အောင်ဇမ္ဘူဘုန်းဘုန်းကြီးကို ဆိုင်မှာ ပင့်ဖိတ်ပြီး အလှူပေးခဲ့တဲ့ စိုးညီအစ်မတွေ

Posted on

 

နာမည်ကျော် မင်းသမီးတွေဖြစ်ကြတဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စိုးပြည့်သဇင်၊ စန္ဒီမြင့်လွင်တို့ ညီအစ်မလေးယောက်ကတော့ လတ်တလောမှာ ပိုးထည်ဆိုင်လေးတစ်ဆိုင်ကို အတူပူးပေါင်းတည်ထောင်ထားတာဖြစ်ပါတယ် ။ “မင်းသမီး” ပိုးထည်တိုက်လို့ အမည်ပေးထားတဲ့ ဒီဆိုင်လေးဟာ ဆက်ဆံရေးကောင်းပြီး ဖော်ရွေတာကြောင့် ခဏလေးအတွင်းမှာပဲ အောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။

စိုးညီအစ်မတွေကလည်း အမြဲလိုလို ဒီဆိုင်လေးမှာ စည်းစည်းလုံးလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ ဈေးရောင်းလေ့ရှိတာကြောင့် ပရိသတ်တွေစိတ်ဝင်စားကြတာပါ။ ဒီနေ့မှာတော့ စိုးညီအစ်မတွေ ရဲ့ ဝါဆိုသင်္ကန်းကပ်အလှူတော် ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

စိုးပြည့်သဇင် ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ “ဒီနေ့စိုးပြည့်တို့ညီမတွေ…ဆိုင်မှာ.အောင်ဇမ္ဘူဘုန်းဘုန်းကြီးကိုဝါဆိုသင်္ကန်းဆက်ကပ်ကြပါတယ်ရှင်..” ဆိုပြီး ရေးသားထားတာကိုတွေ့ရပါတယ်။ စိုးပြည့်အပါအဝင် စိုးညီအစ်မတွေ တက်ညီလက်ညီနဲ့ လှူဖွယ်ဝထ္တုတွေကို ကောင်းမွန်စွာ ပြင်ဆင်နေတဲ့ ပုံတွေကိုလည်း ပြန်လည်မျှဝေထားတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးလည်း စိုး ညီအစ်မတွေရဲ့ အလှူအတွက် မှတ်ချက်ကနေ သာဓုခေါ်ဆိုခဲ့ကြပါဦး ။

Source – Soe Pyae Tha Zin
Noe Noe May Ju Ju

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.