Unicode
ချိုချိုလို့ ခင်မင်သူတွေက တရင်းတနှီးခေါ်ကြတဲ့ အကယ်ဒမီများရှင် ချိုပြုံးကတော့ သရုပ်ဆောင်မင်းသမီးတစ်ယောက်လည်းဖြစ်သလို စတူဒီယိုတေးသံရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ ချိုပြုံးရဲ့ မြေးကြီး ဝင်းခန့်မိုးကလည်း အဘွားဖြစ်သူရဲ့ အနုပညာအမွေတွေကို ဆက်ခံပြီး သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။ ပရိသတ်တွေက ချိုပြုံးကိုလေးစားချစ်ခင်ပြီး အားပေးကြသလို ချိုပြုံးရဲ့မြေးလေး ဝင်းခန့်မိုးကိုလည်း အားပေးချစ်ခင်ကြတာကို တွေ့ရပါတယ်။
ဝင်းခန့်မိုးကတော့ သူ့ရဲ့ဖေ့စ်ဘုတ်ပေ့ချ်ကနေပြီး အဘွားဖြစ်သူချိုပြုံးနဲ့ ဗီဒီယိုလေးတွေတင်ပြီး အဘွားကို အသားနာခံပြီး စနောက်တတ်တာ ပရိသတ်ကြီး သိပြီးသား ဖြစ်မှာပါ။ ဒီတစ်ခေါက်မှာတော့ ချိုပြုံးက သူမကို အမြဲတမ်းစနောက်တတ်တဲ့ မြေးလေး ဝင်းခန့်မိုးကို သရဲအယောင်ဆောင်ကာ အခန်းထဲပုန်းပြီး ခြောက်လှန်းခဲ့တာကို တွေ့ရပါတယ်။ ပရိသတ်ကြီးအတွက် ချိုပြုံးနဲ့ ဝင်းခန့်မိုးတို့ရဲ့ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။
ချိုပြုံးကတော့ သူမအပေါ် အမြဲတမ်းစနောက်တတ်တဲ့ ဝင်းခန့်မိုးကို ကလဲ့စားချေပြီး ပြန်လည်စနောက်ခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချိုပြုံးတို့ မြေးအဘွားနှစ်ယောက်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source: Win Khant Moe – ဝင်းခန့်မိုး’s fb