ေအာ္စကာဆုခ်ီးျမႇင့္ေရးအဖြဲ႕မွာ ပူးေပါင္းပါဝင္ဖို႔အတြက္ ဖိတ္ၾကားခံခဲ့ရတဲ့ “Parasite” အဖြဲ႕သားမ်ား

Posted on

ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္တုန္းက ႐ုပ္ရွင္ခ်စ္ပရိသတ္ေတြရဲ႕အၾကားမွာ လူႀကိဳက္မ်ားခဲ့တဲ့ “Parasite” ႐ုပ္ရွင္ဟာဆိုရင္ ေအာ္စကာဆုမ်ားစြာကိုသိမ္းပိုက္ရယူႏိုင္ခဲ့တဲ့ ပထမဆုံးကိုရီးယား႐ုပ္ရွင္ဇာတ္ကားျဖစ္ခဲ့ၿပီး ဇာတ္ကားထဲမွာပါဝင္ခဲ့ၾကတဲ့ သ႐ုပ္ေဆာင္ေတြနဲ႔ ဇာတ္ကားကိုဖန္တီးခဲ့တဲ့ ဒါ႐ိုက္တာ Bong Joon Ho ဟာဆိုရင္လည္း ႏိုင္ငံတကာပရိသတ္ေတြရဲ႕ ခ်ီးက်ဴးအသိအမွတ္ျပဳမႈေတြကို ရရွိခဲ့ပါတယ္။ အခုဆိုရင္ေတာ့ ဇာတ္ကားထဲမွာပါဝင္ခဲ့‌ၾကတဲ့ သ႐ုပ္ေဆာင္ေတြနဲ႔ ႐ိုက္ကူးေရးဝန္ထမ္းေတြဟာ ႐ုပ္ရွင္အႏုပညာႏွင့္သိပၸံေအာ္စကာအဖြဲ႕ရဲဲ့ တရားဝင္အဖြဲ႕ဝင္ေတြျဖစ္သြားၾကၿပီျဖစ္ၿပီး ဒီအဖြဲ႕အစည္းဟာဆိုရင္ ႏွစ္စဥ္ေအာ္စကာဆုျမင့္ေရးအတြက္ လုပ္ေဆာင္ရတဲ့အဖြဲ႕ျဖစ္တယ္လို႔ သိရပါတယ္။

ဒါ႐ိုက္တာ Bong Joon Ho နဲ႔ အဓိကဇာတ္ေဆာင္မင္းသား Song Kang Ho တို႔ကေတာ့ ၂၀၁၅ ခုႏွစ္ကတည္းက အဆိုပါအဖြဲ႕ရဲ႕အဖြဲ႕ဝင္ေတြအျဖစ္ ပူးေပါင္းခဲ့တာျဖစ္ၿပီး သ႐ုပ္ေဆာင္ေတြျဖစ္ၾကတဲ့ Choi Woo Sik, Jang Hye Jin, Jo Yeo Jeong, Lee Jung Eun, Park So Dam နဲ႔ တျခားေသာ႐ိုက္ကူးေရးဝန္ထမ္းေတြကေတာ့ ဒီႏွစ္မွပါဝင္ခဲ့ၾကတာျဖစ္ပါတယ္။

“Parasite” ႐ုပ္ရွင္ဟာဆိုရင္ ေအာ္စကာဆုေပးပြဲရဲဲ့သမိုင္းမွာ အေကာင္းဆုံးဓာတ္ပုံဆုရခဲ့တဲ့ ပထမဆုံးေသာႏိုင္ငံျခားဘာသာစကားေျပာ႐ုပ္ရွင္ကားအျဖစ္မွတ္တမ္းတင္ခဲ့ၿပီး အေကာင္းဆုံးဒါ႐ိုက္တာဆု၊ အေကာင္းဆုံးဇာတ္ၫႊန္းဆု နဲ႔ အေကာင္းဆုံးႏိုင္ငံတကာ႐ုပ္ရွင္ဆုေတြကိုလည္းရရွိခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ တျခားေသာနာမည္ႀကီး႐ုပ္ရွင္ဆုေပးပြဲေတြမွာလည္း ထူးခြၽန္ဆုေတြရရွိခဲ့ပါေသးတယ္။ ၿပီးခဲ့တဲ့ဧၿပီလမွာ က်င္းပဖို႔စီစဥ္ထားခဲ့တဲ့ ေအာ္စကာဆုေပးပြဲကေတာ့ ကပ္ေရာဂါအေျခအေနေၾကာင့္ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီကိုေျပာင္းေ႐ႊ႕ထားတယ္လို႔သိရပါတယ္။\

