အောင်မြင်ကျော်ကြားလူဆဲများခဲ့သော အခန်းတွေပြန်လည် ပါဝင်နေမှုအပေါ် တုန့်ပြန်လိုက်တဲ့ မအေးအေးသိန်း

Posted on

Masterchef Season (1) ကနေ ပရိသတ်တွေပို့သကြတဲ့ စေတနာ မေတ္တာတွေကြောင့် အောင်မြင်လာသူတွေထဲမှာ မြစ်ကြီးနားသူလေး မအေးအေးသိန်းလည်း ပါဝင်ခဲ့ပါတယ်။ တုတ်ထိုးအိုးပေါက်ပြောတတ်တဲ့အတွက် ပရိသတ်တွေရဲ့ ဝေဖန်ဆဲဆို မှုအများဆုံးဆု ကို ဆွတ်ခူးသွားတဲ့ မအေးအေးသိန်းတစ်ယောက် အခု လက်ရှိထုတ်လွှင့်ပြသနေတဲ့ Master Chef Season (2) အတွက် သူ့ခံစားချက်တွေကို လူမှုကွန်ရက်ပေါ်ကနေ မျှဝေခဲ့ပါတယ်။

မအေးအေးသိန်း က ” ဒီနေ့မနက် စောစောက Master chef ကဒိုင်တစ်ဦးဖြစ်တဲ့ U Sharky ဖုန်းဆက်လာတယ်…ဟလို…. Morning မအေးအေးသိန်းဟုတ်ကဲ့ Morning ပါ U Sharky
မနေ့ညက Master chef Season 2 ကြည့်ဖြစ်လားတဲ့ သမီးဆီက Commet လေးသိချင်လို့တဲ့
မနေ့ညက ဆိုင်မှာ လူအရမ်းကျတော့ မကြည့်ဖြစ်လိုက်ဘူး ဦးရေ pyone play မှာပြန်ကြည့်မယ်နော်လို့ ပြောပြီး စကားစမြည်ပြောဖြစ်ခဲ့တယ်အခု Master chef page ထဲ ဝင်ကြည့်မိတော့အမယ် Season 2သာပြနေတယ် page ထဲတင်ထားသမျှ ကိုယ့်ရဲ့အောင်မြင်ကျော်ကြားလူဆဲများခဲ့သော အခန်းတွေကြီးပါပဲလား MRTV4 Master chef Program ကြီးလည်းဆဲရင်းနဲ့ကြည့်သော ပရိတ်သတ်များနဲ့အောင်မြင်ခဲ့ပြီ ကျမလို လူနောက်တစ်ယောက်လည်း ပါလာလိမ့်မယ် မလိမ့်မယ်တော့ မသိနိုင်ပေမယ့် အခုအစပိုင်းကြည့်ရတာတော့ ဒိုင်တွေနဲ့ စပြီးဆွဲခေါ်နေပါပြီဘယ်လိုပဲဖြစ်ဖြစ် ကျမကြောင့် လူသိများ အောင်မြင်လာသောProgramတစ်ခုလို့ပြောရင်ဆဲကြအုံးမှာလားလို့အဆုံးသတ်လေးပြောချင်တာကတော့Master chef program ကြီးရေ ကျေးဇူးပါလို့နော်ကျမကို သံပုရာသီးပေးခဲ့ပေမယ့် ပုစွန်ထုပ်ကြီးနဲ့ချက်စားတတ်တဲ့ကျမအတွက်Everything Okay ပါလို့” ဆိုပြီး ရေးသားပြောဆိုထားပါတယ်။ ပရိသတ်ကြီးလည်း မအေးအေးသိန်း ရဲ့ စကားတွေအပေါ် မှတ်ချက် ကနေ တစ်ခုခု ပြောပြခဲ့ကြပါဦး ။
Source – Aye Aye Thein
Noe Noe May Ju Ju

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.