မအေးသောင်းလို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ အေးဝတ်ရည်သောင်းကတော့ အပျိုကြီးဆိုတဲ့ဂုဏ်ကို ဒီနေ့ဒီအချိန်ထိ ထိန်းသိမ်းထားနိုင်ဆဲပါ။ အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးခဲ့ပြီး လွန်ခဲ့တဲ့နှစ်အတွင်းမှာမှ ဇာတ်လမ်းတွဲနှင့် ကြော်ငြာတွေရိုက်ကူးပြီး အနုပညာလောကထဲသို့ ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။ လှပတဲ့ခန္ဓာကိုယ်လေးနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးက သူမရဲ့ စွဲဆောင်မှုတစ်ခုပါ။ အဲ့စွဲဆောင်မှုလေးတွေကြောင့် ကိုကိုတွေ မောင်မောင်တွေကြားမှာ ရေပန်းစားလှသူလေးတစ်ဦးပါ။
ချိုသာတဲ့အပြုံးလေးနဲ့ အမြဲတမ်းချစ်စရာကောင်းနေတဲ့ မအေးသောင်းကို မထက်ရဲ့ ပြင်ဆင်ခြယ်သမှုနဲ့ လှနေတာကို တွေ့ရပါတယ်ပရိသတ်တွေအတွက် အေးဝတ်ရည်သောင်းရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။
အေးဝတ်ရည်သောင်းကတော့ ကြွေရုပ်လေးတစ်ရုပ်လို ချစ်စရာကောင်းပြီး လှပနေတာပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း အခုချိန်ထိ နုပျိုနေပြီး ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။
အေးဝတ်ရည်သောင်းက လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေကို ဆက်တိုက်ဆိုသလို ရိုက်ကူးပေးနေတာပဲ ဖြစ်ပါတယ်။
အေးဝတ်ရည်သောင်းကတော့ တစ်နေ့တစ်ခြား အလှတွေ ပိုလို့တောင် တိုးလာတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးလည်း အေးဝတ်ရည်သောင်းရဲ့ လှပတဲ့ ပုံရိပ်လေးတွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
Source: Ma Htet – Pop Soul
ခရက်ဒစ် မိုမိုလေး