Ref : Koreaboo

Unicode

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက ရုပ်ရှင်ချစ်ပရိသတ်တွေရဲ့အကြားမှာ လူကြိုက်များခဲ့တဲ့ “Parasite” ရုပ်ရှင်ဟာဆိုရင် အော်စကာဆုများစွာကိုသိမ်းပိုက်ရယူနိုင်ခဲ့တဲ့ ပထမဆုံးကိုရီးယားရုပ်ရှင်ဇာတ်ကားဖြစ်ခဲ့ပြီး ဇာတ်ကားထဲမှာပါဝင်ခဲ့ကြတဲ့ သရုပ်ဆောင်တွေနဲ့ ဇာတ်ကားကိုဖန်တီးခဲ့တဲ့ ဒါရိုက်တာ Bong Joon Ho ဟာဆိုရင်လည်း နိုင်ငံတကာပရိသတ်တွေရဲ့ ချီးကျူးအသိအမှတ်ပြုမှုတွေကို ရရှိခဲ့ပါတယ်။ အခုဆိုရင်တော့ ဇာတ်ကားထဲမှာပါဝင်ခဲ့‌ကြတဲ့ သရုပ်ဆောင်တွေနဲ့ ရိုက်ကူးရေးဝန်ထမ်းတွေဟာ ရုပ်ရှင်အနုပညာနှင့်သိပ္ပံအော်စကာအဖွဲ့ရဲဲ့ တရားဝင်အဖွဲ့ဝင်တွေဖြစ်သွားကြပြီဖြစ်ပြီး ဒီအဖွဲ့အစည်းဟာဆိုရင် နှစ်စဉ်အော်စကာဆုမြင့်ရေးအတွက် လုပ်ဆောင်ရတဲ့အဖွဲ့ဖြစ်တယ်လို့ သိရပါတယ်။

ဒါရိုက်တာ Bong Joon Ho နဲ့ အဓိကဇာတ်ဆောင်မင်းသား Song Kang Ho တို့ကတော့ ၂၀၁၅ ခုနှစ်ကတည်းက အဆိုပါအဖွဲ့ရဲ့အဖွဲ့ဝင်တွေအဖြစ် ပူးပေါင်းခဲ့တာဖြစ်ပြီး သရုပ်ဆောင်တွေဖြစ်ကြတဲ့ Choi Woo Sik, Jang Hye Jin, Jo Yeo Jeong, Lee Jung Eun, Park So Dam နဲ့ တခြားသောရိုက်ကူးရေးဝန်ထမ်းတွေကတော့ ဒီနှစ်မှပါဝင်ခဲ့ကြတာဖြစ်ပါတယ်။

“Parasite” ရုပ်ရှင်ဟာဆိုရင် အော်စကာဆုပေးပွဲရဲဲ့သမိုင်းမှာ အကောင်းဆုံးဓာတ်ပုံဆုရခဲ့တဲ့ ပထမဆုံးသောနိုင်ငံခြားဘာသာစကားပြောရုပ်ရှင်ကားအဖြစ်မှတ်တမ်းတင်ခဲ့ပြီး အကောင်းဆုံးဒါရိုက်တာဆု၊ အကောင်းဆုံးဇာတ်ညွှန်းဆု နဲ့ အကောင်းဆုံးနိုင်ငံတကာရုပ်ရှင်ဆုတွေကိုလည်းရရှိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် တခြားသောနာမည်ကြီးရုပ်ရှင်ဆုပေးပွဲတွေမှာလည်း ထူးချွန်ဆုတွေရရှိခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့ဧပြီလမှာ ကျင်းပဖို့စီစဉ်ထားခဲ့တဲ့ အော်စကာဆုပေးပွဲကတော့ ကပ်ရောဂါအခြေအနေကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကိုပြောင်းရွှေ့ထားတယ်လို့သိရပါတယ်။

Ref : Koreaboo

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.