှကို အစွန်းရောက်ကြီး မသွားချင်ဘူး။ လူငယ်ပီပီ ပျော်တယ် ကဲတယ်။ ပါတီတွေသွားတယ်။ သွားသင့်တဲ့နေရာတွေသွားတယ်။ ဘုရားဆိုလည်း သွားသင့်တဲ့အချိန် သွားသင့်တဲ့ အခါရောက်ရင်သွားတယ်ပေါ့နော်။ အားလုံးကို ညီညီမျမျ လုပ်တယ်။ အားကစားလုပ်ချိန်တန်ရင် လုပ်တယ်။ စားချိန်တန်ရင် စားတယ်။ လူဖြစ်ရကျိုနပ်အောင် နေတယ်။ ဘယ်အရာမှ ဘဝမှာ မလုပ်ပဲ ရှောင်နေတယ်ဆိုတာ မရှိပါဘူး။

တခြားသူတွ ဘယ်လိုပဲ မြင်မြင် အဓိက ကတော့ ကိုယ့်ကိုကိုယ် သိဖို့ အရေးကြီးဆုံးလေ။ သူများတွေရှေ့မှာလည်း ကိုယ်က လူတော်လူကောင်း တယောက်ဖြစ်အောင်လည်း မနေပြတတ်ဘူး။ သင်ဇာ အရှိအရှိတိုင်းပဲ နေတတ်တယ်။ သင်ဇာက ဟန်လည်းမဆောင်တတ်ဘူး ဟန်ဆောင်ရတာလည်း မကြိုက်ဘူး သူများတွေလာပြီး ဟန်ဆောင်နေရင်လည်း သင်ဇာ အရမ်းနေရခက်တယ်။ လူတိုင်းကတော့ ကောင်းအောင်လုပ်နေကြတာပဲလေ။ ဒါပေမယ့်လည်း ကိုယ်က လူကောင်းတယောက်ပါဆိုပြီး အားလုံးကို ရှင်းပြနေစရာမလိုသလိုပဲပေါ့။ သင်ဇာ့ကို ချစ်တဲ့သူတွေက သင်ဇာစိတ်ကိုနားလည်ပါတယ်။” ဟု ပြောကြားသွား ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.