ပြေတီဦးက လိုအပ်ချက်မရှိ ပြည့်စုံတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက် လို့ ဆိုလိုက်တဲ့ အူဝဲ

Posted on

ပြည်သူ့အချစ်တော် မင်းသမီးဖြစ်တဲ့ အိန္ဒြာကျော်ဇင်ကတော့ သူ့ရဲ့ခင်ပွန်းဖြစ်ချင်တဲ့ ပြေတီဦးအကြောင်းကို ပြောကြားသွားခဲ့ပါတယ်။ သူတို့နှစ်ယောက်ကတော့ အိမ်ထောင်သက်လည်း တဖြည်းဖြည်းကြာလာတာနဲ့ အမျှ တယောက်နဲ့ တယောက် ပြသာနာတတ်တာတွေ မရှိပဲ ပိုပြီးတော့တောင် အဆင်ပြေနေတာကြောင့် ပရိသတ်တွေလည်း အားကျရတဲ့ ဇနီးမောင်နှံဆိုလည်း မမှားပါဘူး။

အိန္ဒြာကျော်ဇင်ကတော့ ပြေတီဦးဟာ တကယ်အိမ်ထောင်ဦးစီးကောင်းတယောက်ဖြစ်ပြီး မိသားစုအပေါ်ကိုလည်း လိုလေသေးမရှိအောင် ထားပေးကြောင်းပြောကြားသွားခဲ့ပါတယ်။

အိန္ဒြာကျော်ဇင်ကတော့ ပြေတီဦးက အူဝဲအတွက် ဘယ်လို အိမ်ထောင်ဦးစီးမျိုးလဲ ဆိုတဲ့မေးခွန်းကိုတော့ “လိုအပ်ချက်မရှိတဲ့ အိမ်ထောင်ဦးစီး တယောက်လို့ ပြောလို့ရပါတယ်။ အစစအရာရာ လိုအပ်ချက်မရှိအောင် ဖြည့်ဆည်းပေးပါတယ်။

အစ်ကိုက သူ့အတွက် သူဖြည့်ဆည်းတာမျိုး သိပ်ပြီးတော့ မရှိပါဘူး။ သူက သူများလိုအပ်ချက်တွေကို လိုက်ပြီးဖြည့်ဆည်းပေးတဲ့ လူမျိုးပါ။ အမြဲတမ်းပေးဆပ်တတ်တဲ့ လူမျိုးဆိုတော့ အဆင်ပြေတာပေါ့”

“အစ်ကိုနဲ့ အမနဲ့က အမြဲတမ်းနောက်နေကြတာ။ သူက စကား ၁၀ ခွန်းမှာ ၉ ခွန်းလောက်က နောက်တယ်။ စကားကောင်းကောင်း ပြောတာ သိပ်မရှိဘူး။ ကလေးတွေနဲ့ ဆိုရင်တော့ မိသားစုတနေရာရာ သွားပြီးစားတာပဲ ဖြစ်ဖြစ် အိမ်မှာမိသားစု တူတူ အနားယူတာပဲ ဖြစ်ဖြစ် အဲ့လိုတွေ့ဖြစ်ပါတယ်။

တခြားအချိန်တွေဆိုရင်တော့ သူလည်း အလုပ်သွား အမလည်း အလုပ်သွားတယ်ဆိုတော့ မတွေ့ဖြစ်တာ များတယ်လေ။ ဘာရယ်တော့ မဟုတ်ပါဘူး။ တခါတလေကျရင် လိုင်းပေါ်က လျှောက်နောက်ပြီး တင်တာတွေ ရှိတယ်။ ပြီးရင်လည်း တွေ့နေရတာပဲလေ”

“ပရိသတ်အတွက် အမ လက်ရှိမှာတော့ ဂျလေဘီ ဆိုတဲ့ ကားရိုက်နေပါတယ်။ နောက်ကားကတော့ ကားနာမည် မပေးရသေးပါဘူး။ အဲ့ကားကတော့ ကိုနေတိုးနဲ့ ရိုက်မှာပါ။ ပြီးတော့ ဒီကြားထဲမှာကြော်ငြာရိုက်ဖို့ ရှိပါတယ်။ ဖွင့်ပွဲတွေလည်း အများကြီး လက်ခံထားပါတယ်။

ပရိသတ်အတွက်တော့ အမ တတ်နိုင်သလောက် ရိုက်ပေးနေပြီး ကြိုးစားပေးနေပါတယ်။ ပရိသတ်တွေလည်း ကျေနပ်မယ်လို့ ထင်ပါတယ်။ ပြီးတော့ ကျေးဇူးအများကြီးလည်း တင်ပါတယ်လို့ ပြောချင်ပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။

Can’t wait to say

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.