မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် မာန်မြေကျေးရွာအုပ်စု ဖရဲကျွန်းကျေးရွာအနီး ဧရာဝတီမြစ်အတွင်း၌ ဇူလိုင်လ ၂၃ ရက်နေ့က စက်လှေနစ်မြုပ်မှုဖြစ်ပွားခဲ့သည့်အနီးတစ်ဝှိုက်သို့ ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆောင်ဝေဠုကျော်ဦးဆောင်သည့် WLKဖောင်ဒေးရှင်းနှင့် AAC မဟာမိတ် အဖွဲ့မှကိုရဲမင်းတို့အဖွဲ့သည် ဇူလိုင်လ ၂၅ ရက်နေ့ နေ့လည် ၁၃:၃၀ ချိန်ခန့်တွင် ရောက်ရှိခဲ့ပြီး ဒေသခံလူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များ ၊ မီးသတ်/ကြက်ခြေနီတပ်ဖွဲ့ဝင်များ ၊ မန္တလေးမြို့မှကိုလှိုင်မင်းဦးဦးဆောင်သည့်လူမှုကယ်ဆယ်ရေးအဖွဲ့တို့နှင့်အတူပူးပေါင်းပါဝင်၍ Drone/ ရေငုပ်ကရိယာများ၊ ဖင့် ပျောက်ဆုံးနေသောသူများအားရှာခဲ့ကြကြောင်း လိုက်ပါကူညီဆောင်ရွက်ပေးခဲ့သည့် AAC မဟာမိတ်အဖွဲ့မှ ကိုရဲမင်း၏ပြောပြချက်အရသိရှိရ ။
” လောလောဆယ်တော့ ရုပ်အလောင်း ၁၈ လောင်းဆယ်ယူရရှိပြီးပြီလို့သိရတယ် ၊ နောက်ထပ်ပျောက်နေတာ ၂၀ ပေါ့နော် ၊ တစ်ချို့ရုပ်အလောင်းတွေကိုတော့ ကမ်းစပ်မှာဘဲ ချက်ခြင်းမီးသင်္ဂြိုလ်တာလည်းတွေ့ရတယ် ၊ စင်လှေနစ်မြုပ်တဲ့နေရာနဲ့ကမ်းစပ်က ပေ ၂၀ နီးပါးအကွာလောက်မှာပေါ့ ၊ မနက်ဖြန်မှာလည်း အဲ့ဒီနေရာကိုကိုဝေဠုကျော်တို့အဖွဲ့ထပ်သွားပြီးရှာဖွေမှုတွေပြုလုပ်အုံးမှာပါ “ဟု ကိုရဲမင်းကပြောသည် ။
ပြန်လည်ရှာဖွေတွေ့ရှိသည့်ရုပ်အလောင်းများမှာ –
၁ ။ ဦးမာဒီး ၅၈ နှစ်
၂ ။ ဦးထွန်းလင်း ၄၆ နှစ်
၃ ။ ဦးကျော်ကျော် ၄၁ နှစ်
၎ ။ မကုလားမစိန် ၅၇ နှစ်
၅ ။ မဇင်မာသင်း ၃၈ နှစ်
၆ ။ ဦးပကေး ၃၈ နှစ်
၇ ။ ဦးကျော်တင့် ၅၄ နှစ်
၈ ။ ကိုလှထွန်းနိုင် ၄၁ နှစ်
၉ ။ ဇော်မင်းနိုင် ၃၂ နှစ်
၁၀ ။ ကိုပေါက်စု ၅၅ နှစ်တို့ဖြစ်သည် ။
ကျန် ၈ ဦး၏အမည်အားမသိရှိရသေးပါ ။
စက်လှေနစ်မြုပ်မှုနှင့်ပါတ်သက်ပြီးဖရဲကျွန်းရွာနှင့်ကံသာရွာတို့တွင်ရဲတပ်ဖွဲ့မှလုံခြုံရေးများချထားရကြောင်းနှင့် ပျောက်ဆုံးနေသူများကိုတော့ ဒေသအာဏာပိုင်များ ၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များ ၊ ကြက်ခြေနီနှင့်မီးသတ်တပ်ဖွဲ့ဝင်များမှဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်းသိရှိသတင်းရရှိပါသည် ။
သေဆုံးအလောင်းများကို ပြန်လည်တွေ့ရှိချိန်မှာ ၊ဓားဒဏ်ရာများ ၊ ရဲတင်းနဲ့ အခုတ်ခံထားရလို့ လက်ပြတ်နေသူများ ၊ မျက်လုံးပေါက်ထွက် ဒဏ်ရာများ ၊ ခေါင်းဖြတ်ခံထားရသူများ ၊ တစ်ဉ်ီးမှာသံကြိုးများနှင့် ချည်ပြီး အသတ်ခံထားရသည်များကိုလဲ တွေ့ရပါတယ်….၊
အသက်ရှင် လွတ်မြောက်လာသူများမှာလဲ ဓားဒဏ်ရာများလေးခွ ဒဏ်ရာများ အပြည့်နဲ့ သူတို့ပြောပြချက်အရ “အသံချဲ့စက်နဲ့ အော်ကာလူစုပြ်ီး သတ်သည် ဖြစ်ကြောင်း ၊နောက်တစ်ခါ ဒီမြေကို ပြန်ယူချင်ဉ်ီးမလားဆိုပြ်ီး မေးမေးသတ်သည်ဖြစ်ကြောင်း ” သိရပါသည်….၊သေးဆုံးသူများထဲတွင် အသက် ၁၂ နှစ် အရွယ်
ကလေးတစ်ဦးလဲပါဝင်ကြောင်းသိရပါတယ်….၊
———————–
ကနဦးဖြစ်စဉ်မှာ……၊
ဖရဲကျွန်းကျေးရွာ အပိုင် မြေနေရာတွင် ၁၅ နှစ်စာလုပ်ကိုင်စားသောက်ခွင့် စာချုပ်နှင့် အငှါးချထားခဲ့ပေမယ့် စာချုပ်သက်တမ်းကုန်သည်အထိ ကန်သာကျေးရွာမှ ဖယ်မပေးသည့်အပြင် ၄င်းမြေနေရာပေါ်တွင်နေအိမ်များဆောက်လုပ်လာသည့်အတွက် ၂၀.၈.၂၀၁၈ရက်နေ့တွင် ရေနံချောင်းမြို့နယ် ထွေအုပ်ထံ တိုင်တန်းခဲ့ ခြင်းအပေါ် အရေးယူဖြေရှင်းပေးခဲ့ခြင်း မရှိသည့်အတွက်၁၂.၉.၂၀၁၈ နေ့တွင် ခရိုင်ထွေအုပ်ထံ တိုင်တန်းခဲ့သော်လဲအရေးယူဖြေရှင်းပေးခြင်း မရှိဘူးလို့သိရပါတယ်….။
ထို့နောက် ၄င်းမြေမှာလဲ ယခုလက်ရှိ ဖရဲကျွန်းကျေးရွာအတွက် စာသင်ကျောင်းဆောက်ရန် နေရာသတ်မှတ်ထားသော မြေနေရာဟု သိရပါတယ်….၊
အသတ်ခံရမှ လွတ်မြောက်လာသူတွေမှ ပြောပြချက်အရရောအခင်းဖြစ်စဉ်နေရာမှာ အသတ်ခံရမှာစိုးသည့်အတွက် ပုန်းနေသည့်သူများမှ ပြောကြားချက်အရ ” ဒါဟာ လူသတ်မှူ့ကြီးပါလူမဆန်စွာ သတ်ကြတာပါ ၊
အသတ်ခံရတဲ့ ကျနော်တို့ ဘက်မှာဘာလက်နက်မှ မပါပါဘူး ၊ သူတို့က အသံချဲ့စက်နဲ့ အော်ပြ်ီးလူစုသတ်တာ ၊ ဓားတွေ လှံတွေ လေးခွတွေ ပါကြတယ် သတ်ပြီးတော့ စက်လှေဖောက်ပြ်ီး နစ်ပစ်လိုက်ကြတာ ၊ ဒါဟာ ဘယ်လိုဖြစ်ပြီး ရေနစ်သေမှူ့ဖြစ်ကြတာလဲ ၊သေဆုံးသူအလောင်းတွေက ဒဏ်ရာတွေကို ကြည့်ရင် သိသာပါတယ်လို့ ” ပြောကြပါတယ် ……။
အသက်ရှင် လွှတ်မြောက်ခဲ့သူတစ်ဦးရဲ့ ပြောစကား
Photo Credit Ye Min